ဆီးချိုရောဂါနဲ့ ခံတွင်းအနံ့ဆိုးကြားက ဆက်စပ်မှု

Health Knowledge

ဆီးချိုရောဂါနဲ့ ခံတွင်းအနံ့ဆိုးကြားက ဆက်စပ်မှု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးချိုရောဂါနဲ့ ခံတွင်းအနံ့ဆိုးကြားက ဆက်စပ်မှု
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့တွေ ကြက်သွန်ဖြူ၊ ကြက်သွန်နီလို အစားအစာတွေစားပြီးသွားရင် ခံတွင်းအနံ့ဆိုးတွေ ဖြစ်တတ်ကြတယ်မလား။ အဲဒီလိုအစားအစာတွေကြောင့် ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့အပြင် တချို့ကျန်းမာရေးအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခံတွင်းနံ့ဆိုးဖြစ်ရတာက ဆီးချိုရောဂါ၊ ကျောက်ကပ်ပြဿနာ၊ ပန်းနာရင်ကျပ်၊ အသည်းကင်ဆာနဲ့ အသက်ရှုရခက်တဲ့ရောဂါလို ကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ အနံ့ဆူးပြီး သစ်သီးအနံ့ဆိုရင် ဆီးချိုရောဂါကြောင့်အဖြစ်များပါတယ်။ အခြားရောဂါတွေကိုလည်း ခံတွင်းနံ့နဲ့ သတ်မှတ်လို့ရပါတယ်။ ဆီးချိုရောဂါကြောင့် ဒီလိုခံတွင်းနံ့ဆိုးဖြစ်ရတာလဲနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ရေးသားလိုက်ရပါတယ်။

ဆီးချိုရောဂါသည်မှာ ဖြစ်တဲ့ ခံတွင်းအနံ့ဆိုး

သွေးအတွင်းမှာ ကီတုန်း (Ketones) ဓာတ်မြင့်မားမှုကြောင့် ဆီးချိုရောဂါရှိသူတွေမှာ ခံတွင်းအနံ့ဆိုးဖြစ်လာနိုင်ပါတယ်။ ဆီးချိုရောဂါကို ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အပြင် အင်ဆူလင်ဓာတ်ကို လုံလုံလောက်လောက်ထုတ်ပေးရပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် လိုအပ်တဲ့ ဂလူကို့ဓာတ်ကို ဆဲလ်တွေက လုံလုံလောက်လောက်မရကြပါဘူး။ ဒါကို အစားထိုးနိုင်ဖို့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်ပေးဖို့ အဆီတွေကို လောင်ကျွမ်းပေးရပါတယ်။ ဆဲလ်မှာ သိုလှောင်ထားတဲ့အဆီတွေက ဂလူကို့အစားလောင်ကျွမ်းသွားတဲ့အခါ သွေးနဲ့ ဆီအတွင်းမှာ ဖြစ်တည်လာတဲ့ ကီတုန်းဓာတ်ကို ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကီတုန်းဓာတ်ပမာဏမြင့်မားမှုက ခံတွင်းအနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ကီတုန်းပမာဏမြင့်မားမှုက တကယ်တော့ အန္တရာယ်များပြီး နောက်ထပ်အန္တရာယ်များတဲ့ Diabetic Ketoacidosis လို့ခေါ်တဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရတဲ့လူတွေမှာ အဖြစ်များပြီး အချိန်မှီ ကုသနိုင်ဖို့လိုပါတယ်။ ကီတုန်းဓာတ်မြင့်မားခြင်းရဲ့အဖြစ်များတဲ့လက္ခဏာရပ်တွေကတော့

-အသက်ရှုထုတ်လိုက်အခါ ခံတွင်းအနံ့က ချိုအီပြီး အသီးအနံ့သမ်းနေတာ

-မကြာခဏ ဆီးသွားတာ

-ဝမ်းဗိုက်နာကျင်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ

-သွေးအတွင်း ဂလူကို့ပမာဏများတာ

-အသက်ရှုရကျပ်တာ

ခံတွင်းအနံ့ဆိုးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

ခံတွင်းအနံ့ဆိုးက သွေးအတွင်းမှာ ကီတုန်းဓာတ်များတာကြောင့်ဖြစ်တယ်ဆိုရင် ဆေးဝါးနဲ့သာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ခံတွင်းပြဿနာကြောင့်လည်း ခံတွင်းအနံ့ဆိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခံတွင်းပြဿနာကြောင့် ခံတွင်းအနံ့ဆိုးမထွက်ချင်ရင်

-တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ

-လျှာကို တိုက်ပေးဖို့နဲ့ သွားကြားထဲကိုလည်း သွားပွတ်ကြိုးနဲ့

-သန့်စင်ပေးဖို့ မမေ့ပါနဲ့

-ရေဓာတ်ပြည့်ဝစွာ နေပါ

-သွေးအတွင်း သကြားဓာတ်ကို ထိန်းပေးပါ

-သကြားမပါတဲ့ ပူရှိန်ချိုချဉ် နဲ့ ပီကေကို စားပေးပါ

-ခံတွင်းသန့်ဆေးသုံးပေးပါ

-သွားဆရာဝန်ဆီ ပုံမှန်သွားပြပေးပါ

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ခံတွင်းအနံ့ဆိုးထွက်တာကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။