တစ်သက်တာကံမြင့်လာဘ်ပွင့်ယတြာ

Astrology

တစ်သက်တာကံမြင့်လာဘ်ပွင့်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်သက်တာကံမြင့်လာဘ်ပွင့်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်သက်တာကံမြင့်လာဘ်ပွင့်ယတြာ

တနင်္ဂနွေသားသမီးဖြစ်ပါက = နန်းကြီးသုပ် ၊ ဒိန်ချဉ် ၊ ဒန်းကြီးညွန့် တို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

တနင်္လာသားသမီးဖြစ်ရင် = အုန်းနို့ခေါက်ဆွဲ ၊ ဩဇာညွန့် တို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

အင်္ဂါ သားသမီးဖြစ်ပါက = ကရေကရာ ၊ ခရေပန်း တို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

ဗုဒ္ဓဟူးသားသမီးဖြစ်ပါက = စမူစာ ၊ ဆီထမင်း ၊ စပယ် ၊ စိန်ပန်းတို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

ကြာသပတေးသားသမီးဖြစ်ပါက = ရှောက်သီးသုပ် ၊ ရွက်လှ ၊ ယင်းမာပန်းတို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

သောကြာသားသမီးဖြစ်ပါက = မုန့်ဖက်ထုတ် ၊ ပိတောက်ညွန့်တို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

စနေသားသမီးဖြစ်ပါက = သစ်သီးတစ်မျိုးမျိုး ၊ သောက်တော်ရေ ၊ သပြေပန်း တို့ကို နေအိမ်ဘုရားတွင် လှူဒါန်းပြီး ဆုတောင်းပါ ။

လှူဒါန်းရမည့်အချိန် = မွေးနေ့မှာ နံနက် ၇း၃၀မှ ၉း၀၀နာရီအတွင်း လှူပါ ။

မှတ်ချက် ။ ။ အမျိုးသမီးများအနေဖြင့် ဓမ္မတာပေါ်နေချိန်တွင် မလုပ်ရပါ ။ ဓမ္မတာပေါ်သည့် နေ့ကစပြီး (၇)ရက်မြှောက်နေ့ ရောက်ပါက အခုယတြာကို လုပ်၍ရပါပြီ ။ စွန့်ယူပြီးလျှင် ကိုယ်ကိုယ်တိုင် စားလိုက စားနိုင်သလို သို့မဟုတ် တခြားသူကို ကျွေးလျှင်လည်း ကျွေးနိုင်ပါသည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။