ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွား၊ မြောက်ဥက္ကလာနှင့် လှိုင်သာယာ တွင် လည်း ပေါက်ကွဲမှုများဖြစ်

Local News

ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွား၊ မြောက်ဥက္ကလာနှင့် လှိုင်သာယာ တွင် လည်း ပေါက်ကွဲမှုများဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွား၊ မြောက်ဥက္ကလာနှင့် လှိုင်သာယာ တွင် လည်း ပေါက်ကွဲမှုများဖြစ်
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သာကေတ အဝိုင်းထိပ် မှတ်တိုင် အနီး၊ မွန်းလွဲနေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ၁၀၈ တောင်ဘုရားအရှေ့အနီးနှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် သာကေတ ဆေးရုံဘက်သို့၌လည်းကောင်း ပေါက် ကွဲမှု များဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ဒီနေ့ သာကေတမှာ ပေါက်ကွဲမှု ၃ ကြိမ်ထပ်ပြီး ဖြစ်ပါတယ်။ အဝိုင်းထိပ်မှာ တစ် ကြိမ် နံနက် ၁၀ နာရီလောက်ကပါ ပြီးတော့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် လောက်မှာ တစ်ကြိမ် ၁၀၈တောင်ဘုရားအရှေ့မှာပါ။ နောက်ဆုံး တစ်ကြိမ် ကတော့ ဆေးရုံဘက်မှာပါ။ အဲဒါကလည်း မွန်းလွဲ ၃ နာရီ ၃၀ မိနစ်လောက်ပါ။ ဗုံးပေါက်ကွဲတဲ့ နေရာတွေက စစ်တပ်နဲ့ ရဲတွေ မရှိတဲ့နေရာတွေ လူသွားလူလာ လုပ်နေတဲ့ မှတ်တိုင်တွေ အနီးအနားမှာပါ။ စစ်ခွေးတွေ လက်ချက် ဖြစ်နိုင် ပါ တယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်သော ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ် သည်။)

 

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော နေရာများသည် အများပြည်သူ လှုပ်ရှား သွား လာသော နေရာများတွင် ဖြစ်ပွားခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်မှ တော်လှန်ရေး တပ်ဖွဲ့များကို ပုံဖျက်ရန် ပြုလုပ်ခြင်းဖြစ်နိုကြောင်း ​ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်ကလည်း သာကေတ အဝိုင်းထိပ် ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ တချို့ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်း ဒေသခံ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ မြောက်ဥက္ကာလာပမြို့နယ်၊ တစ်နေရာတွင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ် ဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲ သံ ထွက် ပေါ် ခဲ့ကြောင်း၊ လှိုင်သာယာမြို့နယ် တစ်နေရာတွင်လည်း ဇန်နဝါရီလ ၂ ရက် နေ့ ည ၁၀ နာရီ ၄၃ မိနစ်ခန့်အချိန် ကျယ်လောင်သော ပေါက်ကွဲသံထွက်​ပေါ် ခဲ့ ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။