လွန်စွာမှ အစွမ်းထက်သော ထောပတ်ဆီမီးပူဇော်နည်း..

Astrology
လွန်စွာမှ အစွမ်းထက်သော ထောပတ်ဆီမီးပူဇော်နည်း..

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လွန်စွာမှ အစွမ်းထက်သော ထောပတ်ဆီမီးပူဇော်နည်း.. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွန်စွာမှ အစွမ်းထက်သော ထောပတ်ဆီမီးပူဇော်နည်း..
နှမ်းဆီမီးပူဇော်နည်း ….
ပရုပ်ပြား ပူဇော်နည်း…များ

ငွေအင်မတန် ဝင်စေသော နည်းလမ်းလေး မျှဝေပေးချင်လို့ပါ ။ ဘာနည်းလမ်းလေးလဲဆိုတော့ ကျွန်မတို့ အထွဋ်အမြတ်ထားရာ မြတ်စွာ ဘုရားရှင်ကို ဆီမီး တနည်းအားဖြင့် တေဇော ဓာတ်ဖြင့် ပူဇော်နည်းလေးပါပဲ
ပူဇော်နည်းက ၃ မျိုး ရှိပါတယ် ။ တပြိုင်နက်ထဲ ၃ မျိုးလုံး ပူဇော်လို့ရသလို မိမိနှစ်သက်ရာ တမျိုး ထဲ ပဲ ပူဇော်လို့ရပါတယ်

ပြည်မြို့တွင် ဖယောင်းတိုင်နှင့် ဆီမီးခွက်အရောင်းသွက် | consumer

နည်း ( ၁)

ပထမတစ်နည်းကတော့ သက်ရှိထင်ရှားမြတ်စွာဘုရားရှင်ကို ရည်စူးပြီး နှမ်းဆီ စစ်စစ်နဲ့ ဆီမီးပူဇော်ခြင်းပဲ ဖြစ်ပါတယ် ။ရန် အတိုက်အခိုက် မနာလို ၊ ဂုံးတိုက် ၊ အနှောင့်ယှက်ရန်က ကင်းဝေးစေပြီး ကံကြမ္မာကို ပွင့်လန်း စေပါတယ် မျက်နှာပွင့်စေပါတယ်

နည်း ( ၂)

ဒုတိယ နည်းကတော့ ဆီဦးထောပတ် နဲ့ မွန်မွန်မြတ်မြတ် ပူဇော်ခြင်းပဲ ဖြစ်ပါတယ် ။သူကတော့အဓိက လာဘ်လာဘ အတွက်ပါ ။
ဖော်ပြပါ နည်း ၂ မျိုးလုံးကို ၂၄ နာရီလုံး ပူဇော်ထားလို့ ရပါတယ် ။ ပူဇော်တာ အရှိန် ရလာတာနဲ့ သိသိသာသာ အဆင်ပြေလာတာ လက်တွေ့သိလာမှာပါ။( မီးရေး ထင်းရေး တော့ သေသေချာချာ ဂရု ပြုပေးဖို့ လိုပါမယ်)

နည်း ( ၃)

နောက်ဆုံး တနည်းကတော့ ပရုပ်ပြားနှင့် ပူဇော်ခြင်း ဖြစ်ပါတယ် ။
တစ်ခုရှိတာက အင်္ကျီ တွေ ထဲ ထည့်တဲ့ ပရုပ်လုံး လုံးဝ ( လုံးဝ) မဟုတ်ပါဘူးနော် ။ဘုရားမီးပူဇော်တဲ့ ပရုပ်ပြား ပါ ။ ပူဇော်နည်း ။ ရှေးဦးစွာ ကြေးခွက် ထဲမှာ ဆန် ကို လက်တစ်ဆုပ် သာသာ ထည့်ပါ ။၄င်း ပေါ်ကနေ ပရုပ်ပြား မိမိပူဇော်လို သလောက်ထည့်ပြီး မီးညှိလိုက်တာနဲ့ ချက်ခြင်း မီးတောက်ပါတယ် ။ ဂရုစိုက်ရမှာလေးတစ်ခုက မီးတောက် ကကြီးပြီး ချက်ခြင်း ငြိမ်းပါတယ် ။ မီးတောက်ကြီးလို့ ကြေးခွက်က အဝ ကြီးပြီး ထူ ရင် ပို အဆင်ပြေစေပါတယ်

၇ရက်သားသမီး မိတ်ဆွေ ထမင်းရှင် ကျေးဇူးရှင်များကအတိုက်အခိုက်အနှောင့်အယှက်များစွာ ကို အမြဲလိုလိုရင်ဆိုင်ဖြေရှင်းနေရခြင်းများကြောင့် သောကရောက် စိတ်ပျက်နေရသူများအတွက် ရည်ရွယ်၍ ဆရာဆရာဦးမင်းနိုင် သင်ကြားပေးသည့် အင်မတန်တန်ဖိုးရှိသောပညာရပ်ထဲမှ လွယ်ကူရိုးရှင်းပြီး တကယ်လုပ် အဟုတ်အဆင်ပြေအောင်မြင်စေရမည့် ယတြာအစီရင်များစွာထဲမှ အတိုက်ကင်းရှင်းစေသည့်
နည်းလမ်းကောင်း(၃)မျိုးကိုဒါနပြု မျှဝေပေးလိုက်ပါတယ်

ရေးသားသူ – ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။