မင်္ဂလာဒုံတွင် ရပ်ကွက် ၅ ခုမှ အိမ်ခြေ တစ်သောင်း နီးပါးကို စစ်တပ်ပိုင်မြေ ပေါ် ကျူးကျော်သည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ပေး၊ လူဦးရေ ၅ သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ရန်ရှိ

Local News

မင်္ဂလာဒုံတွင် ရပ်ကွက် ၅ ခုမှ အိမ်ခြေ တစ်သောင်း နီးပါးကို စစ်တပ်ပိုင်မြေ ပေါ်ကျူးကျော်သည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ပေး၊ လူဦးရေ ၅ သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ရန်ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာဒုံတွင် ရပ်ကွက် ၅ ခုမှ အိမ်ခြေ တစ်သောင်း နီးပါးကို စစ်တပ်ပိုင်မြေ ပေါ် ကျူးကျော်သည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ပေး၊ လူဦးရေ ၅ သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ရန်ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက် ၅ ခု မှ အိမ်ခြေ တစ်သောင်းနီးပါး ကျော် ကို စစ်တပ်ပိုင်မြေ ဧက ၅၆၀ ရှိ မြေပေါ်တွင် ကျူးကျော်ထားသည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က အမိန့်ထုတ်လိုက်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်တပ်က ရပ်ကွက်များကို လော်စပီကာဖြင့် လိုက်အော်ပြီး နေအိမ်များ ဖျက်သိမ်း ထွက်ခွာကြရန်နှင့် နှင်ထုတ်သည့် အမိန့်ကြေညာချက်များကိုပါ ဖြန့်ဝေသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်ရှိ မြေပေါ်တွင် ခွင့်ပြုမဲ့ အဆောက်အအုံများအားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းရန်နှင့် ဖယ်ရှားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။
စစ်တပ်က ဖယ်ရှားခိုင်းသည့် မြေပေါ်တွင် စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မပါလ ရပ်ကွက်၊ မြ၀တီစိုက်ခင်းရပ်ကွက် စုစုပေါင်း ရပ်ကွက် ၅ ခုပါဝင်ကြောင်း၊ ရပ်ကွက်တစ်ခုလျှင် အိမ်ခြေထောင်ချီရှိပြီး ရပ်ကွက် ၅ ခုတွင် အိမ်ခြေ တစ်သောင်းနီးပါးရှိကြောင်း၊ လူဦးရေ ၅ သောင်းနီးပါး နေထိုင်ကြကြောင်း သိရှိရသည်။


“အိမ်​ခြေက အများကြီးပဲ ပါသွားတာ။ ဘိုခြံကနေ နွယ်ခွေအထိပါတယ်။ အခု သိရတာက စစ်တပ်က မြေတိုင်းတာက ထောက်ကြန့် စစ်သင်္ချိုင်းအထိ အကုန်ဖျက်ဖို့ ပေတိုင်းသွားတယ်။ ဒီမှာ နေကြတာ နှစ် ၂၀ လောက်ရှိနေပြီ။ အလုပ် အကိုင် ​တွေက အဆင်မ​ပြေတဲ့အချိန် စားဝတ်​နေ​ရေးအတွက် မနည်း ကြိုးစား​နေရချိန် အခုဖျက်ခိုင်း​တော့ ဒုက္ခ များတာ​ပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ မင်္ဂလာဒုံတပ်နယ်မှ ဗိုလ်မှူးမျိုးသန့်မောင် ဦး ဆောင်‌ ပြီး စစ်ကား ၁၀ စီးဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ ရပ်ကွက် ၅ ခုမှ နေအိမ်များအားလုံး ဖျက်သိမ်းကြရန်နှင့် မဖျက်သိမ်းလျှင် အင်အားသုံးဖယ်ရှားမည်ဖြစ်သည့်အပြင် ဥပဒေအရပါ အရေးယူမည်ဟု လော်စပီကာများဖြင့် အော်ဟစ်ကြောင်း၊ ထို့ပြင် စစ်တပ်က နှင်ထုတ်သည့် အမိန့်စာများကို ရပ်ကွက်တိုင်း၊ အိမ်တိုင်းဖြန့်ဝေသွားကြောင်း သိရှိရသည်။


မင်္ဂလာဒုံမြို့နယ် ရပ်ကွက် ၅ ခုမှ ဒေသခံများ၏ အဆိုအရ ပြည်သူများ လက်ရှိ နေထိုင်သော မြေနေရာများတွင် အရပ်စာချုပ်များဖြင့် နေထိုင်လာကြခြင်းဖြစ်ပြီး အိမ် ကြီးအိမ်ကောင်းများ ဆောက်လုပ်နေထိုင်ကြကြောင်း၊ ဂရန်လျှောက် ထားသူများလည်း ရှိနေပြီး တပ်ပိုင်မြေမဟုတ်ဟု သိရှိထားကြောင်း၊ မြေလွတ်မြေရိုင်း၊ စည်ပင်မြေနှင့် စိုက်ပျိုးရေးမြေများ ဖြစ် ကြောင်း၊ သို့ရာတွင် ယခုမှ စစ်တပ်က တပ်ပိုင်မြေဟု ဆိုကာ ဖယ်ရှားခိုင်းခြင်းမှာ စစ်တပ်၏ မတရား မြေသိမ်းဆည်းမှု လုပ်ရပ်ဖြစ်သည်ဟု ပြောဆိုသည်။
“ဒီနေရာတွေက စိုက်ပျိုးမြေ၊ ဥယျာဉ်ခြံမြေ၊ လယ်မြေတွေပါ။ စစ်တပ်က သိမ်း ထားတာမျိုး မရှိဘူး။ အခုမှ တပ်ပိုင်မြေဆိုပြီး ထလုပ်တာ။ အရင်လယ်ပိုင်ရှင်တွေခြံပိုင်ရှင်တွေနဲ့ အရပ်စာချုပ်တွေ ချုပ်ပြီး နေထိုင်ကြတာ။ နှစ် ၂၀ လောက်ရှိနေပါပြီ။ ဒါ သက်သက် စစ်တပ်အာဏာရှိတဲ့အချိန် အနိုင်ကျင့်တာ။ ပြည်သူတွေကို lat nat ပြ ခြိမ်းခြောက်ပြီး မြေသိမ်းတာပါပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။


လက်ရှိတွင် စစ်တပ်က ၇ ရက်အတွင်း ဖယ်ရှားခိုင်းမှုကြောင့် လူဦးရေ ၅ သောင်း နီးပါး လမ်းပေါ်အိပ် လမ်းပေါ်စား ဖြစ်သလို နေထိုင်ရမည့် အခြေအနေရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ ပဋိပက္ခများဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုကြသည်။
“မတရားလုပ်တာကြီးဗျာ။ လူတွေဗျ။ မိသားစုတွေနဲ့။ ကလေးတွေနဲ့။ ကျောင်းတွေတက်နေကြတာ။ thay နတ်ပြပြီး အနိုင်ကျင့်တာ၊ ခြိမ်းခြောက်တာ၊ လူမဆန်တာ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။
မင်္ဂလာဒုံဒေသခံတချို့ကမူ ပြည်သူကို မတရားလုပ်သော စစ်တပ်အနေဖြင့် ပြည် သူ၏ မုန်းတီးမှုနှင့် ပြည်သူ၏ ဒဏ်ခတ်မှုကို လာမည့်အချိန်တိုအတွင်း ခံရလိမ့်မည်ဟု ဆိုကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။