သူစိမ်းတွေဖြစ်ပေမဲ့ ရုပ်ရောနာမည်ပါတူတဲ့အတွက် DNA စစ်ဆေးမှုလုပ်ခဲ့ကြတဲ့ အမျိုးသား (၂) ဦး

International News Local News

သူစိမ်းတွေဖြစ်ပေမဲ့ ရုပ်ရောနာမည်ပါတူတဲ့အတွက် DNA စစ်ဆေးမှုလုပ်ခဲ့ကြတဲ့ အမျိုးသား (၂) ဦး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူစိမ်းတွေဖြစ်ပေမဲ့ ရုပ်ရောနာမည်ပါတူတဲ့အတွက် DNA စစ်ဆေးမှုလုပ်ခဲ့ကြတဲ့ အမျိုးသား (၂) ဦး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘရာဒီ ဖီဂယ်ဆိုတဲ့ နာမည်တူ အမျိုးသား (၂) ဦးက သူစိမ်းတွေဖြစ်ကြပေမဲ့ နာမည်တူရုံသာမက ရုပ်လည်းတူကြတာပါ။ သူတို့နှစ်ယောက်လုံးက အရပ် ၆ ပေ ၄ လက်မ၊ အနီရောင်ဆံပင်နဲ့ပါပဲ။ မျက်မှန်တပ်ကြတာချင်းတူကြပြီး ဘေ့စ်ဘောကစားသမားတွေပါပဲ။

အခု အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဒီ မက်သရူး ဖီဂယ် (ဘရာဒီ (၁))ကတော့ မေရီလန်းပြည်နယ်ကဖြစ်ပြီး Texas Rangers’ Triple-A အတွက် ဘေ့စ်ဘောကစားပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဒီ ဂျော့ဂိုရီ ဖီဂယ် (ဘရာဒီ (၂)) က မစ်ဆိုရီပြည်နယ်မှာ မွေးဖွားကာ Oakland Athletics Single-A ဘေ့စ်ဘောအသင်းမှာ ကစားပါတယ်။

၂၀၁၅ ခုနှစ်က ဆရာဝန်တစ်ဦးတည်းမှာ တံတောင်ဆစ်ခွဲစိတ်မှုလုပ်တဲ့အချိန် သူတို့နှစ်ဦးကို စပြီးအမှတ်မှားခဲ့ကြတာပါ။ ဘရာဒီ (၂) က တံတောင်ဆစ်ခွဲစိတ်ပြီးတာ (၆) လ (၇) လလောက်ရှိပါပြီ။ ဒါပေမဲ့ ဆေးရုံက ဘရာဒီရဲ့လေ့ကျင့်ရေးဆရာကို ဘရာဒီက ခွဲစိတ်ဖို့အတွက် ဘယ်အချိန်စာရင်းပေးထားတာလဲ။ မနက်ဖြန် လာနိုင်မလားလို့ ဖုန်းဆက်ခဲ့တာပါ။ ဘရာဒီ (၂) ကလည်း လွန်ခဲ့တဲ့ (၆) လလောက်က ခွဲစိတ်ပြီးထားတာပဲ။ ဘာတွေပြောနေတာလဲပေါ့။ နောက်တော့မှ ဘရာဒီနှစ်ယောက်ရှိနေတာကို သိခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာလည်း Ole Miss Baseball တွစ်တာအကောင့်က ဘရာဒီ (၂) ကို မဟုတ်ဘဲ ဘရာဒီ (၁) ကို မှားပြီး မွေးနေ့ဆုတောင်းလုပ်ပေးခဲ့ပါသေးတယ်။ ဘရာဒီ (၁) က “ဘရာဒီ ဖီဂယ် ချင်းမှားနေတယ်။ bfeigl39 ကို ရှာနေတာဖြစ်နိုင်တယ်”လို့ တုံ့ပြန်ရေးသားပေးခဲ့ပါတယ်။ အဲဒီကျမှ ဘရာဒီတို့(၂) ယောက် တစ်ယောက်နဲ့ တစ်ယောက်ပိုစိတ်ဝင်စားလာခဲ့ကြပါတယ်။

နောက်တော့ သူတို့နှစ်ယောက် သွေးသားတော်စပ်မှုများရှိမလားသိရဖို့ DNA စစ်ဆေးမှုလုပ်ခဲ့ကြပါတယ်။ DNA စစ်ဆေးချက်အရ သူတို့နှစ်ဦးက ရုပ်ချင်းအရမ်းတူပေမဲ့ ဘာမှတော်စပ်မှုမရှိတာတွေ့ရပါတယ်။

သူတို့နှစ်ယောက်က ညီအစ်ကိုအရင်းတွေမဟုတ်ရင်တောင် တစ်ယောက်နဲ့တစ်ယောက်က ညီအစ်ကိုတွေလို ဆက်ဆံရေးရှိနေကြပါတယ်။ “ကျွန်တော်တို့ တစ်နည်းတစ်ဖုံ ညီအစ်ကိုတွေ ဖြစ်နေတုန်းပါပဲ။ ကျွန်တော်တို့ အမြဲတမ်း ဘရာဒီ
ဖီဂယ်ဖြစ်နေမှာပါ”လို့ အသက် ၂၇ နှစ်အရွယ် ဘရာဒီက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။