“February Predictions” (Aries ,Taurus ,Gemini )

Astrology

“February Predictions” (Aries ,Taurus ,Gemini )

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “February Predictions” (Aries ,Taurus ,Gemini ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“February Predictions” (Aries ,Taurus ,Gemini )
Aries

သတင်းကောင်းလေးပြောပါမယ်.. ။ ကိုယ့်အတွက်ဖေဖော်ဝါရီမှာ အတွေးအမြင်နဲ့နှလုံးသားရေးတွေမှာ ကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ Strong Potential တွေ စောင့်ကြိုလို့နေပါတယ် ။ မြိုသိပ်မထားနဲ့ ထုတ်ပြောပါ ။ ချစ်ခြင်းမချစ်ခြင်း ပွင့်လင်းရမယ့်လလို့မြင်ပါတယ် ။ စပ်တူလုပ်ကိုင်ခြင်း စတင်ဖို့အဆင်ပြေတယ် ၊ ရင်းနှီးမြုပ်နှံခြင်းလည်း မီးစိမ်းပြထားတယ် ။ လမ်းပျောက်နေသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ပြန်ပြီးသန်းလာပါလိမ့်မယ် ။

ဖေဖော်ဝါရီမှာကိုယ့်အတွက် တီထွင်ဖန်တီးချင်တာလေးတွေ ၊ အတွေးကွန့်မြူးတာလေးတွေ Creativity တွေ အများကြီးလာဖို့ရှိနေတယ် ။ ကိုယ်က Design လေးတွေဖန်တီးသူလား ၊ Handcraft လေးတွေ အနုပညာဆန်တာလေးတွေ မွေးဖွားပေးနေလား ၊ နောက်ဆုံးစာပဲကျက်ကျက် ကိုယ်ဝါသနာပါရာပဲလုပ်လုပ် ယုံကြည်မှုအပြည့်နဲ့ စတင်ခွင့်ရပါလိမ့်မယ် ။ သူက ဝုန်းဒိုင်းကြီးဖြစ်လာမှာမျိုးတော့ မဟုတ် ၊ တဖြည်းဖြည်းအရှိန်ယူတာမျိုးဖြစ်လို့ Valentine’s Day ရှိနေတဲ့ ဖေဖော်ဝါရီလလည်ပိုင်းက ကိုယ့်အတွက်အကောင်းဆုံးကာလတစ်ခု ဖြစ်ဖို့ရှိတယ် ။

ရှောင်ရန်လေးကတော့ စိတ်လိုက်မာန်ပါလုပ်တာကို လုံးဝ No လို့ငြင်းထားပါ ။ ဒီတစ်လအတွင်း စိတ်သွားတိုင်းကိုယ်ပါတာရဲ့အနောက်မှာ Aries ထုံးစံ ဖြစ်ချင်ရာဖြစ်ပစ်ဝင်လိုက်တာ ၊ ပြေးကောင်းကောင်းနဲ့ အရှိန်လွန်သွားတာမျိုးတော့ Side Effect အနေနဲ့ရှိနေဦးမယ် ။ အလုပ်ပြီးမြောက်ပေမယ့် အကောင်အထည်ဖော်ချင်တာတွေများပြီး ဖိအားလည်းအတော်အတန်ရှိဖို့ မြင်ပါတယ် ။ ဒါပေမယ့် Worth it ဖြစ်မယ့်ပင်ပန်းမှုမျိုးပါ ၊ ဖြည်းဖြည်းမှန်မှန်ထက် ခပ်သုတ်သုတ်သွားဖို့အထိကို အဆင်ပြေတဲ့လလို့မြင်မိတယ် ။ တအားကြီး ကမူးရှူးထိုးမဖြစ်နေဖို့ပဲ ။

ဒီတစ်လမှာ ကိုယ်တိုင်အလုပ်ပြီးမြောက်သလို ချစ်ခင်သူတွေကို ငွေအားလူအားနဲ့ ကူညီခွင့်ရပါလိမ့်မယ် ။ ရင်ဖွင့်လာတာတွေ နားထောင်ပေးရဖို့ရှိသလို အကြံကောင်းတွေ ၊ အကြည်ဓာတ်လေးတွေ ကိန်းအောင်းနေလိမ့်မယ် ။ အချစ်ရေး ၊ အိမ်ထောင်ရေးမှာ ချစ်တဲ့မျက်လုံးလေးအားသာနေပါတယ် ။ ချစ်ခင်ခြင်းနားလည်ခြင်းကိုစံထားမယ့်လလို့ မြင်မိတယ် ။ တော်ရုံကတောက်ကဆလေးတွေ ကျော်ခွခွင့်လွတ်နိုင်သွားဖို့မြင်တယ် ။ အထူးသဖြင့် Single တွေ ဟိုမရောက်ဒီမရောက် အချစ်ရေးတွေအနေနဲ့ Settle လုပ်ချင်လာတာ ၊ တစ်ကိုယ်ထဲသမားတွေ ချေးများတာဇီဇာကြောင်တာကိုကျော်လွန်ပြီး Commitment လေးတွေ အားကောင်းမယ့်လလို့ မြင်ပါတယ် ။

ဒီတစ်လက အချစ်ရေးအပြောင်းအလဲအနေနဲ့ အကြီးဆုံးဖြစ်လိမ့်မယ် ။ ကောင်းသောအပြောင်းအလဲပါ ၊ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို အချိန်ပိုပေးဖြစ်ပြီး မကောင်းမှန်းသိရက် ဖယ်ထုတ်ဖို့ခက်နေတာတွေအပေါ် အဆက်ဖြတ်နိုင်ဖို့ ခွန်အားတွေပေးလိမ့်မယ် ။

အတူနေအချစ်ရေးနဲ့အိမ်ထောင်ရေးတွေမှာ ချစ်ခင်မှုအားသာတဲ့သူတွေအတွက် Next Level ဖြစ်လာမယ်လို့မြင်ပေမယ့် လက်ရှိ (အထူးသဖြင့် ပြီးခဲ့သော December နဲ့ January လတွေမှာ) အပြန်အလှန်အားမရမှုတွေ ၊ Break မကြခနယူထားရတဲ့ အချစ်ရေးတွေမှာတော့ ဒီလအစပိုင်း လေးရက်နေ့နောက်ပိုင်းနဲ့လလည်ပိုင်းမှာကိုပဲ ပြတ်ပြတ်သားသားအဖြေတစ်ခု ထွက်လာဖို့မြင်တယ် ။

လမ်းခွဲမှုတိုင်းက ကံဆိုးခြင်းမဟုတ်ပါဘူး ။ စိတ်သစ်လူသစ်စတင်ခွင့်ရဖို့ မြင်ပါတယ် ။ တအားလည်း စိတ်ကျေနပ်မှုရလိမ့်မယ် ။ ရေရှည်မဖြစ်သင့်တာကြီးကို ကိုယ့်စိတ်ကလက်ခံပြီး ပြတ်သားလိုက်နိုင်တာမျိုးမို့လို့ ဖေဖော်ဝါရီကပေးမယ့် ကောင်းသောလက်ဆောင်တွေထဲက တစ်ခုအဖြစ် ယုံယုံကြည်ကြည်လက်ခံယူနိုင်ပါတယ် ။

Taurus

Taurus တွေအတွက်ကတော့ ဖေဖော်ဝါရီလတစ်လလုံး စီးပွားရေးနဲ့လူမှုရေးပိုင်းကအဓိကနေရာက ပါဝင်ပတ်သက်နေဖို့ရှိပါတယ် ။ ကိုယ်ဝါသနာပါတဲ့အရာတွေ အကောင်အထည်ဖော်ဖြစ်မယ် ။ ဒီတစ်လကစီးပွားရေးအရ လက်မထောင်နိုင်မယ့်လပါ ။ ရင်းနှီးမြုပ်နှံခြင်းအားသာတယ် ၊ ချက်ချင်းအကျိုးအမြတ်ရတာမျိုးထက် မျိုးစေ့ချရတဲ့အလုပ်တွေ အားကောင်းနေတယ် ။ ငွေနိုင်တယ်ဆို လက်ရှိအလုပ်ဖြစ်နေတာကို တိုးချဲ့ပါ ၊ တိုးချဲ့ခွင့်လည်းရမယ့်လလို့ မြင်မိတယ် ။

ပြောရရင် ဒီတစ်လအတွင်းမိတ်ဆွေအသစ်တွေ တိုးပွားလာဖို့ရှိတယ် ။ စိန်ခေါ်မှုလေးတွေ အပြိုင်အဆိုင်တွေလည်း များမယ် ။ အသိုင်းအဝိုင်းအသစ်ကနေ အခွင့်အလမ်းအသစ်ရမယ် ။ ရန်သူဟောင်းသတိထားပါ ။ မိတ်ဆွေအကျိုးပေးဖို့ရှိတာနဲ့တစ်ပြိုင်ထဲ တစ်ဖက်မှာလည်း အတိုက်အခံမနာလိုတာလေးတွေ သတိပြုသင့်တဲ့အထဲပါနေလို့ တစ်ယောက်ထဲဇွတ်တရွတ်တော့ အားမပေးတာအမှန်ပဲ ။ ယုံကြည်ရသူတွေကို အသိပေးတိုင်ပင်ပါ ရင်ဖွင့်ပါ ။ မိသားစုနဲ့မိတ်ဆွေကောင်းတွေကတစ်ဆင့် စိတ်လုံခြုံမှုရမယ် ။ အဆက်အသွယ် အကျိုးအမြတ်လည်း ရဖို့ရှိနေပါတယ် ။

နောက်ပြီး ဖေဖော်ဝါရီအတွင်းမှာကိုပဲ မထင်မှတ်ပဲစန်းပွင့်တာမျိုးလည်း မျှော်လင့်ထားလို့ရတယ် ။ အချစ်ခံရဖို့ရှိတယ် ၊ ကိုယ့်စကားအောင်မယ် ။ အထူးသဖြင့် အထက်လူကြီးကချစ်ခင်တာ ၊ ကိုယ့်အပေါ်ယုံကြည်တာ ၊ ကိုယ့်အားထုတ်မှု ကိုယ့်အရည်အချင်းကိုအသိအမှတ်ပြု နာမည်တပ်ချီးကျူးတာမျိုးတွေ ရှိနေပါတယ် ။ အားသာချက်အနေနဲ့ လအကုန်ပိုင်း ဖေဖော်ဝါရီ ၂၀ နောက်ပိုင်းရောက်လေ ကိုယ့်အချိန်ရောက်လေပဲလို့ပြောရမယ် ။ ရာထူးလစာတိုးတာလေးတွေ ဒီကာလအတွင်း အတော်အားကောင်းတယ် ။ အလုပ်အကိုင်အသစ် ၊ အခွင့်အလမ်းအသစ်တွေ ရဖို့မြင်သလို အချစ်ရေးအရလည်း အကောင်းဖက်ပြန်ရောက်လာဖို့ရှိပါတယ် ။

ထူးထူးခြားခြားသတိထားဖို့ဆိုရင် ဖေဖော်ဝါရီအစပိုင်းမှာတော့ အနည်းနဲ့အများသတိလေးရှိထားတာ တော်ကာကျလိမ့်မယ် ။ Risk ယူစရာလေးတွေ လလည်နဲ့အကောင်းဆုံးကတော့ လကုန်ဖက်ကိုရွေ့ပါ ။ အချစ်ရေးအရဆိုလည်း အစောပိုင်းမှာ ချစ်သူနဲ့နားလည်မှုလွဲတာ ၊ ကိုယ့်ခံစားချက်ကို အရေးမပေးဘူးဆိုတာမျိုး ခံစားရနိုင်တယ် ။ ပြောရရင် Valentine’s အထိကို အပြည့်အဝမပျော်ရတတ်တာလေး ကျန်နေနိုင်သေးတယ် ။ ဒီအတွက် ဖေဖော်ဝါရီပထမနှစ်ပတ်ကို ရေလိုက်ငါးလိုက်လေးသွားပြီး အကောင်အထည်ဖော်ချင်တာမျိုးတွေအတွက် Prepare လုပ်ထားတာပိုကောင်းတယ် ။

ကိုယ်စတင်ချင်တဲ့အလုပ်တွေ ၊ ပေးကမ်းချင်တာတွေ ၊ ချစ်ပေးချင်တာ ၊ အချစ်ခံချင်တာတွေအကုန် ၂၀ ရက်နောက်ပိုင်းမှာ သိသိသာသာအဆင်ပြေချောမွေ့ပါလိမ့်မယ် ။ ပြောမယ်ဆို ဖေဖော်ဝါရီကကိုယ့်အတွက် အလုံးစုံချောမွေ့အဆင်ပြေခြင်းလို့တော့ ပြောမရပေမယ့် ၂၀၂၃ အတွက်အရေးပါတဲ့လလို့ မြင်ပါတယ် ။ သေချာ Plan ချပါ ။ စိတ်ကျေနပ်မှုပေးလာမယ့် လတစ်လဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်လို့ အကောင်းအဆိုးအတက်အကျ များဖို့မြင်မိတယ် ။

ကိုယ့်ရဲ့ Gut Feeling ကိုယုံပါ ။ ဘယ်သူပေါင်းသင့်တယ် ၊ ဘယ်သူရှောင်သင့်တယ် Taurus တွေသိတာမို့လို့ ဆရာမလုပ်တော့ဘူး ။ ကိုယ်တိုင် ကောင်းကောင်းမွန်မွန်ရွေးချယ်နိုင်တယ် ။ တအားကြီးခေါင်းမာပြီး ဖက်တွယ်မထားဖို့ပဲလိုပါတယ် ။

ဒါကြောင့်ဖေဖော်ဝါရီဟာ အဖုအထစ်လေးအနည်းငယ်နဲ့ ကြိုနေနိုင်ပေမယ့် Activies တွေများမယ် ။ စိတ်ပျော်ရွှင်ရဖို့ရှိသလို လိုတာရောမလိုတာရော စိတ်ချမ်းသာရင်ပြီးရော လျှောက်ဝယ်ပစ်တာ ၊ လက်ဆောင်ပေးတာ ၊ လှူဒါန်းတာမျိုးတွေလည်း ရှိနေပါလိမ့်မယ် ။ စိတ်ပြတ်သလောက် ပေးကမ်းပါ ၊ သုံးစွဲပါ ။ တစ်ဖက်မှာလည်း ဝင်ငွေထွက်ငွေလေးတော့ သေချာ Manage လုပ်ထားနိုင်ရင်ပိုကောင်းတယ် ။ ဘာဖြစ်လို့ဆို ဒီတစ်လကရင်းနှီးမြုပ်နှံခြင်း ၊ အနာဂတ်အတွက်မျိုးစေ့ချခြင်းအတွက် အားသာတဲ့ကာလတစ်ခုမို့ပါပဲ

Gemini

Productivity ကောင်းမွန်ဖို့ရှိသလို စိတ်လည်းများရမယ့်လတစ်လပါ ။ Progress ကောင်းကောင်းရှိမယ် ၊ အနာဂတ်အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချရဖို့ရှိတယ် ။ တစ်ဖက်မှာလည်း တွေးစရာတွေများမယ် ၊ ကိုယ်ပါမှပြီးမှအရာတွေလည်း များဖို့ရှိတယ် ။ ဒါကြောင့်မို့ အောင်မြင်မှုနဲ့စိန်ခေါ်မှုဒွန်တွဲလာမယ့်လအတွက် Gemini တွေအလိုအပ်ဆုံးက ကောင်းမွန်တဲ့ Time Management လို့ပြောချင်ပါတယ် ။

အထူးသဖြင့် လအစပိုင်းမှာအနည်းနဲ့အများ လူမှုရေးစိတ်ရှုပ်စရာလေးတွေကြုံရဖို့ရှိတယ် ။ စကားအရှုပ်အရှင်း သတိထားပါ ။ ကိုယ်နဲ့မဆိုင်ဘူးဆိုရင် ဘာမှဝင်မှတ်ချက်မပေးတာ ပိုကောင်းလိမ့်မယ် ။ ဒီတစ်လက အချစ်ရေးအသင့်အတင့်ရှိပါတယ် ။ ထူးထူးခြားခြား စိတ်ပူရဖို့မရှိဘူး ။ အချစ်ရေးကံကောင်းတယ်လို့ မပြောထားဘူးဆိုတာက ကိုယ်တိုင်ကဒီလမှာ Personal Development အတွက် အားစိုက်နေမှာမို့ပါ ။

တက်လမ်းတွေရှာမယ် ၊ လက်ရှိ အလုပ်နားနေရသူတွေ ပြန်ရုန်းထလာမယ် ။ ပြောရရင် ကိုယ့်ရဲ့ဖေဖော်ဝါရီလ Focus က အဆင်ပြေအောင်နေရင် ပြန်ကောင်းပေးမယ် ၊ အာရုံလာနောက်ရင် ရန်ဖက်ဖြစ်ဖို့လည်းမရှိသလို ကိုယ်လုပ်စရာရှိတာအပျက်ခံဖို့လည်းမရှိဘူး ။ ဒီအတိုင်း Ghost သွားဖို့ရှိတယ် ။ ဒီအတွက် အချစ်ရေးသတိထားဖို့က Gemini မဟုတ်ပဲ သူတို့ရဲ့ချစ်သူရည်းစားတွေအနေနဲ့ မလိုအပ်ပဲရစ်တာ ၊ မခံချင်အောင်ပြောတာမျိုးတွေ ရှောင်ဖို့လို့ပဲပြောရမယ် ။

ဒီတစ်လအတွင်း ပညာရေးကံသိသိသာသာကောင်းပါတယ် ။ သင်တန်းတက်စရာရှိတက်ပါ ၊ ကျောင်းလျှောက်တာမျိုးလည်း အများထက်အားသာချက်တွေ ရဖို့ရှိတယ် ။ နှစ်သစ်ကူးပြီးကတည်းက ဇန်နဝါရီမှာရအောင်လုပ်မယ်ဆုံးဖြတ်ပြီး ကိုယ်အချိန်ဖြုန်းမိခဲ့တာတွေ ဖေဖော်ဝါရီမှာသေချာပေါက် အကောင်အထည်ဖော်နိုင်လာမယ် ။ အထူးသဖြင့် ဒီတစ်လမှာစတဲ့ Routine တွေ ရေရှည်ခံပါလိမ့်မယ် ။

ကိုယ့်အတွက်အချိန်ကောင်းက လလည်ပိုင်းနဲ့လကုန်ပိုင်းပါ ။ ပထမအပတ်ကတော့ စိတ်ရှည်ရမှာလေးတွေ ရှိနေမယ် ။ အထူးသဖြင့် ကိုယ့်ကိုကိုယ်အားမရဖြစ်တာတွေ ၊ မေးခွန်းထုတ်တာတွေနဲ့ စိတ်ရှုပ်နေရဖို့ရှိတယ် ။ ဒီကနေမှ ကိုယ်စိတ်ပြတ်သားရင်ပြတ်သားသလောက် မြန်မြန်ပြေလည်ပြီး လုပ်စရာရှိတာဆက်တိုက်လုပ်ဖို့ စိတ်အားထက်သန်မှုတွေရလာပါမယ် ။ ဒီတစ်လရဲ့ Main Goal က Routine တစ်ခုရှိဖို့ ၊ အချိန်သေချာ Manage လုပ်နိုင်ဖို့ပါ ။

အချစ်ရေးအနေနဲ့ လက်တွေ့ဆန်မှုကဦးစားပေးဖြစ်နေပါတယ် ။ ဒီလမှာ Romance ကအရေးမကြီးတာမဟုတ် ၊ ဦးနှောက်ကို တစ်ပေးထားမယ့်လမို့လို့ Gemini Crush ချစ်သူအိမ်ထောင်ဖက်တစ်ယောက်ကို ကြွေစေဖို့အတွက် အထူးချစ်ပြဂရုစိုက်ပြတာမျိုးထက် သူတို့အထင်ကြီးအောင် နေပြတာ ၊ သူတို့ဘာစိတ်ဝင်စားလဲဆိုတာမျိုး သေချာလေ့လာပြီး အလိုက်အထိုက်ပြောဆိုတာလေးနဲ့ ချဥ်းကပ်သင့်တယ် ။ ဖေဖော်ဝါရီမှာသူအာရုံများနေမယ့်လမို့ အချိန်တွေသွားဖဲ့ယူနေတာမျိုးထက် စိတ်ပျော်ရာလုပ်ဖို့ လွှတ်ထားပေးတာ ၊ တန်ဖိုးကြီးလက်ဆောင်လေးတွေပေးတာမျိုးကလည်း ရင်ထဲပိုရောက်စေမယ့် ပိုးပန်းနည်းပါပဲ ။ ဒီအတွက်လည်း Gemini တစ်ယောက်က ထုတ်မပြောရင်တောင် တိတ်တိတ်လေးအမှတ်ပေး Appreciate လုပ်ပေးနေပါလိမ့်မယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။