ပြာသိုလ အတွက် အကောင်းဆုံးယတြာ

Astrology
ပြာသိုလ အတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြာသိုလ အတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြာသိုလဆန်း(၁)ရက်နေ့(22.12.2022) မှ ပြာသိုလကွယ်နေ့(20.1.2023)တစ်လတာလုံး

“ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် ကွမ်းရွက်
အသန့်တစ်ရွက်ကို ဖြန့်ခင်းပေးပါ။ထိုကွမ်းရွက်
ပေါ်တွင် လစ်ပိုပုလင်းအသစ် တစ်လုံးတင်ပါ။
ဖယောင်းတိုင် တစ်တိုင်ပေါ်တွင် ဆော့ပင်အပြာ
ဖြင့် ဧဟိလာဘံ ဟူသောစာသားကို အောက်မှ
အပေါ်သို့ ဆန်တက်၍ သေချာရေးပေးရပါမည်။
ထိုဖယောင်းတိုင်အား လစ်ပိုပုလင်း၏ အဖုံးပေါ်
ခိုင်မြဲနေအောင် စိုက်၍ထွန်းညှိပေးလိုက်ပါ။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့
တင်ထား၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ
လှူဒါန်းပေး‌ထားရပါမည်။
ယခုလတစ်လတာတွင် နွားနို့တစ်ခွက် ကိုနေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။
*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်
ပြာသိုလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်များ

◾️တနင်္ဂနွေနေ့=အ‌ရှေ့အရပ်
◾️တနင်္လာနေ့=မြောက်အရပ်
◾️အင်္ဂါနေ့=အရှေ့တောင်အရပ်
◾️ဗုဒ္ဓဟူးနေ့=အ‌နောက်တောင်အရပ်
◾️ကြာသပတေးနေ့=တောင်အရပ်
◾️သောကြာနေ့=အနောက်အရပ်
◾️စနေနေ့=အနောက်မြောက်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုပြာသိုလတစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက်များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဖြင့်အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို ၂ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုပြာသိုလအတွင်း ကံကောင်းခြင်းများစွာ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

ကွမ်းရွက် ညှိုးနွမ်းမလာခဲ့မှီ အသစ်တစ်ဖန်
ပြန်၍လဲလှယ်ကာ ယတြာကို ရိုသေစွာဖြင့်
လုပ်ဆောင်ပေးကြပါ။

နွားနို့ ဝယ်ဖို့ရန် လုံးဝ မလွယ်ကူမှသာ နို့မှုန့်ကို
ရေ‌နွေးဖြင့်သေချာဖျော်၍ ကပ်လှူပေးကြပါ။

ဤယတြာကို ယခုပြာသိုလ တစ်လတာလုံး၌
မည်သည့်နေ့ရက်၊အချိန်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ပြာသိုလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ – ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။