စစ်အာဏာသိမ်းမှုကို သပိတ်မှောက်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားများ NUG အသိအမှတ်ပြု New Myanmar Education တွင် တက္ကသိုလ်ဆက်တက်နိုင်မည်

Local News

စစ်အာဏာသိမ်းမှုကို သပိတ်မှောက်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားများ NUG အသိအမှတ်ပြု New Myanmar Education တွင် တက္ကသိုလ်ဆက်တက်နိုင်မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်အာဏာသိမ်းမှုကို သပိတ်မှောက်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားများ NUG အသိအမှတ်ပြု New Myanmar Education တွင် တက္ကသိုလ်ဆက်တက်နိုင်မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသော တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားအခြေခံပြီးမြောက်ထားသူများ၊ GED အောင်မြင်ထားသူများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပထမနှစ်တက်​ရောက်ဆဲဖြစ်​သော နေ့သင်တန်းနှင့် အဝေးသင် ကျောင်းသား၊ ​ကျောင်းသူများအနေဖြင့် NUG အသိအမှတ်ပြု New Myanmar Education တွင် တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ကြားရန် ကျောင်းအပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်၏ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေးအတွင်းမှ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသော CDM ကျောင်းသားအတွက် အဓိကရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း New Myanmar Education က ထုတ်ပြန်ကြေညာထားသည်။


အဆိုပါ ကျောင်းသားများ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် အဓိကရည်ရွယ်၍ ပထမနှစ်ကို စတင်သင်ကြားပေးသွားပါမည်ပြီး ဘာသာရပ်များအနေဖြင့် ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ်များဖြစ်သော Myanmar ၊ English ၊ Geography ၊ History ၊ Economic ၊ Mathematics ၊ Chemistry ၊ Physics ၊ Zoology နှင့် botany စသော အထူးပြုဘာသာရပ်များကို ပထမနှစ် ကျောင်းသားများအတွက် ပထမဆုံး စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကြာမီတွင် မေဂျာမိတ်ဆက်များ စတင်အသိပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရန်အတွက်ကိုလည်း ‌ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ကျောင်းအပ်နှံခြင်း လက်ခံရာတွင် လူဦးရေအကန့်အသတ်ထားရှိမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံရက်ကိုလည်း တစ်ပတ်အတွင်း အပြီးလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
New Myanmar Education သည် ဖက်ဒရယ်ပညာရေး တက္ကသိုလ်ဝင်ခွင့်များ လွယ်ကူစွာ ဖြေဆိုနိုင်ရန် ရည်ရွယ်ပြီး G – 10 ( စနစ်သစ်) ၊ G – 11 (စနစ်ဟောင်း) ၊ G- 11 ( စနစ်သစ်) အတန်းများကိုလည်း သင်ကြားပေးခဲ့ပြီးဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။