၂၀၂၃ ခုနှစ်အတွက် တရုတ် (၁၂) ရာသီခွင်ဗေဒင်

Astrology

၂၀၂၃ ခုနှစ်အတွက် တရုတ် (၁၂) ရာသီခွင်ဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ်အတွက် တရုတ် (၁၂) ရာသီခွင်ဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


၂၀၂၃ မှာ ကံဆိုးခြင်းကင်း၍ ကံကောင်းခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေ။ မိသားစုများဖြင့် ရှင်ကွဲကွဲခြင်း သေကွဲကွဲခြင်းများ ကင်းဝေး၍ စည်းစည်းလုံးလုံး နေထိုင်နိုင်ကြပါစေ

ကြွက်နှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ ကြွက်နှစ်ဖွားများသည် ရှုပ်ထွေးသော ကံကြမ္မာအပြောင်းအလဲပေါ်မှာ မူတည်ပြီး အပြောင်းအလဲများစွာ ဖြစ်တတ်ပါသည်။ ကောင်းခြင်းဆိုးခြင်းဆိုတာထက် ဖြစ်သင့်တာဖြစ်ခြင်းမို့ စိတ်ထဲတွင် သိပ်စိတ်ပူစရာမရှိပါဘူး။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ အတိုက်အခံ၊ အခက်အခဲများကို ကျော်လွှားပြီး မူလအနေအထားထက် ပိုမိုမြင့်မားသော ပညာ အဆင့်မြင့်အောင်မြင်တိုးတက်မှုများ ဖြစ်ပွားမည်။ ငွေမမြဲ၊ ကုန်ကျစရိတ် အလွန်များမည်။ မူလတစ်ကြိမ်တစ်ခါမှ ဆောင်ရွက်လေ့မရှိသော ကိစ္စများ လုပ်ကိုင်ရလိမ့်မည်။ အတတ်ပညာနှင့် ပတ်သက်သော တိုးတက်မှု ဘဝရည်ရွယ်ချက် အောင်မြင်မှုများ အရှိန်အဟုန်မြင့်စွာ ဖြစ်ထွန်းမည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မထင်မှတ်တဲ့ အချိုးအကွေ့တွေ ကြုံလာတတ်ပါသည်။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဘက် လက်မှာ ခိုက်မိတာ၊ အောင့်တာ၊ နာတာ ဖြစ်တတ်ပါသည်။ ဘေးပယောဂကြောင့် အချစ်ရေးအိမ်ထောင်ရေး ပြဿနာကြီးတတ်ပါသည်။

နွားနှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများကြုံမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်းနှီးသူများ လုပ်ဖော်ကိုင်ဘက် များနှင့် အဆင်မပြေ လမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ် ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်ပါသည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ ချစ်သူမရှိသော သူများအနေဖြင့် ချစ်သူရရှိလိမ့်မည်ဖြစ်ပြီး ချစ်သူရှိသော သူများအနေဖြင့် ချစ်သူကို ခပ်စိမ်းစိမ်းအခြေအနေမျိုး ဖြစ်နေတတ်ပေသည်။ အချစ်ရေးတွင် သံသယများ ကြီးထွားလာတတ်ပေသည်။ အိမ်ထောင်ရေးတွင် ယောက္ခမ ၊ ယောက်ဖ ၊ ယောင်းမ စသော မိမိအိမ်ထောင်ဘက်နှင့် ပတ်သက်သော ဆွေမျိုးများကြောင့် စိတ်သောက ဝေဒနာဗျာပါဒ ရောက်တတ်လေသည်။

ကျားနှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ လူကြီးသစ်၊ မိတ်ဆွေသစ်၊ နေရာသစ်၊ အလုပ်သစ် အထူး အကျိုးပြုပါလိမ့်မည်။ စကားပြောဆိုခြင်း၊ အမှားမရှိရန် အထူး ဆင်ခြင်သင့်သည်။ မွေးနေ့တွင် လူနာသတင်းမေးခြင်းရှောင်ပါ။ လူမျိုးခြား၊ တိုင်းရင်းသား အထူးအကျိုးပြုမည်။ နယ်စပ် နိုင်ငံခြား နှင့်ပတ်သက်သော အဆက်အသွယ်ကောင်းများရမည်။ အနီးအနားလမ်းပြင်၊ လမ်းဖို့လျှင် ဘုန်းကြီးဖိနပ်တစ်ရန်လှူပါ။ လက်ထိခိုက် မိတတ်သည်။ အထူးလျှပ်စစ်ပစ္စည်းဝင်မည်။ ရွှေ၊ ဆွေမျိုးကိစ္စ ကြားညှပ်တတ်သည်။ ဆွေမျိုးနှင့်အခေါ် အပြောပျက်မည်။ အတိုက်အခံများသော်လည်း အောင်မြင်မှုများရမည်။ မိသားစုနှင့် သဘောထားကွဲမည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ မိမိတို့၏နေအိမ်သို့ ဘုရား ၊ ရဟန္တာ ၊ ဘုန်းကြီး ရုပ်ပွားတော်များ ဆင်းတုတော်များ ဝင်ရောက်လာခဲ့သော် ပိတ်နေသော လာဘ်လာဘများ ပွင့်မည့်ကာလဖြစ်ပါလိမ့်မည်။ လောကဓံတရား၏ မတရား ညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်

ယုန်နှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်ဝယ် ၊ မြေဝယ်ရင် ကောင်းသောအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက် အသွယ်သစ်များ ပေါ်လာလိမ့်မည်။ ကံစ၍ တက်သောအချိန်ဖြစ်သည်။ မသင့်မြတ်သူများနှင့် ပြေလည်သင့်မြတ်မည်။ ပြောစကားများ အထူးအောင်မြင်မည်။ အလုပ်တိုးချဲ့ခြင်း၊ အလုပ်သစ်စခြင်း၊ ရည်ရွယ်ချက်အောင်မြင်မည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောကျ်ားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံ ရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခါးပိုက်နှိုက်ခံရတတ်ပါသေးသည်။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီး အကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

နဂါးနှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် အိမ်တွင်ရှိသော ယောင်္ကျားသားကြီး၏ ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများ ဝင်တတ်သည်။ သူတစ်ပါးအချစ်ရေး၊ အိမ်ထောင် ရေး ကိစ္စကြားညှပ်ကူညီရမည်။ မိမိကိစ္စထက် သူတစ်ပါး ကိစ္စများ ရှုပ်နေတတ်သည်။ အခက်အခဲအားလုံးတော့ ပြေလည်သွား ပါလိမ့်မည်။ အဖိုးတန် ပစ္စည်းဝယ်ခြင်း ကြာသပတေးနေ့ကို ရှောင်ပါလေ။ မိသားစုကိစ္စအတွက် သဘောထားကွဲလွဲနေမှုများ ပြေလည် သွားမည်။ အချစ်ရေးကိစ္စအတွက်တော့ချစ်သူ၏သဝန်တိုခြင်း၊ အထင်လွဲခြင်း ဖြေရှင်းရမည်။ ပြေလည်သွားမည်။ ကျန်းမာရေး ကတော့ ဗိုက်အတွင်းပိုင်း ဝေဒနာခံစားရတတ်ပါသည်။ ပညာသင်ကြားဆဲ ကြာသပတေး သားသမီးများ အဖို့တော့ ပညာစွမ်းပြနိုင်မယ့် အချိန်ဖြစ်ပါသည်။ မိမိတို့ရဲ့ ပညာစွမ်းရည်ကို တိုးချဲ့ ထပ်ဆင့်နိုင်မယ့် ကာလဖြစ်တာကြောင့် အရည်အသွေးတွေကို ပညာရေးဘက်မှာ အားစိုက်လိုက်တာနဲ့ သိသိသာသာ တိုးတက်လာတတ်ပါသည်။

မြွေနှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ သာမန် အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင် သင့်သော်လည်း ဖြတ်လမ်းမလိုက်ဖို့ လိုအပ်ပါသည်။ မိမိအား ပြဿနာ လုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ် သူများနှင့် ပြန်လည် သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ဝင်မည်။ အလှူအတန်းကိစ္စများ မုချလုပ်ရကိန်းရှိသည်။ ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ဝင်လာတတ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများ စိတ်ညစ်ရမည်။ အတူနေ မိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများ အရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများ မကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ မေတ္တာရေးရာ ကံဇာတာမှာ လူအရိုအသေ ပေးခံရသော ၊ ဆရာ/ဆရာမ အခေါ်ခံထိုက်သော ၊ လေးစားထိုက်သော၊ ဖူးစာဖက်မျိုးနဲ့ တွေ့ဆုံမိဖို့ နဖူးစာရေးကံက ဖန်လာတတ်ပါသည်။

မြင်းနှစ်ဖွားများအတွက် –

ပညာရေး အဆင်ပြေလာမည်။ သူငယ်ချင်းများထံမှ အကူအညီ ရမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူဟောင်းထံမှ ဆက်သွယ်လာမည်။ ချစ်သူနှစ်ဦး အတွက်နဲ့ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာနေပေမယ့် စကားများနေရသော အချိန်လေးပါ။ နားလည်မှုရှိရှိ ကလေးမဆန်ဘဲ နေထိုင်ပါက အိမ်ထောင်ရေးကြီးကြီးမားမား ပြောင်းလဲမှုမရှိပါ။ ကလေးဆန်သောအခြေအနေမျိုးတွေကြောင့် ထိခိုက်နစ်နာရသော အချိန်ကာလတစ်ခုပါ။ အခြားသူများ မဖျက်ဘဲ့ မိမိတို့ဘာသာ နှစ်ဦးသား နားလည်မှုလွဲပြီး ဖြစ်တတ်သော အခြေအနေမျိုးပါ။ လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ အလှူအတန်း ပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ မိမိအား ပြဿနာ လုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမညထ။ မသင့်မြတ် သူများနှင့် ပြန်လည် သင့်မြတ်သွားမည်။

ဆိတ်နှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများ ဆုံးဖြတ်ချက် မှန်ကန်ပြီး ငွေသိမ်း ငွေနုတ် မှန်ကန်သော ကြောင့် အကျိုးအမြတ်ကောင်း ရရှိမည်။ နှောင့်နှေးနေသော အလုပ်များ အဆင်ပြေသွားမည်။ ကြန့်ကြာပိတ်ဆို့နေသော ကိစ္စများ ချောမွေ့သွားမည်။ အရပ်ဝေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့် ကိစ္စများမှ ကောင်းသောအကျိုး ဆက် ရရှိမည်။ မေ့မေ့လျော့လျော့ ပြုထားသည့် အရာတစ်ခုအား အစပြန်လည် ဆောင်ရွက်၍ အကျိုး ကောင်း ရရှိမည်။ သူတစ်ပါးနှင့် ယှဉ်၍လုပ်သော ကိစ္စများတွင် အနိုင်ရယူ အောင်မြင်မည်။ ကြုံတွေ့နေသည့် အခက်အခဲများကို ကျော်လွှား၍ အောင်မြင်မှု၊ တိုးတက်မှုများ ဖန်တီးနိုင် မည်။ လက်တွင် ငွေမရှိဘဲ လုပ်ငန်းကြီးတစ်ခု လုပ်လိုသူအား လိုက်လံကူညီဆောင်ရွက်ပေးရ မည်။ ပေါ့ပေါ့တန်တန် ပြောဆိုလိုက်သောကိစ္စ၊ လုပ်ကိုင်လိုက်သောကိစ္စအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းနှင့် ပြန်လည်ဆောင်ရွက်ရမည်။ စာချူပ်စာတမ်းကိစ္စများ ၊ လက်မှတ်ထိုးရမည့်ကိစ္စများ ရှိပါက သတိကြီးကြီးထားပြီး လုပ်ရမဲ့ အချိန်ကာလဖြစ်ပါသည်။ မိမိဆုံးဖြတ်ချက်တစ်ခုကြောင့် မမျှော်လင့်သော ဆိုးရွားသော ကံကြမ္မာများကို ဖြစ်ပေါ်လာစေပါသည်။

မျောက်နှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ အဆောက်အဦး၊ နေရာထိုင်ခင်းကိစ္စ၊ အဆင်မပြေဖြစ်တတ်သည်။ မိခင်၊ အဒေါ်၊ အစ်မ စတဲ့ မိန်းမကြီးတွေနဲ့ ပြဿနာဖြစ်ရတတ်ပါသည်။ အောက်လက်ငယ်သားထဲက ထိခိုက်အန္တရာယ် ကြုံတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာတော့ ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်လာမည်။ ထူးထူးခြားခြား ဓာတ်ပုံတွေ၊ ပိုစတာတွေ၊ ပန်းချီကားတွေ ဝင်လာတတ်ပါသည်။ ဒီအချိန်မျိုးမှာ တဇွတ်ထိုးလုပ်မိပြီး အမှားအယွင်းတွေတော့ ကြုံရတတ်ပါသည်။ အများရဲ့ အမြင်မှာ အထင်လွဲစရာကိစ္စတွေ ဖြစ်လာတတ်ပါသည်။ လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းပြိုင်တွေကတော့ ဒုက္ခပေးလာတတ်ပါသည်။ အလုပ် မလုပ်ချင်တော့လောက်အောင် စိတ်ပျက်စရာတွေ ကြုံလာတတ်ပါသည်။ ငွေရေးကြေးရေး ကတော့ အဘက်ဘက်က ဝင်နေပါလိမ့်မည်။ မထင်မှတ်တဲ့ခရီး၊ ဘုရားဖူးခရီး၊ ငွေကိစ္စခရီးတွေ ထွက်ရတတ်ပါသည်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်တာကိုတော့ သတိထား ရမယ့်အချိန်လေးပါပဲ။

ကြက်နှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေ အောင်မြင်မည်။ အခက်အခဲအားလုံးကို ကျော်လွှားပြီး တိုးတက်မှုအဆင့်ဆင့် ဖြစ်ထွန်းမည်။ နေအိမ်နေရာ၊ လုပ်ငန်းနေရာ ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းများ ကြုံမည်။ ဒီကာလအတွင်းမှာ ရပ်ဝေးအဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။ ခရီးကိစ္စပေါ်လာမည်။ အောင်မြင်မည်။ ရပ်တန့်ရန် စီစဉ်ထားသည့် ကိစ္စများ မရပ်တန့်ဖြစ်ဘဲ အားသစ်ဖြည့်၍ ဆက်လက်လုပ်ကိုင်ရန် ကြုံမည်။ လက်ဝယ်ငွေမရောက်မီ ရမည့်ငွေကို မျှော်ကိုး၍ ကြိုတင်ငွေကြေးကို သုံးစွဲထားရာမှ မျှော်မှန်း သည့်ငွေ မဝင်သောကြောင့် အကြပ်အတည်း အနှောင့်အယှက်များ ကြုံမည်။ မျက်မှန်နဲ့လူဆီက အကူအညီကောင်းတွေ ရတတ်သည်။ ပျောက်နေတဲ့ပစ္စည်းတွေ အမှတ်မထင် ပြန်တွေ့တတ်ပါသည်။ ဆရာသမား၊ မိတ်ဆွေတို့ရဲ့ အကူအညီကောင်း ပေါ်လာမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။

ခွေးနှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ မိမိရှေ့တွင်တစ်မျိုး မိမိနောက်ကွယ်တွင်တစ်မျိုး ပြောဆိုဆက်ဆံသူနဲ့ တွေ့ရလိမ့်မည်ဖြစ်လေသည်။ ဤကာလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ဝင်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ စပ်တူရှယ်ယာ လုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ သူ့သဘော သူဆောင် ရလာသော ငွေနှင့် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဉာဏ်ကို ဉာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ် ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေဝယ်ထားပါ။ အိမ်ကြီးကြီး ကျယ်ကျယ် မဆောက်ပါနှင့်။ လူကြီးများနှင့် စကားအဆင်မပြေ ဖြစ်တတ်သည်။ လူရင်းဆွေမျိုး နယ်စပ်၊ နိုင်ငံခြား ခရီးထူးပေါ်မည်။ ယာဉ်၊ စက်ပစ္စည်းကိစ္စ၊ ကားကိစ္စ အောင်မြင်မည်။

ဝက်နှစ်ဖွားများအတွက် –

၂၀၂၃ ခုနှစ်မှာ ရန်ပဋိပက္ခများ၊ အငြင်းအခုံများ ရှိမည်။ ကျန်းမာရေး အညံ့ရှိသည်။ စိတ်ကောက်နေသူများအား ပြန်ချော့ရမည်။ ပစ္စည်းအပျောက်အရှများမည်။ အသစ်ဝယ်ယူလိုက်သည့် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများအတွက် စိတ်အနှောင့်အယှက် ဖြစ်မည်။ မတော်တဆထိရှမှု၊ အပူလောင်မှု ဖြစ်မည်။ စကားရှုပ်သောသူများကြောင့် ပြဿနာ ဖြေရှင်းရမည်။ စိတ်ကူးသစ်များ လက်တွေ့ဆောင်ရွက် အကျိုးပေးမည်။ မမျှော်လင့်ဘဲ ငွေဝင်မည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူများအဖို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ကောင်း ရမည်။ အခက်အခဲ အတိုက်အခံများကို ကျော်လွှားပြီး အောင်မြင်မှုအဆင့်ဆင့် ရမည်။ ကံကြမ္မာ၏ ထူးခြားစွာ အထောက်အကူပြုမှုကို ရရှိအဆင်ပြေမည်။ အချိန်ပိုင်း လုပ်ကိုင်သူများ၊ အချိန်ပြည့် လုပ်ကိုင်ခြင်းသို့ တိုးတက်မည်။ ထူးခြားပြောင်းလဲမှုများ ဖြစ်မည့်ကာလ ဖြစ်ပါသည်။ မထင်မှတ်ဘဲ ပညာတစ်ခု သင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေဝင်တတ်သည်။ လူမှုရေး ကြားစကားကြောင့် အထင်လွဲ ခံရမည်။

ရေးသားသူ – လင်းညှို့တာရာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။