ကိုယ့်မှာအတိုက်အခံရန်ရှိနေတာကိုဘယ်လိုသိလို့ရသလဲ

Astrology
ကိုယ့်မှာအတိုက်အခံရန်ရှိနေတာကိုဘယ်လိုသိလို့ရသလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ့်မှာအတိုက်အခံရန်ရှိနေတာကိုဘယ်လိုသိလို ရသလဲဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်မှာအတိုက်အခံရန်ရှိနေတာကိုဘယ်လိုသိလို့ရသလဲ

၁ ။ အတိုက်အခံကြီးရင် ဖယောင်းတိုင်မီး ခဏ ခဏငြိမ်းတယ် ၊ အမွှေးတိုင် မီးကုန်တဲ့အထိ မီးမစွဲဘူး ။ မိမိပြုလုပ်နေတဲ့ ယတြာမှားနေရင်လည်း ဖြစ်တတ်တယ် ။ ယတြာပေးတဲ့ ဆရာက လွဲနေရင် လည်းဖြစ် တတ်တယ် ။

၂ ။ မုန်းဟင်းခါးဟင်းရည် အဆစ်တောင်းတဲ့ အခါ မိမိပန်းကန်ထဲကို ဟင်းရည် လက်ပြန် ထည့်ပေးတာကို ခံခဲ့ရလျှင်လည်း အတိုက်အခိုက်ရှိနေတတ်တယ် ။

၃ ။ လမ်းသွားရင်း ခလုပ် ခဏခဏ တိုက်တာမှောက်လဲ မလိုဖြစ်တာ ၊ မိမိစားမဲ့ အစားအစာထဲ ဆံချည်စတွ ခဏခဏ တွေ့တာမျိုးတွေဟာလည်း အတိုက်ရှိကြောင်း အချက်ပြနေတာပါပဲ ။

၄ ။မိမိအိမ်မှာနေပြီး ညနေစောင်းလာလျှင် စိတ်မ ကြည်လင်တော့တာ ဘီယာသွား သောက်ရင်ကောင်း မလား ၊ အရက်သွားသောက်ရင်ကောင်းမလားလို့ ခဏခဏ တွေနေပြီဆိုလျှင်လည်း ….

၅ ။ ကလေးငယ်လေးတွေ မကြာခဏဆိုသလို ငိုခြင်း ၊ ဘယ်လောက်ကျွေးကျွေး ကျန်းမာဝဖြိုးလာခြင်းမရှိခြင်း ၊ မှိုင်ထွေငေးမောနေခြင်း ၊ အပေါင်းအသင်းတွေနဲ့ဆော့ ကစားမှုနည်းပါးလာခြင်း ၊ ကလေးတွေမှာ ဒီလိုနေဖြစ်ပြီဆိုရင် ကလေး ကို အရင်သံချဆေး တိုက်ကြည့် ပါ ။ သံကျ ပြီးတာတောင် ဒီလိုပဲ ထပ်ဖြစ်နေမယ်ဆိုရင် အတိုက်ရှိနေပါတယ် ။

၆ ။ အချိန်အခါမဟုတ် အိပ်ငိုက်ခြင်း ၊ မိမိ လုပ်ကိုင်နေသော အလုပ်ကိုငြီးငွေ့လာခြင်း ၊ ပြောတဲ့စကား နားထောင်မဲ့ သူနည်းလာခြင်း ၊ အလုပ်က အဆင်ပြေနေပါလျှက်နဲ့ အလုပ်ပြောင်းရွေ့လုပ်ကိုင်လိုခြင်းစိတ် ပေါ်လာတတ်ပါတယ် ။

၇ ။ ဘာသာရေး လုပ်ဖို့ မေ့လျော့နေခြင်း ၊ ဘုရားပေါ် ရောက်ခဲ့ပါပေမယ့်လည်း ဘုရားကန်တော့ဖို့ရာ စိတ်မပါခြင်း ၊ ဘုရားကိုရောက်တိုင်း လက်ဝဲရစ်ပတ်မိနေတတ်ခြင်းတွေ ကြုံလာတတ်ပါတယ် ။

၈ ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အကြောင်း အမျိုးမျိုးကြောင့် လန့်လန့်နိုးခြင်း ၊သွေးသံရဲရဲတွေကို မကြာခဏဆိုသလို အိမ်မက် မြင်မက်ခြင်း ၊ ဒီလိုမြင်မက်ထားတဲ့ အိမ်မက်ကို နိုးတဲ့အခါ စိတ်က ပြန်မြင်ယောင်ကာမှတ်မိ နေခြင်း ကြုံရတတ်ပါတယ် ။

၉ ။ ခြေလက် ခဏခဏ ထိခိုက်ဒဏ်ရာရခြင်း ၊သွေး ထွက် သံယိုဖြစ်ခြင်း ၊ ညာခြေ ညာ လက်ထိခိုက်ရင် အထူး သတိထားပါ ။

၁၀ ။ ဝင်လာသမျှငွေကို မကောင်းတဲ့နေရာတွေမှာပဲ သုံးမိနေခြင်း ၊ အလှူလုပ်ရန် သဒ္ဓါတရားနဲပါးလာခြင်းတွေ ကြုံလာရတတ်ပါတယ် ။

ဒီလို အဖြစ်အပျက်တွေကို စဉ်ဆက်မပြတ် မကြာခဏတိုင်းဆိုသလို ကြုံတွေ့နေရပြီဆိုလျှင် တော့……မိမိအိမ်ကဘုရားကို ရောင်တော်ဖွင့်ပါ ။ တရော် ကင်ပွန်း ၊ နွားနို့ ၊ နံသာငါးပါး နှင့်ရေရောပြီး ဘုရားကို ရောင်တော်ဖွင့်ပါ ။

ရေကို ဇလုံ နှင့်ခံထားပြီး ၊ အိမ်ကို ပက်ဖျန်းပါ ။ အဲဒီ ရေနဲ့ပဲ မိမိကိုယ်တိုင်လည်း ခေါင်းလျှော်ရေချိုးပေးပါ ။

ဆန် လက်တစ်ဆုပ် သီလရှင်ကို လောင်းလှူပါ ။ဝက်သားဟင်း ဆီပြန်ချက် ၊ သရက်သီးအမှည့်နှင့် လက်ဖက်ကို ဘုရားလှူပါ ။ သရက်ရွက် (၁၀)ရွက်ကို အဝိုင်းပုံ ထပ်ပြီး မီးထွန်းပါ ။

မိမိကိုယ်တိုင် ထိုင်းမှိုင်းလေးလံနေသေးတယ် ဆိုရင်တော့ …
{ထမင်းပူပူကို (၅)ဆုပ် စုပ်ပြီး ပန်ကန်ပြားထဲထည့်ပုံပါ ။ အလည်ခေါင်မှာ ကြက်ဥပြုတ် တစ်လုံးတင်ပြီး နှင်းဆီပန်း ပွင့်ဖတ်တွေကို ခြွေထည့်ပါ ။

ဘုရားစင်အောက် တစ်ဆင့်နိမ့်တဲ့နေရာမှာ တင်ပါ ။ ထိုင်ခုံ ၊ ဗီဒို ၊ စားပွဲ ကြိုက်တဲ့အပေါ်ကို တင်ပြီး … “ထုံထိုင်း ငေးငိုင် ထိုင်းမှိုင်းနေသော စိတ်ကြည် လင်ရပါလို၏” လို့ပြောပြီး (၆)နာရီပြည့်အောင်ထားရပါတယ် ။ ပြီးရင် စီးနေတဲ့ ရေရှင်မှာမျောပေးလိုက်ပါ ။ }

အထက်က{ကွင်း}ခပ်ထားသောနည်းစနစ်သည် ဆရာမင်းနိုင်၏ နည်းစနစ် ဖြစ်ပါတယ် ။လက်တွေ့အသုံးပြု ကြည့်တဲ့အခါ စုန်းပယောဂ အတိုက်အခိုက်များကိုပါ ကာကွယ်ပေးတာ တွေ့ရတဲ့အတွက် ရေးသား တင်ပြပေးလိုက်ပါတယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။