ရုရှားသမ္မတ ပူတင်ရဲ့အပစ်ရပ်မယ်ဆိုတဲ့ ပြောကြားချက် ဝါဒဖြန့်မှုသက်သက်လို့ ယူကရိန်းပယ်ချ

International News Local News

ရုရှားသမ္မတ ပူတင်ရဲ့အပစ်ရပ်မယ်ဆိုတဲ့ ပြောကြားချက် ဝါဒဖြန့်မှုသက်သက်လို့ ယူကရိန်းပယ်ချ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုရှားသမ္မတ ပူတင်ရဲ့အပစ်ရပ်မယ်ဆိုတဲ့ ပြောကြားချက် ဝါဒဖြန့်မှုသက်သက်လို့ ယူကရိန်းပယ်ချ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်က အပစ်ရပ်မယ်ဆိုတဲ့ ကြေညာချက်ဟာ ဝါဒဖြန့်တာ သက်သက် ဖြစ်တယ်ဆိုပြီး ယူကရိန်းက ပယ်ချလိုက်ပါတယ်။
မော်စကိုက စစ်သားတွေကို ပြန်လည်စုစည်းစုဖွဲ့ဖို့ ဆန္ဒရှိနေတယ်လို့ သမ္မတ ဇလန်းစကီး အကြံပေး မီခေလိုပိုဒိုလ်ယတ်ခ်က ပြောပါတယ်။

အဓိက ရည်မှန်းချက်က ငြိမ်းချမ်းရေးကို အကြောင်းပြပြီး စစ်ပွဲတွင်းမှာ ရုရှားက ရရှိတဲ့အကျိုးအမြတ်တွေနဲ့ ကိယက်ဗ်ကို ပိုဖိအားပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါ တယ်။
ဒီအပစ်ရပ်မယ်ဆိုတဲ့ကြေညာချက်ဟာ ရုရှားက ခဏတာ အနားယူဖို့ ကြိုးစားတဲ့ သဘောမျိုးဖြစ်တယ်လို့လည်း အမေရိကန် သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
ဒီကနေ့ နေလယ်ကနေ အော်သိုဒေါ့စ်ဘုရားကျောင်းက ခရစ္စမတ်နေ့အဖြစ်သတ်မှတ် ထားတဲ့ စနေနေ့ အထိ အပစ်ခတ်ရပ်ထားမှာ ဖြစ်ပါတယ်။

အော်သိုဒေါ့စ်ဘုရားကျောင်းရဲ့ အကြီးအကဲလည်းဖြစ် မစ္စတာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ်လည်းဖြစ်တဲ့ ပက်ထရီအာ့ချ် ကီရေးလ်ရဲ့ မေတ္တာရပ်ခံမှုကြောင့် အပစ်ရပ် ထားတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ယူကရိန်းကို ဒေါ်လာ ၃ ဘီလီယံ တန်ကြေးရှိတဲ့ စစ်ရေး အကူအညီတွေ ဝါရှင်တန်က ပေးဖို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ဒီလိုပေးပို့တဲ့အထဲမှာ စစ်သားတွေကို အကာအကွယ်ပေးပြီး သယ်ဆောင်နိုင် တဲ့ Bradley ယာဥ်တွေ ပါဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပက်ထရီရော့ လေကြောင်းကာကွယ်ရေး စနစ်နဲ့ Marder တိုက်ခိုက်ရေးယာဥ်တွေ ပေးပို့ သွားမယ်လို့ ဂျာမနီအစိုးရရင်းမြစ်က ပြောပါတယ်။
ပေါ့ပါးမြန်ဆန်ပြီး အားပြင်းတဲ့ lat nat တွေ တပ်ဆင်ထားတဲ့ တင့်ကားဖျက် AMX-10 RC တိုက်ခိုက်ရေးယာဥ်တွေ ပေးပို့သွားမယ်လို့ ပြင်သစ်ကလည်းမနေ့က ထုတ်ပြန် ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။