၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ မှ မေလ ၂၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ မှ မေလ ၂၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ မှ မေလ ၂၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ မှ မေလ ၂၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( May 15 to 21 )

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် တခြားသူတို့၏ စွမ်းဆောင်ရည်များနှင့် နှိုင်းယဉ်ကာ မိမိအပေါ် အားမလို အားမရမှုများ ခံစားရနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် အတွေးလွန်နေမယ့် အစား မိမိ၏ အရည်အချင်းကို ယုံကြည်ပါ။ မိမိ၏ စွမ်းဆောင်ရည်နှင့် တက်ကြွသော တွေးခေါ်မှုတို့ဖြင့် မည်သည့်အရာကိုမဆို အလွယ်တကူ သင်ယူနိုင်သည်ကို မမေ့ပါနှင့်။

ယခုအပတ်တွင် ငွေကြေး အခြေအနေသည် ပုံမှန်လည်ပတ်နေပါမယ်။ အနာဂတ်အတွက် ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်နိုင်ပါတယ်။ သေချာစွာ စဉ်းစားပြီးမှ ရင်းနှီးမြုပ်နှံပေးပါ။

မိသားစုအတွင်း အသေးအမွှား ပြဿနာများ ဆက်လက် ဖြစ်ပေါ်နိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် မိသားစုအတွင်း ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်အောင် ကြိုးစားရပါမယ်။ မိမိ၏ အပြောအဆိုနှင့် ပက်သက်၍ အသေချာ ဂရုစိုက်ပေးရပါမယ်။

ပြိဿရာသီခွင် – Taurus ( May 15 to 21 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အားအင်အပြည့်ဖြင့် အလုပ်တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါမယ်။ မိမိအတွက် အရေးမပါသော အရာများကို လစ်လျူရှုလိုက်ပါ။

ငွေကြေး အခက်အခဲများနှင့် အချိန်ကြာ ရင်ဆိုင်နေရပါက ယခုအပတ်တွင် သက်သာရာ ရရှိပါလိမ့်မယ်။ ဝင်ငွေတိုးပွားစေရန် နည်းလမ်းများကို ရှာဖွေပါ။ မိတ်ဆွေ၊ အပေါင်းအသင်းတို့ထံမှ အကြံပြုချက်များ ရယူကာ ဆုံးဖြတ်ချက် ရမှတ်နိုင်ပါတယ်။

မိသားစုဘဝတွင် ပျော်ရွင်စရာကောင်းသော အချိန်ကာလကို ပိုင်ဆိုင်နိုင်ပါမယ်။ အပြုသဘောဆောင်သော ရလဒ်များ ရရှိလာမည်ဖြစ်ပြီး အိမ်တွင်းရေး ဖိစီးမှုများမှ ကင်းဝေးနေပါမယ်။

မေထုန်ရာသီခွင် – Gemini ( May 15 to 21 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးကို တိုးတက်စေမည့် လှုပ်ရှားမှုများကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်နေစေရန် ‌အလေ့အကျင့်ဆိုးများကို ဖယ်ရှားပါ။ အာဟာရ ဖြစ်စေသော အစားအစာတွေကို စားသုံးပီး အစပ်ပိုသော အစားအစာများနှင့် ဝေးဝေးရှောင်ပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခက်အခဲများမှ သက်သာရာ ရရှိကာ အကြွေးဟောင်းများကို ပြန်လည် ပေးဆပ်နိုင်ပါမယ်။

ဤကာလအတွင်း မိတ်ဆွေ‌သစ်၊ အပေါင်းအသစ်များ ရရှိနိုင်ပါမယ်။ အိမ်ထောင်ပြုရန် စီစဉ်ကြသူများအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( May 15 to 21 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာအချို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ သို့သော် ကြီးကြီးမားမား ဖျားနာမှုမျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ ကျန်းမာရေးအတွက် အခါအားလျော်စွာ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

ယခုအပတ်တွင် မမျော်လင့်သော ကိစ္စအချို့ကြောင့် ငွေကြေး ကုန်ဆုံးရတတ်ပါတယ်။ မိမိ၏ ဘဏ္ဍာရေးအခြေအနေကို အနည်းငယ် ထိခိုက်စေနိုင်ပါတယ်။

ဤကာလအတွင်း မိသားစုဝင် တစ်ဦးသည် နေရာဒေသ ရွေ့ပြောင်းရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အရေးကြီး အကြောင်းအရာ ဆွေးနွေးမှုများလည်း ရှိနေနိုင်ပါတယ်။

သိဟ်ရာသီခွင် – Leo ( May 15 to 21 )

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ပိုမိုအားထုတ်ပေးရပါလိမ့်မယ်။ အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။ ကျန်းမာရေးအတွက် လိုအပ်သော လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ အသုံးစရိတ်နှင့် ဝင်ငွေကို မျှတအောင် စီစဉ်ပေးရပါမယ်။ ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စများကို သတိထားပေးရပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

မိသားစုဘဝတွင် ပျော်ရွင်မှုများ ရှိနေပါမယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။ သူငယ်ချင်းအချို့ သို့မဟုတ် ဆွေမျိုးတို့သည် မိမိနေအိမ်သို့ ရုတ်တရက် လာရောက် လည်ပတ်နိုင်ပါတယ်။

ကန်ရာသီခွင် – Virgo ( May 15 to 21 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ပျော်ပျော်ရွင်ရွင် နေထိုင်လိုပါက ခေါင်းမာတတ်သည့် အလေ့အကျင့်ကို ပယ်ဖျက်ပေးရပါလိမ့်မယ်။ မဟုတ်ပါက မိမိချစ်ခင်ရသူနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

ငွေကြေး ကိစ္စှနှင့် ပက်သက်၍ အကျိုးအမြတ်များ ရရှိနိုင်ပါတယ်။ ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သို့သော် လောဘတရားသည် ပူလောင်တတ်သည်ကို သတိထားပေးရပါမယ်။ ရရှိလာသော အကျိုးရလာဒ်နှင့် တင်းတိမ်နေနိုင်အောင် ကြိုးစားပေးရပါမယ်။

ယခုအပတ်တွင် မိမိ၏ မိသားစုဘဝကို တတ်နိုင်သမျှ အချိန်ပေးပါ။ မိသားစုအတွင်း လိုအပ်သော ပြောင်းလဲမှုအချို့ကို ပြုလုပ်ပေးရပါမယ်

တူရာသီခွင် – Libra ( May 15 to 21 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်ပီး ပျော်ရွင်စရာကောင်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် အသက်အရွယ်ကြီးသူများ အနေနဲ့ ဒူး၊လက်နှင့် ပတ်သက်သော ကျန်းမာရေး ပြဿနာများကို ဖယ်ရှားနိုင်ပါမယ်။

ဤကာလအတွင်း မိမိထံမှ ငွေကြေး တောင်းဆိုမှုများ ရှိလာနိုင်ပါတယ်။ ငွေကြေးကိစ္စနှင့် ပက်သက်၍ ပူလောင်ရတတ်ပါတယ်။ မိသားစုဘဝတွင် အပြောင်းအလဲ အချို့ကြောင့် ပဋိပက္ခများ ဖြစ်ပေါ်နိုင်ပါတယ်။

မိသားစုဝင်များ အကြား ဆက်ဆံရေး စိမ်းကားကာ လစ်လျူရှုမှုတို့နှင့်ပါ ရင်ဆိုင်ရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( May 15 to 21 )

ယခုအပတ်တွင် ‌ဆီးချိုရောဂါ ရှိကြသော Scorpio ရာသီခွင်များ အနေနဲ့ ဂရုစိုက်သင့်ပါတယ်။ အ‌စားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။

ငွေကြေး သုံးစွဲမှုကို ချင့်ချိန်ပေးပါ။ ရက်သတ္တပတ် အစောပိုင်းတွင် ငွေကြေး အခြေအနေသည် အဆင်ပြေနေပေမယ့်လို့ နောက်ပိုင်းတွင် ငွေကြေး အကျပ်အတည်းများ ရှိလာနိုင်ပါတယ်။

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ မိသားစု ဘဝသည် အေးချမ်းနေပါမယ်။ ညီအကို၊ မောင်နှမတို့နှင့် ဆက်ဆံရေးသည် ကောင်းမွန်နေပါမယ်။

ဓနုရာသီခွင် – Sagittarius ( May 15 to 21 )

ယခုအပတ်သည် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပါ။ အာဟာရရှိသော အစားအစာများကို စားသုံးပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက အသေချာ စဉ်းစားပါ။ လိုအပ်ပါက တခြားသူများထံမှ အကြံပြုချက်များကို ရယူပေးပါ။

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် မည်သည့် ပါတီ၊ ‌တွေ့ဆုဲးပွဲများ မပြုလုပ်ခင် မိမိ၏ မိသားစုကို အသိပေးသင့်ပါတယ်။ မဟုတ်ပါက အိမ်တွင်းရေး အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။

မကာရရာသီခွင် – Capricorn ( May 15 to 21 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိုးရိမ်မှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ဤကာလအတွင်း ဝင်ငွေ ရရှိနိုင်သော်လည်း မမျှော်လင့်ဘဲ ငွေကြေး ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စရပ်များကို သတိထားပါ။

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် မိမိလုပ်ဆောင်မည့် အကြောင်းကိစ္စနှင့် ပက်သက်၍ မိသားစုဝင်များကို အသိပေးရပါမယ်။ မဟုတ်ပါက ဆက်ဆံရေးကို ထိခိုက်စေကာ လစ်လျူရှုမှုတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( May 15 to 21 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ စိတ်တို၊ ဒေါသဖြစ်လွယ်နေသောကြောင့် အပြုအမူသည် ခက်ထန်နေနိုင်ပါမယ်။ မိမိ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သောကြောင့် ဒေါသကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှု၊ အနာဂတ် အစီအစဉ်နှင့် ပက်သက်၍ အသိမပေးပါနှင့်။ မဟုတ်ပါက နီးစပ်သူ တစ်ဦးဦးသည် ‌အခွင့်ကောင်းယူကာ နင်းခြေ သွားနိုင်ခြေ ရှိနေပါတယ်။

Aquarius ရာသီခွင်တို့သည် မကြာခဏဆိုသလို အခြားသူတို့၏ စိတ်ဆန္ဒကို လိုက်၍ လုပ်ဆောင်တတ်ကြပါတယ်။ သို့သော် ယခုတစ်ပတ်တွင် ထိုသို့ပြုလုပ်ခြင်းက မိမိကိုယ်ကို အများကြီး အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ စိတ်ချမ်းသာမှုကို ရရှိနိုင်မည် မဟုတ်ပေ။

မိန်ရာသီခွင် – Pisces ( May 15 to 21 )

ဤကာလအတွင်း Pisces ရာသီခွင်တို့သည် ခရီးဝေးသွားလာခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။ မဟုတ်ပါက ပင်ပန်းနွမ်းနယ်ကာ စိတ်ဖိစီးမှုများကို ခံစားရနိုင်ပါမယ်။ ကျန်းမာရေး အနေနဲ့ ထိခိုက်စေနိုင်သောကြောင့် သတိထားပေးရပါမယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် တည်ငြိမ်မှု မရှိနိုင်ပေ။ ငွေကြေး အကျပ်အတည်းတို့ကြောင့် ပူပန်နေရပါမယ်။ ငွေကြေး အကူအညီများကို လိုအပ်ပါမယ်။

ယခုအပတ်တွင် မိသားစု၏ ဝင်ရောက်စွက်ဖက်မှုတို့ကြောင့် မိမိ၏ ဘဝကို လွတ်လွတ်လပ်လပ် ကုန်ဆုံးနိုင်မည် မဟုတ်ပါ။ ဒါကြောင့် မိသားစုဝင်များအပေါ် အပြုအမူသည် ခက်ထန်နေနိုင်ပါမယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။