အောက်တန်းဖွား ၊အထက်တန်းဖွား

Astrology

အောက်တန်းဖွား ၊အထက်တန်းဖွား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အောက်တန်းဖွား ၊အထက်တန်းဖွား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အောက်တန်းဖွား ၊အထက်တန်းဖွား

ဒီကနေ့ ရင်သွေးမိဘတော်တော်များများသည် ဘင်္ဂဖွားအဖြစ် မိမိသားသမီးငယ်ကို ရွေးခြယ်ရမှာကို အလွန်အင်မတန်ကြောက်ရွံ့တတ်ကြလေ့ရှိပါတယ် ။

ဒါပေမယ့် လက်တွေ့ဇာတာများစွာမှာ အမည်ပေးအားကောင်းရင်ကောင်းသလောက် အိမ်ထောင်ရေးကံ နဲ့ ဘဝအောင်မြင်ရေးကံဇာတာတွေမှာ အားကောင်းသူတွေဟာ ဘင်္ဂဖွားတွေ အများဆုံး ပါ၀င်ကြတာကိုတော့ သိသူနဲပါးလှပါတယ် ။
ဒါကြောင့် ကိုယ့်ရင်သွေးသည် ဘင်္ဂဖွား ဖြစ်တိုင်း ညံ့ပြီလို့ မမှတ်လိုက်ပါနဲ့ ။ အမည်ပေးမှားခဲ့ရင်သာ ဘင်္ဂဖွားတို့သည် အားနဲနိမ့်ကျတတ်တာပါ ။

ထို့အတူ အထက်နေ့နံဖွားဖြစ်သည့် အထွန်းဖွား၊သိုက်ဖွား ၊ ရာဇဖွား ၊ အဓိပတိဖွား ဇာတာရှင်ကလေးငယ်များပင်ဖြစ်လင့်ကစား အမည်ပေးရာမှာ အားနဲနိမ့်ကျခဲ့ရင်လည်း ကောင်းသောအခြေခံကံဇာတာဖွားမျိုး ဖြစ်လင့်ကစား အကျိုးပေးမည့်ကံသည် အဟောသိကံ ဖြစ်သွားတတ်ပြီးလက်တွေ့လူ့ဘ၀နယ်ပယ်မှာ ဖွားဇာတာအထက်တန်းကျပါလျက် အဆင်မပြေကြသူတွေကို ဒုနဲ့ဒေး ဆိုသလို တွေ့ရမှာဖြစ်ပါတယ် ။

ဗေဒင်ပညာကို မျက်ကန်းယုံကြည်ခြင်းထက် လက်တွေ့လူ့ဘ၀နယ်ပယ်မှာ ချိန်ထိုးလေ့လာကြည့်ပြီးမှ သဘာ၀ကျကျ လက်ခံယုံကြည်ခြင်းသည်သာ အမှန်ကို ရောက်နိုင်ပါလိမ့်မယ် ။

ဥပမာအားဖြင့် ဒီနှစ်(၁၃၈၄)ခုနှစ်မှာ မွေးဖွားလာသည့် ကြာသပတေးဖွား ဘင်္ဂဖွား ရင်သွေးငယ်တစ်ယောက်ကို အမည်ပေးမှန်ကန်ခဲ့မယ်ဆိုရင် ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ဒိတ်ဒိတ်ကျဲ ကျောင်းတွေ ၊ သင်တန်းတွေ ၊ လိုင်းကောင်းတဲ့ ပညာရေးနယ်ပယ်တွေကို မုချရောက်ရှိသွားနိုင်သလို ၊ အိမ်ထောင်ရေးကံဇာတာဘက်ကို အကျိုးကျေးဇူးရရှိစေနိုင်အောင်လည်း ကံလမ်းကြောင်း ညွှန်ပေးလို့ရနိုင်ပါတယ် ။

အဲ..ရာဇဖွား ရင်သွေးငယ်များလို အင်မတန်အင်အားကောင်းသည့် ကလေးငယ်မျိုးဖြစ်လင့်ကစား အမည်ပေးမှားယွင်းခဲ့မယ်ဆိုရင် နဂိုကတည်းက ယိုင်နဲ့နဲ့သာ ပါလာခဲ့တဲ့ အိမ်ထောင်ရေးကံသည် အမည်ကြောင့် နှစ်ဆခန့် ပိုမိုဆိုးအားသက်ရောက်လာစေပြီး ဘဝအောင်မြင်ရေးကံကောင်းသော်လည်း အိမ်ထောင်ရေးသုခကင်းမဲ့သည့် ကံဖြင့် တစ်ဘ၀လုံး ဖြတ်သန်းရစေတတ်ပါတယ် ။

ထို့နည်းတူစွာပဲ ဒီနှစ်ဖွားမြင်သည့် တနင်္လာအဓိပတိဖွား ရင်သွေးငယ်တွေကို အမည်ပေးမှည့်ခေါ်ရာမှာလည်း အလွန်အင်မတန် မှကို တနင်္ဂနွေဂြိုဟ်ကို ဆိုးအားမပိုလာစေရန် ထိမ်းပြီး အမည်ပေး မှည့်ခေါ်ရပါတယ် ။ ဘ၀မှာ မင်းပြစ်မင်းဒဏ်ကို လွတ်ကင်းနိုင်စေရေးအတွက် ယင်းအချက်ဟာ တနင်္လာအဓိပတိဖွား ဇာတာရှင်တွေမှာ အင်မတန်အရေးကြီးလှတဲ့ အချက်ပါ။

အနှစ်ချုပ်ပြောချင်တာကတော့….မရဏဖွားနဲ့ အထွန်းဖွား ဇာတာရှင်ကလေးငယ်တွေကလွဲရင် ကျန်သော ဖွားဇာတာရှင် ရင်သွေးငယ် ငါးမျိုးးလုံးသည် အမည်ပေးခြင်းနဲ့ အကောင်းအဆိုး တွေကို မုချ ထိမ်းနိုင်ပါတယ် ။ မရဏဖွားနဲ့ အထွန်းဖွား ဇာတာရှင်ကလေးငယ်တွေကတော့ မှည့်သည့်အမည်မှန်သမျှ အကောင်းအဆိုး အင်အား လွန်ဆွဲနေမယ့် ဇာတာရှင်ကလေးငယ်တွေပါပဲ ။ အလွန်အကျူးဆိုးအားမများအောင်သာ သူတို့ကို သင့်တင့်မယ့် အမည်တစ်ခုခု ချိန်ဆပေးနိုင်ခွင့်ရှိပါတယ် ။

သို့သော်လည်း ထိုမရဏဖွား အထွန်းဖွား ဇာတာရှင်ကလေးငယ်တွေမှာပင်လျင် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်း ဖြစ်လာကြသူတွေ မနဲလှပါ။ ဥပမာအားဖြင့် ကုလသမဂ္ဂ ၀န်ကြီးချုပ် ဦးသန့် ၊ မင်းတုန်းမင်းတရားကြီး ၊ ကနောင်မင်းသားကြီး ၊ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးစသည်ဖြင့်..အကျော်ဇေယျ ပုဂ္ဂိုလ်ကြီးတွေဟာ လူတော်တော်များများက မလိုချင်မနှစ်သက်ကြတတ်သော မရဏဖွား ဇာတာရှင်တွေပါပဲ။

ရေးသားသူ – သာ ထက် ဇော်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။