နတ် ၊ သိကြား၊ ဝိဇ္ဇာ တွေက စောင့်ရှောက်တယ်ဆိုတာ

Astrology
နတ် ၊ သိကြား၊ ဝိဇ္ဇာ တွေက စောင့်ရှောက်တယ်ဆိုတာ

၁။ ငါးပါး သီလ လုံခြုံတဲ့သူ ၊ မိဘကို ပြုစုလုပ်ကျွေးတဲ့သူတွေကို စောင့်ရှောက်ပါတယ်။

၂။ကျေးဇူးရှိခဲ့ဘူးသူ တွေကိုဆိုင်ရာနတ်တွေက အပြန်အလှန်သဘော အနေနဲ့စောင့်ရှောက်တယ်။

၃။၎င်းတို့နှင့် ပဋ္ဌာန်းဆက် ဘဝဆက် ရှိခဲ့ဘူးသူတွေကို စောင့်ရှောက်တယ် ။

၄။သာသနာအကျိုး ဘာသာအကျိုး ထမ်းရွက်သူတွေ၊ ဘာသာရေး အမှန်တကယ်လုပ်တဲ့သူတွေကို သိကြားမင်းနဲ့ သူ့အပေါင်းအပါ သာသနာစောင့် နတ်တွေက စောင့်ရှောက်တယ် ။တာဝတိံသာ က မာဃသိကြားလို့ခေါ်တဲ့ သိကြားမင်းက စောင့်ရှောက်တာပါ ။ဒီလို စောင့်ရှောက်ရတာလည်း ဘုရားရှင်ကို သူက စောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့လို့ပဲဖြစ်ပါတယ်။

၅။ဝိဇ္ဇာတွေကတော့ သူတို့နဲ့ တပြည့်တော်စပ်ခဲ့ဘူးသူ ပဋ္ဌာန်းဆက်ရှိခဲ့ဘူးသူတွေကို စောင့်ရှောက်ပါတယ်၊ အထက်ဝိဇ္ဇာတွေက တာဝန်ပေးအပ်ခြင်းခံရလို့စောင့်ရှောက်တာဖြစ်သလို ဝိဇ္ဇာ အကျင့်ကို အမှန်တကယ် ဝိရိယစိုက်ထုတ်ပြီး ကျင့်ကြံနေသူတွေလို့လည်း အဓိပ္ပါယ် ရပါတယ်။ လူလူချင်း စာနာထောက်ထားပြီး ပေးကမ်းစွန့်ကြဲသူတွေကိုလည်း စောင့်ရှောက်ပါတယ်။

ဆင်းရဲချို့တဲ့သူတွေကို ပေးကမ်းလှုတန်းခြင်း ၊ မကျန်းမာတဲ့သူတွေကို ထောက်ပံ့
ပေးခြင်း အစရှိတဲ့သူတွေကိုလည်း နတ်တွေက ချစ်ခင် စောင့်ရှောက်ပါတယ်။
ဒီနေရာမှာ အနည်းငယ် ပြောစရာရှိတာက အထက်ပါကဲ့သို့သောအပြုအမူတွေရှိပါလျက် အသား တအားစားတဲ့သူတွေကိုတော့ နတ်တွေက အနားမကပ်နိုင်လို့ ယူဇနာ တရာ အကွာကနေစောင့်ရှောက်ပါတယ်လို့ ဆိုပါတယ် ။

(တစ်ယူဇနာကို ယခုခေတ်အတိုင်းအတာအရဆိုလျှင် ၁၃ မိုင်ခွဲခန့် အကွာအဝေးရှိတယ်လို့ဆိုပါတယ်။)

ဖားအောက်တောရ_ဆရာတော်ဘုရားရဲ့_တရားတော်များမှကောက်နှုတ်_တင်ပြသည်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။