အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး

Celebrity

အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အီလွန်မက်စ်ရဲ့ Follower တွေကတော့ သူ့ကို တွစ်တာကုမ္ပဏီ အမှုဆောင်ချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြပါတယ်။ အီလွန်မက်စ်ဟာ Follower ၁၂၂ သန်းရှိတဲ့ သူ့ရဲ့တွစ်တာအကောင့်မှာ CEO ရာထူးကနေ နှုတ်ထွက်သင့်၊ မနှုတ်ထွက်သင့် ဆိုတာကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ရလဒ်ကို လိုက်နာသွားမယ်လို့ ရေးသားခဲ့ပါတယ်။

Elon Musk's Twitter Poll: Over 57% of Users Say He Should Step Down -  Variety

အဲဒီစစ်တမ်းကို မဲပေးသူ ၁၇.၅ သန်းကျော် ရှိခဲ့ပြီး ၅၇.၅ ရာခိုင်နှုန်းကတော့ သူ့ကို တွစ်တာကုမ္ပဏီ CEO ရာထူးကနေ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြတာပါ။ Tesla နဲ့ Space X ကုမ္ပဏီတွေကို ပိုင်ဆိုင်သူ အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဝေဖန်မှုတွေ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

မဲရလဒ် အဖြေပေါ်ခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်က မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။ သူဟာ အမှုဆောင်ချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့မယ်ဆိုရင်တောင် တွစ်တာကုမ္ပဏီပိုင်ရှင်အဖြစ်တော့ ဆက်ရှိနေမှာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။