သီတင်းကျွတ်လ မွေးဖွားသူများ

Astrology
သီတင်းကျွတ်လ မွေးဖွားသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သီတင်းကျွတ်လ မွေးဖွားသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သီတင်းကျွတ်လအတွင်း မွေးဖွားသူများသည် စိတ်ခံစားမှုကို အထူး ဦးစားပေးသူများ ဖြစ်တတ်ကြမယ်။ တစ်ခုမဟုတ် တစ်ခု ညှို့ဓါတ် အားကောင်းတတ်ကြတယ်။ ဘေးလူတွေက ချစ်ခင် ကြည်ညိုကြမယ်။ ခင်မင်မှုနှင့် ချစ်မေတ္တာ သံယောဇဉ်ကို အလေးအနက်ထားမယ်။ အလွန်သိမ်မွေ့သော နှလုံးသားပိုင်ရှင်များ ဖြစ်ကြပြီး ဒေါသဖြစ်ပါကလဲ ဘာမျှမမြင်တတ်ကြတော့ချေ။ ငွေ အသုံးကြမ်းသူများလည်း ဖြစ်တတ်ကြတယ်။

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

သီတင်းကျွတ်လ မွေးဖွားသူတို့သည် စိတ်နုတတ်တယ်။ စိတ်ထိခိုက် လွယ်တယ်။ အပြင်ပန်း ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော်လည်း စိတ်ထဲက ထိခိုက် ခံစားရတာ စိတ်ကောက်မိတာမျိုး မသိမသာ ဖြစ်တတ်တယ်။ ၎င်းစရိုက်ကိုလည်း လူမသိအောင် ဖုံးကွယ်ထားလိုတတ်တယ်။ ထို့အပြင် အယုံလွယ်တတ်မယ်။ အပျော်အပါးတွင် ဝါသနာထုံကြီးမယ်။ မည်သည့်ကိစ္စမဆို အစွဲအလမ်း ကြီးမားတတ်ကြတယ်။ အိမ်ထောင် ပြုပြီးသောအခါတွင်လည်း ကိုယ့်အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာ အလိုလိုက်တတ်ကြတယ်။ ရိုးရိုးအေးအေး နေထိုင်ကာ မိမိကို ပါရမီဖြည့်ပေးသော အိမ်ထောင်ဖက်နှင့် အိမ်ထောင်ပြုရတတ်ပါတယ်။ အိမ်ထောင်ဖက်၏ ကံကြောင့် ကြီးပွားချမ်းသာတတ်ပါတယ်။ အိမ်ထောင်ရေး သုခကို ရရှိတတ်ကြမယ်။

ကျန်းမာရေးနှင့် ပတ်သက်၍ ခါးနေရာတစ်ဝိုက် အလွန်ပျော့တယ်။ အမြဲတမ်း ခါးနှင့်ပတ်သက်၍ ဂရုစိုက်ရမယ်။ ခါးကိုက် ခါးနာ ခါးညောင်းဝေဒနာများ မကြာခဏ ဖြစ်တတ်တယ်။ အစာအိမ် အူလမ်းကြောင်းနှင့် ပတ်သက်၍ အစာမကြေခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း ဘဖစ်တတ်၍ အစားအသောက် အမြဲသတိရှိပါ။ ဝမ်းကို ဂရုစိုက်ပါ။ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းကိုက်တို့ ဘဖစ်တတ်ပြီး လည်ချောင်း၊ နှာစေး၊ အာသီးရောင်ခြင်းတို့လည်း ဖြစ်တတ်၍ အအေး မခံသင့် လေအေးစက် သိပ်မသုံးသင့်ပါ။ အထူးသဖြင့် အမျိုးသမီးများအတွက် ကျမ်းမာရေး ရင်သားတွင် အနာဖြစ်တတ်တယ်။ မြေပြို၊ တွင်းပြို၊ တောင်ပြို အန္တရာယ်များကို သတိထားသင့်ပါတယ်။

သီတင်းကျွတ်လ မွေးဖွားသူတို့သည် ဘာသာရေး ပါရမီ စွမ်းအားကြီးရုံသာမက အနာရဂါတ်တွင် ဖြစ်ပျက်စရာတို့ကို ကြိုတင်သိမြင်နိုင်စွမ်း ထက်မြက်နေတယ်။ အိပ်မက်ထူး၊ နိမိတ်ထူးများ ပေးတတ်သဖြင့် ယုံကြည်ရာ ဂါထာမန္တန်တို့ကိုသာ ရွတ်ဆိုပွားများနေသင့်ပါတယ်။ သီတင်းကျွတ်လ မွေးဖွားသူတို့သည် ဘဝကို တည်ငြိမ်အေးချမ်းစွာနှင့် အောင်မြင်မှုရအောင် အမြဲတမ်း ကြိုးစားနေတတ် ကြံစည်နေတတ်ကြတယ်။ မျှော်မှန်းချက် ကြီးမားတတ်ကြမယ်။ စိတ်ကူးယဉ် နေတတ်ကြသဖြင့် လက်တွေ့ အကောင်အထည် မဖော်မိဘဲ လေထဲတွင် တိုက်အိမ်ဆောက်သလို ဖြစ်တတ်ကြတယ်။ ဘာသာရေး ခေါင်းဆောင်များလည်း ဖြစ်တတ်ကြတယ်။ လူအများပေါ်တွင် နည်းအမျိုးမျိုးနှင့် ဆွဲဆောင်နိုင်စွမ်း ရှိတတ်ကြမယ်။ အနုပညာတွင် အထူးပါရမီ ရင့်သန်တတ်တယ်။ တည်ကြည် ဖြောင့်မတ်မယ်။ ငွေကြေးမျက်နှာကို လုံးဝမကြည့်။ လက်ရှိ အနေအထားလေးအပေါ်တွင် ကျေနပ်နေတတ်တယ်။ မည်သည့် အလုပ်မဆို ပြုလုပ်ရာတွင် အစပိုင်း၌ အလွန် ခက်နေတတ်တယ်။ မည်သည့် ကိစ္စမဆို ခေတ္တမြင်ရုံ၊ လေ့လာရုံဖြင့် သိလွယ်တတ်လွယ်မယ်။ ကွက်ကျော်မြင်တတ်တယ်။ အနီးစပ်ဆုံး အနေအထားအထိ အဆုံးသတ်အဖြေကို သုံးသပ်နိုင်ခြင်း၊ အလုပ်လုပ်ရာတွင် အစ၊ အလယ်၊ အဆုံး အနေအထားတို့ကို သုံးသပ် ကိုင်တွယ် လုပ်ဆောင်မှုအလွန် ထက်မြက်ခြင်းတို့ကြောင့် အောင်မြင်မှု အထွဋ်အထိပ်ကို ရရှိတတ်ကြမယ်။

သီတင်းကျွတ်လ မွေးဖွားသူတို့သည် စေတနာ၏ တူသောအကျိုးပေးခြင်းကို မကြာခဏ မျက်ဝါးထင်ထင် တွေ့ကြုံရတတ်မယ်။ ကောင်းတာလုပ်လျှင် ကောင်းတာ အကျိုးပေးတတ်သည်ဟူသော စကားကို အမြဲနှလုံးသွင်းသင့်ပါတယ်။ အခက်အခဲကြုံတိုင်း ကူညီမည့်သူများ ပေါ်လာတတ်တယ်။ဘဝတွင် တရာရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ ကုန်သည်လုပ်ငန်း၊ နိုင်ငံရပ်ခြားနှင့်ဆက်စပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးလုပ်ငန်း တို့ဖြင့် ကောင်းကျိုးပေးမယ်။

♥မ .. မ♥: 2019

သီတင်းကျွတ်လ မွေးဖွားသူတို့သည် ဘဝကို မှန်သည်ထင်သည့်ဘက်က နောက်မဆုတ်တမ်း လုပ်တတ်တယ်။ တက်ကြွနိုးကြားစွာ လုပ်တတ်ပြီး မျှတစွာ တွေးခေါ်မှုလည်း ရှိမယ်။ နှုတ်မူရေးရာ ထက်မြက်မယ်။ စေတနာကောင်း ရှိသော်လည်း တဇွတ်ထိုး လုပ်တတ်တယ်။ ကိုယ့်ယုံကြည်မှု ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာက ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်မယ်။ သီးသန့်နေလိုစိတ် ပြင်းထန်တယ်။ ပတ်ဝန်းကျင်ကို ခင်မင်တတ်မယ်။ ခင်ရာဆွေမျိုးဟု သဘောထားတယ်။ တည်ကြည်ဖြောင့်မတ်မယ်။ အမွေအနှစ် ကိစ္စတို့တွင် ပြဿနာ ကြုံရတတ်တယ်။ ရတနာသုံးပါးနှင့် မိဘ၊ ဆရာတို့အား ရိုသေကိုင်းရှိုင်းသော်လည်း မိစ္ဆာအယူကိုပါ ယူမိတတ်တယ်။ သတိရှိပါ။ ဘဝတွင် မည်သို့သော အခက်အခဲ ကြုံသည်ဖြစ်စေ ကောင်းမွန် သန့်စင်စွာ အသက်မွေးဝမ်းကျောင်း ပြုရတတ်ပြီး မင်းစိုးရာဇာ ချီးမြှောက်ခံရတတ်တယ်။ စိတ်အပြောင်းအလဲ မြန်သဖြင့် အလုပ် အပြောင်းအလဲလဲ များတတ်တယ်။

မွေးဖွားရာဒေသမှ ဝေးရာသို့ ထွက်ခွာကြိုးစားလေ အောင်မြင်လေဖြစ်တတ်တယ်။ သီတင်းကျွတ်လ မွေးဖွားသူတို့သည် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားပြီး ဘဝကို အထွဋ်အထိပ် ရောက်သွားတတ်ကြမယ်။ အစပိုင်းတွင် ခက်ခဲပြီးမှ အလွန်အောင်မြင်သွားတတ်တယ်။ ဘဝတွင် အစွဲအလန်းကြီးသော စိတ်ကို အားမာန်အဖြစ် ပြောင်းလဲသုံးစွဲပါ။ တစ်နပ်စားဉာဏ်ဖြင့် ကြံခြင်းမရှိပါ။ အလွန်စရိုက်ကောင်းတယ်။ ဦးစီးဦးဆောင်နေရာတွင် အမြဲတမ်း နေရာပေးခြင်း ခံရတတ်တယ်။ မှန်ကန်ခြင်း တိကျခြင်း တည်ကြည်ခြင်း ကြိုတင်ခန့်မှန်းမှုတွင် ကျွမ်းကျင်ခြင်း စွမ်းရည်တို့နှင့် ပြည့်စုံတယ်။ အထူးသဖြင့် နှင်းဆီပန်းပွင့် လှလှပိုစတာပုံများ အလုပ်ခန်း အိမ်ခန်းတွင် ချိတ်ဆွဲထားခြင်းဖြင့် လာဘ် အလွန်ရွှင်တတ်တယ်။

(၇)ရက် သားသမီများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။