ကျောက်သင်ပုန်းပင် ရဲ့ဆေးဖက်ဝင် အာနိသင်

Health Knowledge
ကျောက်သင်ပုန်းပင် ရဲ့ဆေးဖက်ဝင် အာနိသင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်သင်ပုန်းပင် ရဲ့ဆေးဖက်ဝင် အာနိသင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်သင်ပုန်းပင် ရဲ့ဆေးဖက်ဝင် အာနိသင်

နိုင်ငံတကာစျေးကွက်မှာစားသောက်ကုန်အနေနဲ့ ဆေးပင်အနေနဲ့ တွေ့ရနိုင်ရပါတယ်

Herbal tea အနေနဲ့ အသုံးပြုများလေ့ရှိတဲ့

ကျောက်သင်ပုန်းပင်ရဲ့ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုအရ

ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

Peperomin E က ကင်ဆာဆဲလ်တွေကြီးထွားမှုကို

ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

ကျောက်သင်ပုန်းရွက်မှာပါတဲ့ patuloside A လို့ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးပါသည်။

သွေးတွင်းအဆီကျစေသည်

ပြုတ်ရည်သည် ဟသွေးတွင်းအဆီကျအာနိသင်ကြောင့်သွေးတွင်းအဆီမြင့်တာကြောင့်ဖြစ်လေ့ရှိတဲ့ နှလုံးရောဂါ လေဖြတ်လေငန်းတို့ကို ကာကွယ်နိုင်သည်

အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်

လေးဖက်နာ ဂေါက်ရောဂါ အဆစ်အမြစ်ရောင်သူတွေ ကျောက်သင်ပုန်းရွက်ကို ကျိုသောက်ပေးမယ်ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနီးပါး သက်သာစေတာကိုတွေ့ရမှာပါ။ ဒူးနာသူတွေအတွက်လည်း သင့်တော်ပါတယ်။

သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ်

ကျောက်သင်ပုန်းရွက်မှာပါတဲ့allopurinol က သွေးတွင်း ယူရစ်အက်ဆစ်ပမာဏကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဂေါက်ရောဂါ ဆီးနှင့် ကြောကျကပျရောဂါ ကဲ့သို့သွေးတွင်းယူရစ်အက်ဆစ်ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်သည်

စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်

ကျောက်သင်ပုန်းရွက်လေးက စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးဖြစ်သည်

ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတာကြောင့် ကျန်းမာရေးအတွက်များစွာအကျိုးပြုပါသည်

အရွက်ကိုကျိုသောက်ပါက ဖျားခြင်းအအေးမိ ခြင်း

ချောင်းဆိုးခြင်း လေထိုးလေအောင့်ခြင်း အစာအိမ်နာခြင်းကိုသက်သာစေသည်

ခေါင်းကိုက် လည်ချောင်းနာပါက အရွက်ကိုအစိမ်းအတိုင်း စားသုံးပေးပါ

လိပ်ခေါင်းဖြစ်ပါက တပင်လုံးကို ဖျော်ရည် သို့ ပြုတ်ရည် ပြုလုပ်ကာသောက်သုံးပေးပါ

သုပ်စားကြော်စားပါက အဆစ်ရောင်နာပျောက်စေပါသည်စူးရှရှအရသာက အစာစားချင်စိတ်ကိုဖြစ်ပေါ်စေရုံသာမက အစာကြေလွယ်စေပါသည်

ရင်သားအကြိတ် ဝက်ခြံ အကြိတ်အဖုတွေအုံပေးပါကသက်သာစေသည်အနာများတွင်ဖန်ဆေးရည်အဖြစ်လည်းအသုံးပြုနိုင်သည်

ပန်းသေပန်းညှိုး ကျောက်ကပ်ရောဂါ ဝက်သက်ရောဂါရေကျောက်ရောဂါသွေးတိုးရောဂါများသက်သာစေသည်

ထိုင်း ဗီယက်နမ် ဖိလစ်ပိုင်မှာတော့ ဟင်းချက်ရာမှာသုံးသလို အသုပ်တွေမှာထည့်လေ့ရှိပါတယ်

ကျောက်သင်ပုန်း ရွက်လေးကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲ ထည့်ကျိုလို့ သောက်ပေးရုံနဲ့ ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစေသော်လည်းကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ ကျောက်သင်ပုန်းရွက်နဲ့ ဓာတ်မတည့်သူများ မစားသင့်ပါ။ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အသင့်အတင့်သုံးစားပါက အဆင်ပြေပေမယ့် ပမာဏလွန်ကဲပါက ဆိုးကျိုးရှိလာနိုင်ပါသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။