မတ္တရာတွင် စစ်ကား ၃ စီးမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂၀ ဦးthay ဆုံး​သည်ဟုဆို၊ မြင်းမူနှင့်ကသာတွင်လည်း စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦးthay ဆုံး

Local News

မတ္တရာတွင် စစ်ကား ၃ စီးမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂၀ ဦးthay ဆုံး​သည်ဟုဆို၊ မြင်းမူနှင့်ကသာတွင်လည်း စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦးthay ဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မတ္တရာတွင် စစ်ကား ၃ စီးမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂၀ ဦးthay ဆုံး​သည်ဟုဆို၊ မြင်းမူနှင့်ကသာတွင်လည်း စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မန္တလေး၊ မတ္တရာမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးthay ဆုံးကြောင်း နတ်ဆိုး (မြေအောက် တော်လှန်ရေးတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုင်ဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် မတ္တရာမြို့နယ် မန်းကျည်းကုန်းရွာနှင့် တောင်ကန်ရွာ အကြားတွင် ပျူစောထီးနှင့် စစ်သားများ အင်အား ၉၀ ခန့် လိုက်ပါလာသော စစ်ကား ၃ စီးကို နတ်ဆိုးတပ်ဖွဲ့ အပါအဝင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂၀ ဦးthayဆုံးခဲ့ကြောင်း သိရသည်။
“မတ္တရာမြို့နယ် မန်းကျည်းကုန်းနဲ့ တောင်ကန်ကျေးရွာကြားမှာ မိုင်းဆွဲခဲ့တာပါ။ အင်အား ၉၀ ကျော်ပါ စကစ ကား ၃ စီးကို ပဒေသာ ၈ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ ပျူစောထီး ၅ ကောင် အပါဝင် ၂၀ ကျော်thay ဆုံးတယ်။ ကား ၁ စီးလယ်ထဲ ထိုးကြသွားပြီး နောက် ၁ စီးက သစ်ပင်ကို ဝင်တိုက်သွားတယ်။ ဒီနေ့ နံနက် ၃ နာရီ ၁၅ မိနစ်လောက်က အခု နံနက်ပိုင်းမှာ ပြန်လာပြီး အလောင်းတွေကို ကားကြီးတွေနဲ့ လာကောက်သွားပါတယ်။ ပျက်နေတဲ့ ကားတွေကိုလည်း ပြန်လာဆွဲနေပါပြီ။ ၁ စီးက မိုင်းဆွဲခံရတော့မောင်းပြေးသွားတယ်။ မနက်မှပြန်လာကျတာ” ဟု နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)မှ ဗိုလ် နတ်ဆိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက် တော်လှန်ရေး တပ်ဖွဲ့)နှင့် တိုက်သိမ်း (မြေအောက် တော်လှန်ရေးတပ်ဖွဲ့ )တို့မှ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် တစ်ဦး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝါစက်ကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်ပစ်ဗုံး ပစ်သွင်းခံရပြီး ၁ ဦးthay ဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဝါစက်ကွင်းတွင် ရှိသော စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၁ဦးthayဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို True Fighter အဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့မှ ပူးတွဲ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း True Fighter အဖွဲ့မှ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးthayဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကသာမြို့နယ် မက်လင်ချောင်ကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၁၅၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဟဲနားကျေးရွာအနီးတွင် ABSDF ကျောင်းသား တပ်မတော်နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးthayဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကသာမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။