အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးကောင်မလေး

Celebrity

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးကောင်မလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးကောင်မလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြင်သစ်မော်ဒယ်မ​လေး သီလိန် လီနာ ရို့စ် ဘလွန်ဒိုဟာ အသက် ၄ နှစ်အရွယ်မှာ ပထမဆုံးရှိုးလျှောက်ခဲ့ပြီး ၂ နှစ်အကြာ အသက် ၆ နှစ်မှာ ကမ္ဘာ့အလှဆုံးကောင်မလေးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အခုဆို မော်ဒယ်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီး အသက် ၂၁ နှစ်ရှိနေပါပြီ။ မော်ဒယ်ဆက်လုပ်နေတဲ့အပြင် သရုပ်ဆောင်လည်း လုပ်နေပါတယ်။

သီလိန် လီနာက ပြင်သစ်လူမျိုး ပရီမီးယားလိဂ်ဘောလုံးသမားဟောင်း ပက်ထရစ် ဘလွန်ဒိုနဲ့ တီဗီအစီအစဥ်တင်ဆက်သူ၊ဖက်ရှင်ဒီဇိုင်နာ ဗီရိုနီကာ လိုဘရီတို့ရဲ့သမီးပါ။ သူ့မိဘတွေက ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ဖော်လိုဝါ ၆ သန်းကျော်ရှိတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သူ့အမေ၊ သူ့မောင်လေးတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေကို တင်တာတွေ့ရပါတယ်။ သူ့အတွက် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနေရာဟာ သူ့အမေ၊သူ့မောင်လေးတွေနဲ့အတူ နေနိုင်တဲ့နေရာပါတဲ့။

သီလိန် လီနာက နာမည်ကြီးမဂ္ဂဇင်းတော်တော်များများမှာ မျက်နှာဖုံးမော်ဒယ်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေနဲ့လည်း လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ သူဟာ သရုပ်ဆောင်အနေနဲ့ ၂၀၁၅ ခုနှစ်ရဲ့ Belle & Sebastian: The Adventure Continues မှာ ပထမဆုံးပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ Heaven May ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ကို ထုတ်ခဲ့ပါတယ်။

သီလိန် လီနာက စီးပွားရေးလုပ်ငန်းရှင် ဘာဂျမင် အက်တယ်နဲ့ တွဲနေပြီး စေ့စပ်ထားတယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။

ချစ်သူ ဘာဂျမင်နဲအတူ

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။