Today’s Affirmation Tarot card

Astrology

Today’s Affirmation Tarot card

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Today’s Affirmation Tarot card ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီတစ်နေ့ကတော့ စုပေါင်းညီညာအောင်ကြောင်းဖြာကြမယ်လို့ ကတ်လေးကတစ်ဆင့်ပြောနေတယ် ။

 

တစ်ဟုန်ထိုးပြေးတက်ရမယ့်အချိန်ထက် မီးဖိုလေးဖိုပြီးခရီးတစ်ထောက်နား ၊ ကိုယ့်အနားကလူတွေနဲ့ ရောက်တတ်ရာရာစကားတွေပြော သတင်းမေးဘာမေးနဲ့ ပြန်ပြီးစိတ်အပန်းဖြေရမယ့် နေ့ရက်ကလေးတစ်ခုလို့မြင်မိတယ် ။
ကိုယ်က Strong ဖြစ်တယ် ၊ တစ်ယောက်ထဲရှင်သန်နိုင်တယ် ။ သေချာတာပေါ့.. ဒါကမေးခွန်းထုတ်စရာ မလိုပါဘူး ။ ဒါပေမယ့်လေသိလား.. ဒီတစ်ရက်မှာတော့ ရေရှည်ဘဝတိုက်ပွဲအတွက် တစ်ကိုယ်ကောင်းဆန်ခြင်းတွေ ၊ ဇွတ်တရွတ်ဆုံးဖြတ်တာလေးတွေ ခနလေးအနားပေးထားလိုက်ပါဦး ။
ဒီကတ်လေးကိုမြင်လိုက်တဲ့အခါမှာ ကိုယ်ပစ်ထားမိတဲ့ချစ်ရသူအချို့ရှိနေတာ သေချာပါတယ် ။ ဒါကို အတူတူပြန်အောင်းမေ့ကြစို့လေနော်.. ။

အဝေးရောက်နေသူတွေအတွက် မိသားစုကိုဖုန်းခေါ်ကြမယ် ၊ သတင်းမေးကြမယ် ။ သူတို့မှာ ကိုယ်စိတ်ပူမှာစိုးလို့မပြောပြထားတဲ့ အဆင်မပြေတာလေးတွေရှိနေလောက်တယ်လေ ။ အစ်မေးလည်း ထွက်လာမှာတော့မဟုတ်ဘူး ။ ကိုယ့်ကိုချစ်တဲ့သူတွေကိုး.. အဆင်ပြေတယ်ပဲပြောမှာပေါ့ ။
ဒီတော့ ကိုယ့်ဖက်ကပိုသိတတ်ရမယ် ။ ငွေလိုမယ်ထင်ရင် ကိုယ်နိုင်သလောက်လေး ထောက်ပံ့တာဖြစ်ဖြစ် ၊ လွမ်းနေတဲ့သူရှိရင် သူတို့ကိုစိတ်ထဲရှိကြောင်း အသိပေးတာဖြစ်ဖြစ် ၊ ကိုယ့်အရေးထားမှုလေး အပြုံးလေးတွေကတဆင့် အပျော်တွေကူးစက်ပေးတာမျိုးလေ ။

အိမ်တွင်းရေးအပူရှိတတ်သလို အချစ်ရေးမှာဆိုလည်း နားလည်မှုအလွဲလေးတွေ သိသာလာတတ်တယ် ။ စကားများမယ့်လမ်းကို မရွေးချယ်ကြပါနဲ့.. ပြေလည်မယ့်လမ်းကို ညှိညှိနှိုင်းနှိုင်းသွားကြပါ ။ တစ်ယောက်ထဲဆုံးဖြတ်တာထက် အကြံတောင်းခံတာ တိုင်ပင်တာမျိုးက အမှားကင်းစေမယ့်နေ့လေးပါ ။

မေတ္တာလိုချင်ရင် မေတ္တာပေးရမယ် ၊ လေးစားမှုလိုချင်ရင် ကိုယ်ကလည်းလေးစားဖို့လိုတယ် ။ ဒီနေ့ Energy လေးကတော့ မျှော်လင့်ချက်ကင်းကင်းနဲ့ မျိုးစေ့ချရမယ့်နေ့လေးကို ပြောရမယ် ။ ကိုယ့်မိသားစုနဲ့အရင်းနှီးဆုံးသူတွေမှာ စိတ်အလိုမကျတာလေးရှိနေမယ် ။ ဒါလေးကို နားထောင်ပေးမယ် ၊ ဂရုစိုက်ပေးမယ် ၊ ကိုယ်ကတစ်ဆင့်အေးချမ်းစေကြမယ် ။

ကိုယ့်ကြောင့် အပူလုံးလေးတစ်ဆင့်လျော့သွားရင် ယတြာလည်းကျေ ကိုယ်လည်းစိတ်ပျော်သလို ၊ သေချာတာတစ်ခုကတော့ သူတို့စိတ်ထဲ.. ကျေးဇူးအများကြီးတင်နေကြပါလိမ့်မယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။