ကမ္ဘာ့ ရွှေဈေးတက်လာပေမဲ့ ဒေါ်လာဈေးငြိမ်နေလို့ ပြည်တွင်းရွှေဈေး တည်ငြိမ်နေ

Local News

ကမ္ဘာ့ ရွှေဈေးတက်လာပေမဲ့ ဒေါ်လာဈေးငြိမ်နေလို့ ပြည်တွင်းရွှေဈေး တည်ငြိမ်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ ရွှေဈေးတက်လာပေမဲ့ ဒေါ်လာဈေးငြိမ်နေလို့ ပြည်တွင်းရွှေဈေး တည်ငြိမ်နေဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးကို သက်ရောက်မှုဖြစ်စေတဲ့ ကမ္ဘာ့ ရွှေဈေး မြင့်တက်လာပေမဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တည်ငြိမ်နေတာမို့ ပြည်တွင်းရွှေဈေးမြင့်တက်လာခြင်းမရှိဘဲ တစ်ကျပ်သားကို၂၆ သိန်း ၈ သောင်းဝန်းကျင်မှာပဲ ရှိနေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။
“ဒီအချိန်က ပွင့်လင်းရာသီဆိုတော့ ရွှေတွင်းတွေကလည်း ရွှေထွက်နေတယ်။ အရောင်းအဝယ်ကလည်း ဖြစ်တဲ့အချိန်ဆိုတော့ ဝယ်လိုအား ရောင်းလိုအားမျှပြီး ရွှေဈေးတက်တာ မရှိပါဘူ။ မနေ့က ကမ္ဘာ့ ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၁၀ ကျော်အထိ တက်သွားတဲ့အချိန်မှာ မြန်မာ့ရွှေဈေး ၂,၆၉၀,၀၀၀ ကျော် ခဏဖြစ်သွားပေမဲ့ ညနေမှာ ပြန်ကျသွားတယ် ” လို့ ရွှေကုန်သည်တစ်ဦးက ဆိုပါတယ်။


ပြည်တွင်းရွှေဈေးကို ကမ္ဘာ့ရွှေဈေး၊ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျတွေက အဓိက သက်ရောက်မှုရှိပြီး ကောလာဟလတွေ ထွက်ချိန်မှာ အတက်ကြမ်း၊ အကျကြမ်းဖြစ်တတ်တယ်လို့ ရွှေလုပ်ငန်းကျွမ်းကျင်သူတွေက ဆိုပါတယ်။
ပြည်တွင်းမှာပုံမှန်အားဖြင့် သြဂုတ်၊ စက်တင်ဘာလတွေမှာ မိုးတွင်းဖြစ်လို့ ရွှေအထွက်နည်းပြီး ၊ ပို့ကုန်သမားတွေက ရွှေထုတ်ရောင်းတဲ့အချိန်ဖြစ်လို့ ရွှေဈေးတက်လေ့ရှိတယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။