အရိုးသန်မာစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အစားအစာတွေ

Health

အရိုးသန်မာစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အစားအစာတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရိုးသန်မာစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အစားအစာတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရိုးတွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားတာပါ။ အင်္ဂါအစိတ်အပိုင်းတွေကိုလည်း အတွင်းဒဏ်ရာတွေမဖြစ်အောင် ကာကွယ်ပေးရပါတယ်။ ဒါကြောင့် အရိုးသန်မာဖို့ အရမ်းအရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ကျစ်လျစ်သန်မာဖို့အတွက် ကြွက်သားပျော့ပြောင်းဖို့နဲ့ အရိုးသန်မာဖို့ လိုအပ်ပါတယ်။

အသက်ကြီးပိုင်းတွေဆို အရိုးသန်မာဖို့အတွက် ပိုပြီးဂရုစိုက်ရပါတယ်။ အသက်ကြီးလာတာနဲ့ အရိုးတွေပွလာတာကြောင့် အလွယ်တကူအရိုးကျိုးတာတွေဖြစ်လာနိုင်ပါတယ်။
အရိုးသန်မာစေဖို့အတွက် ကူညီပေးနေတဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် ဒီ နဲ့ ကယ်စီယမ်ဓာတ်တွေပါပဲ။ ကယ်စီယမ်ဓာတ်က သွားနဲ့အရိုးသန်မာဖို့အတွက် မရှိမဖြစ်အရေးပါတဲ့အပြင် ဗီတာမင်ဒီကတော့ ခန္ဓာကိုယ်မှာ ကယ်စီယမ်ဓာတ်ကို စုပ်ယူနိုင်ဖို့အတွက် ကူညီပေးပါတယ်။ အဲဒီဓာတ်တွေအပြင် ဗီတာမင် ကေ၊ ဗီတာမင်စီ၊ မဂ္ဂနီစီယမ်နဲ့ ဖော့စ်ဖရပ်စ် ဓာတ်တွေကလည်း အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ အခြားအာဟာရဓာတ် တွေဖြစ်ပါတယ်။ အရိုးသန်မာဖို့ဆိုရင် တစ်နေ့တာအစားအစာမှာ အဲဒီအာဟာရဓာတ်တွေ ပါဝင်အောင် စားပေးရမှာဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေကို စားရမလဲ၊ ရှောင်ရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ဆောင်ရန်

ပဲပိစပ်

ပရိုတင်းဓာတ်ရော ကယ်စီယမ်ဓာတ်ပါ ရနိုင်တဲ့ ပဲပိစပ်ကို အရိုးသန်မာစေဖို့အတွက် တစ်နေ့စားသုံးတဲ့အစားအစာမှာ ပါဝင်သင့်ပါတယ်။ ပဲပိစပ်နဲ့ ထုတ်ထားတဲ့ စားသောက်ကုန်တွေကို စားသုံးပေးတာကလည်း သွေးဆုံးတော့မယ့် အမျိုးသမီးတွေရဲ့ အရိုးတွေကို သန်မာလာအောင် ကူညီပေးနိုင်တယ်လို့ University of Missouri က သုတေသီတွေက ဆိုပါတယ်။

အရွက်များတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် တွေကိုလည်း အရိုးသန်မာစေဖို့အတွက် မဖြစ်မနေ စားပေးသင့်ပါတယ်။ ကိုက်လန်၊ ပန်းဂေါ်ဖီပွင့်စိမ်း၊ ဒေါက်ခွရွက်၊ ဟင်းနုနွယ်ရွက်တို့က သင့်အရိုး ကျန်းမာရေးအတွက်သာမက နာတာရှည်ရောဂါတွေ မဖြစ်အောင်လည်း ကူညီပေးနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

ဖရုံစေ့

ဖရုံစေ့က အရိုးသန်မာစေဖို့အတွက် ကူညီပေးနိုင်တဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့် အရိုးကို သန်မာကျစ်လျစ်လာစေပြီး အရိုးပွရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒီအစေ့က အရိုးကိုသန်မာစေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီအနှစ်တွေလည်း ပါဝင်ပါတယ်။

ငါးသေတ္တာငါး

ငါးသေတ္တာငါးကို စားပေးတာကလည်း အရိုးကို သန်မာစေပါတယ်။ အိန္ဒိယနိုင်ငံမှာဆို ဒီငါးကို တော်တော်လေးစားသုံးကြပါတယ်။ ဒီငါးက ကယ်စီယမ်၊ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် အရိုးကျစ်လျစ်စေနိုင်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။

ရှောင်ရန်-

ဆားများတဲ့အစားအစာ

ဆိုဒီယမ်ဓာတ်ပမာဏများတဲ့ အစားအစာတွေက သွေးဖိအားများစေပြီး သင့်အရိုးကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဆိုဒီယမ်က ခန္ဓာကိုယ်က ကယ်စီယမ်ဓာတ်ပမာဏကို ထိခိုက်စေနိုင်ပါတယ်။ သင့်အရိုးကျန်းမာစေဖို့အတွက် ဆားကို လျော့စားပေးသင့်ပါတယ်။

ကော်ဖီ

ကော်ဖီသောက်ပြီးသွားရင် အားအင်တွေပြည့်လာသလို ခံစားကောင်းခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီခံစားချက်က ခဏပါပဲ။ ပြီးရင် ပျောက်သွားတာပါပဲ။ နေ့တိုင်း ကော်ဖီ (၃၀၀) မီလီဂရမ်ထက်ပိုသောက်တဲ့လူတွေက အရိုးပွရောဂါကို ခံစားရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဖျော်ရည်

သကြားနဲ့ ဖော့စ်ဖရပ်စ်ဓာတ်တွေမြင့်မားတဲ့ အမြှုပ်ထတဲ့ဖျော်ရည်တွေက သင့်သွားနဲ့အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီဖျော်ရည်တွေကို တတ်နိုင်သလောက် ရှောင်တာအကောင်းဆုံးပါပဲ။ အသက်ကြီးပိုင်အမျိုးသမီးတွေမှာ အရိုးသိပ်သည်းမှုနည်းတာနဲ့ ဖျော်ရည်တွေက ဆက်စပ်မှုရှိတယ်ဆိုတာကို ၂၀၀၆ခုနှစ်က လေ့လာချက်တစ်ခုက ဆိုထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။