သိုက်ဖွားဟောကိန်း

Astrology
သိုက်ဖွားဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သိုက်ဖွားဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သိုက်ဖွားဟောကိန်း

စိတ်ကူးတွေနဲ့ ဖန်တီးလို့မရ၊ အမြဲတမ်းလက်တွေ့ကျကျပဲအဆင်ပြေမည်။ စိတ်ကူးစိတ်သန်းတွေနဲ့ ရေရှည်ရည်မှန်းပြီးလုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကိုလက်တွေကျကျ အကောင်အထည်ဖော်နိုင်မှရမည်။

အလုပ်ကိုလဲ အပင်ပန်းခံပြီးလုပ်ရမဲ့ ဇာတာပေါ့။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့အလုပ်ကို ကိုယ်က သုံးနှစ်လောက်ကြိုးစားရမည်။ အလုပ်နှင့် လက်နဲ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲငွေပြတ်နေတယ်။ မိမိကစည်းကမ်းရှိသည်။ ငွေကိုစနစ်တကျသုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေးကြောင့် ငွေသုံးရတတ်သည်။

မိမိကိုယ်တိုင်ကလဲ အလုပ်မရှိရင်မနေတတ်။ တစ်ခုခုအမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ်အကျိုးမခံစားရတတ်ပေ။ အလုပ်ကံညံ့သည်။ နှစ်ပေါင်းများစွာလုပ်ပြီး ရာထူးမတိုးတာ လစာမတိုးတာမျိုးကြုံရတတ်တယ်။ ဘယ်လောက်လုပ်လုပ်အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာဝန်ထမ်း လုပ်နေရမည်။ အိတ်စိုက်လုပ်ရမည်။ တာဝန်ကျေပွန်အောင်လုပ်ပေးပေမဲ့ နောက်ကွယ်မှာအပြစ်ပြောခြင်းခံရမည်၊

မိမိကစိတ်ကောင်းရှိသည်။ သည်းခံစိတ်ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ်ရှိတယ်။ မိမိက ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာခဏဖြစ်တတ်သည်။

မိမိသည် အပေါင်းအသင်းများသည်။ ဒါပေမဲ့ ရေရှည်လက်မတွဲတတ်။ အပေါင်းအသင်းသစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့အဖွားတွေပါပဲ။ အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။

မိမိသည် လူအပင်ပန်းခံနိုင်ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။ ဒါပေမဲ့ကံကလဲ စိတ်ပင်ပန်းအမြဲခံရမည်။ တစ်ယောက်ထဲဆို အားငယ်နေတတ်သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်သည်။ အလုပ်တစ်ခု ကိုယ်လဲမိမိဆုံးဖြတ်ချက်ဖြင့်မဆုံးဖြတ်နိုင်ပါ။အမြဲသူများဆီက အကြံဉာဏ်တောင်းနေရတတ်သည်။

မိမိက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။ မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံလွယ်တတ်တဲ့ အတွက်အလိမ်ခံရတတ်တယ်။မိမိကစိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုမပြီးသေးခင်နောက်အသစ်တစ်ခုလုပ်တတ် တယ်။ မိမိကကံကိုယ်ယုံကြည်သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့
ခံယူထားသည်။ စိတ်ရှည်ပြီး မည်သည့်အလုပ်ကိုယ်မဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများအထင်ကြီး အောင်လဲနေတတ်ကြသည်။

နှုတ်မှုရေးရာ ၊ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ်မရင်းနှီးတဲ့သူဆို မိမိက စကားနည်းတဲ့သူလိုထင်ရပေမဲ့ မိမိကအရမ်းရင်းနှီးရင်တော့ စကားကိုကရားရေလွှတ်ပြောတတ်သူပါ။ စကားကိုအတုံးအလိုက်ပြောတတ်သည်။ ချီးကျူးစရာရှိလျှင် အလွန်အကျူး ချီးကျူးတတ်သလို အပြစ်တွေ့ရင်လဲ အာမနားတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်ဘွင်ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။

မိမိသည် စိတ်ကူးအလွန်ယဉ်သည်။ စိတ်ကူးနဲ့ လေထဲတိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူးထားတာ ဖြစ်မလာရင်လဲ လွန်စွာ စိတ်ဓာတ်ကျတတ်သည်။ မိမိကထိုသို့ စိတ်ကူးနဲ့လုပ်မရပါ။ လက်တွေ့လုပ်ပါ။ အလုပ်ထဲကမှ ဘဝအတွက်အဆီအနှစ်တွေထုတ်ယူပါ။ လက်တွေဘဝကနေ အောင်မြင်မှုရှာပါ။

ရေးသားသူ –ဆရာမဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။