တွံ့တေးမှ နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်ကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဓားစာခံ ဖမ်း ဆီးပြီး အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်၊ လမ်းမတော်NLD အတွင်းရေးမှူး နေအိမ်ချိတ်ပိတ်ခံရ

Local News

တွံ့တေးမှ နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်ကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဓားစာခံ ဖမ်း ဆီးပြီး အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်၊ လမ်းမတော်NLD အတွင်းရေးမှူး နေအိမ်ချိတ်ပိတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တွံ့တေးမှ နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်ကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဓားစာခံ ဖမ်း ဆီးပြီး အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်၊ လမ်းမတော်NLD အတွင်းရေးမှူး နေအိမ်ချိတ်ပိတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်တိုင်း၊ တွံတေးမြို့မှ နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်၏ မိသားစုဝင်များကို အကြမ်းဖက် စစ်ကောင်စီက ဓားစာခံဖမ်းဆီးပြီး အမြင့်ဆုံးထောင်ဒဏ်များချမှတ်ခဲ့ကြောင်း နီးစပ်သူမိသားစုဝင် များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တွံတေးမြို့နယ်၊ ကုန်းဝက်ချောင်းကျေးရွာနေ နိုင်ငံရေးအကျဉ်းသူ ဟောင်း မချိုဇင်သည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် နေအိမ်၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခြင်းခံရပြီး ၅ လ အကြာ ပြန်လည်လွတ်မြောက်လာကာ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် သူမအား အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များ ထပ်မံဖမ်းဆီးရန် ကြိုးစားခဲ့ရာ မချိုဇင်ကို ဖမ်းမိသဖြင့် မိသားစုဝင်များကို ဓားစာခံဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“သူ့ကို ဖမ်းမမိလို့ အပြစ်မရှိတဲ့ မိသားစုဝင်တွေကို ဓားစာခံဖမ်းဆီးသွားတာ၊ ကျန်းမာရေးမကောင်းတဲ့ မိခင်လည်းမချန်ဘူး၊ ကျောင်းသား၊ ကျောင်းသူတွေလည်း မချန်ဘူးရိုက်နှက်ဖမ်းဆီးသွားကာ၊ Light Truck ကားကိုလည်း သိမ်းလိုက်တယ်၊သူမအမျိုး သား ဆိုရင် စစ်ကြောရေးမှာရိုက်နှက်ခံရလို့thayလုမြောပါး ဒဏ်ရာရခဲ့တယ်၊ မthayရုံတမယ်ပဲ၊ မချိုဇင်ရဲ့ မောင်တော်စပ်သူ ကိုအောင်ဇေယျာထွန်း နဲ့အတူအဖမ်းခံရတဲ့ တစ် ယောက်ဆိုရင်thayသွားတယ်၊ အလောင်း တောင်မိသားစုထံပြန်မပေးဘူး၊” ဟု မိသားစုဝင် နှင့်နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ဓားစာခံဖမ်းဆီးခံရသူများမှာ မချိုဇင်၏ မိခင်ဖြစ်သူ ဒေါ်စန်းအေး၊ ဦးလေးတော်စပ်သူ ဦးဉာဏ်ဝင်း၊ မောင်ဖြစ်သူ ကိုအောင်ဇေယျာထွန်း၊ ညီမအငယ်ဆုံး တက္ကသိုလ်ကျောင်းသူ မခင်ပြုံးကြည်၊ ညီမဝမ်း ကွဲတော်စပ်သူ မမြသက်မော်၊ မောင်ဖြစ်သူ ကိုအောင်ဇေယျာထွန်း၏ သူငယ်ချင်းတစ်ဦးတို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီး ခံခဲ့ရ ခြင်းဖြစ် ကြောင်း သိရသည်။

စစ်တပ်က မချိုဇင်၏ မိသားစုဝင်များကို စစ်ကြောရေးလုပ်ပြီးနောက် ဒလမြို့မရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ကာ တရားစွဲ ဆိုခဲ့ခြင်းပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေ စဉ် ငွေများနှင့်အတူ အငှားယူမောင်းနေသော Light Truck ကားကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက မချိုဇင်၏ မိသားစုဝင် များကို ထောင်ဒဏ် အမိန့်များ ချမှတ်ခဲ့ပြီး မချိုဇင်မိခင်ဖြစ်သူ ဒေါ်စန်းအေး၊ မောင်ဖြစ်သူ ကိုအောင် ဇေယျာ ထွန်းနှင့် ဦးလေးဖြစ်သူ ဦးဉာဏ်ဝင်းတို့ကို ပုဒ်မ ၅၂(က)အရ ထောင်ဒါဏ် ၃ နှစ် ကို လည်း ကောင်း၊ တက္ကသိုလ် ကျောင်းသူ မခင်ပြုံးကြည်ကို ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂ (က)တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ကိုလည်း ကောင်း၊ မချိုဇင်၏ ညီမဝမ်းကွဲတော်စပ်သူ မမြသက်မော်ကို ပုဒ်မ ၅၀၅ (က) ထောင် ဒဏ် ၃ နှစ် ချမှတ်ထားပြီး ပုဒ်မ ၅၀ (ည) အတွက် အမှုရင်ဆိုင်ဆဲဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ၅ လမ်း၊ တိုက်အမှတ် ၄၅၊ ၄ လွှာရှိ NLDပါတီ မြို့နယ် အတွင်းရေးမှူး ဦးသိန်းဇော်နေထိုင်ခဲ့သည့် တိုက်ခန်းကို ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ချိတ် ပိတ်သွားခဲ့ကြောင်း သိရသည်။

ဦးသိန်းဇော်ကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဝရမ်း ထုတ်ထားကာ ၎င်း၏ သားသမီးဖြစ်သော သမီးကြီး NLD လူငယ်တာဝန်ခံ သက်ထားဇော် ၊သမီးငယ် NLD လူငယ်ပြန်ကြားရေးမှူးနန်းအဉ္ဇာလီ နှင့် NLD ပါတီဝင် သားအလတ် တို့ကိုလည်း စစ်ကောင်စီ က ဖမ်းဆီးရန် ရှာဖွေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။