အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့တဲ့ ကင်ညာပြည်သူများ

International News
အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့တဲ့ ကင်ညာပြည်သူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့တဲ့ ကင်ညာပြည်သူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့တဲ့ ကင်ညာပြည်သူများ

ဆယ်စုနှစ် တစ်ခုအတွင်း သစ်ပင် ၁၅ ဘီလျံ စိုက်ပျိုးမယ့် မျှော်ရည်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် ကင်ညာပြည်သူတွေက အစိုးရရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးခဲ့ပါတယ်။ အများပြည်သူဆိုင်ရာ နေရာတွေမှာ သစ်ပင်စိုက်ပျိုးဖို့အတွက် ကင်ညာနိုင်ငံ သစ်တောရေးရာဌာနက ပျိုးပင်တွေကို အခမဲ့ ပေးဝေခဲ့တာပါ။

အစိုးရရုံးပိတ်ရက်မှာ ကင်ညာနိုင်ငံသားတိုင်း သစ်ပင် ၂ ပင် စိုက်ပျိုးရေး ပြဋ္ဌာန်းချက်အရ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ သစ်ပင် သန်း ၁၀၀ စိုက်ပျိုးနိုင်ခဲ့တာပါ။ ကင်ညာနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ ခြံဝန်းထဲမှာ သစ်ပင်စိုက်ပျိုးမယ်ဆိုရင်တော့ ပျိုးပင်တွေကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

ကင်ညာပြည်သူတွေအနေနဲ့ သစ်ပင်စိုက်ပျိုးနေတဲ့ ပုံရိပ်တွေကို Jaza Miti app အသုံးပြုပြီး မှတ်တမ်းတင်ကြဖို့လည်း ကင်ညာအစိုးရက တိုက်တွန်းခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေက သစ်ပင်စိုက်ပျိုးတဲ့မှတ်တမ်းကို အလွယ်တကူ ကောက်ယူနိုင်စေဖို့ ဖြစ်ပါတယ်။ ကင်ညာအစိုးရဟာ ဒီဇင်ဘာလအကုန်မှာ သစ်ပင် သန်း ၅၀၀ စိုက်ပျိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။