မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အပေါ် စစ်ကောင်စီ တုံ့ပြန်စစ်ကောင်စီက ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့မတရားအသင်းတွေနဲ့ မဆက်ဆံဖို့ ထပ်လောင်းသတိပေးတယ်လို့လည်းဆို

Local News
မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အပေါ် စစ်ကောင်စီ တုံ့ပြန်စစ်ကောင်စီက ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့မတရားအသင်းတွေနဲ့ မဆက်ဆံဖို့ ထပ်လောင်းသတိပေးတယ်လို့လည်းဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အပေါ် စစ်ကောင်စီ တုံ့ပြန်စစ်ကောင်စီက ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့မတရားအသင်းတွေနဲ့ မဆက်ဆံဖို့ ထပ်လောင်းသတိပေးတယ်လို့လည်းဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့တဲ့အချက်တွေအပေါ် မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ အချက် ၃ ချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

မြန်မာဟာ အာဆီယံဘုံသဘောထားငါးရပ်ကို အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက မစွက်ဖက်ရေး စတဲ့ အခြေခံမူတွေနဲ့အကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာမှာ ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်၊ အာဆီယံအခြေခံမူတွေနဲ့အညီ တိတိကျကျ လေးစားလိုက်နာဖို့ လိုအပ်ပြီး မြန်မာအစိုးရက ကြေညာထားတဲ့ မည်သည့်အကြမ်းဖက်အဖွဲ့ ၊ မတရားအသင်းတွေနဲ့ ထိတွေ့ဆက်ဆံခြင်း မပြုဖို့ လိုအပ်တယ်လို့လည်းထပ်လောင်းသတိပေးလိုက်တယ်လို့ ပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ အာဆီယံအထူး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ဦးဆောင်မယ်လို့ ပြောလိုက်ပြီး သူဟာ တတိယမြောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ တမန်ဖြစ်လာဖွယ်ရှိနေပါတယ်။

ဒါဟာ မြန်မာမှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အရေးအာဆီယံက ဖြေရှင်းဖို့သံတမန်တစ်ဦးတည်း ခန့်အပ်ပြီးဖြေရှင်းတာကနေ အဖွဲ့အစည်းလိုက် စုစည်းပြီး ဖြေရှင်းဖို့နည်းလမ်းရှာလာတာလည်းဖြစ်ပါတယ်။

မာဆုဒီကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်ရအောင် အင်ဒိုနီးရှားအနေနဲ့အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပြုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့ လည်းပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့အရေးကိုဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့တွေ့ခွင့်ရဖို့ကြိုးစားမယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရေးရာပူးပေါင်းဆောင်ရွက်ရေးဌာနညွှန်ကြားရေးမှူးချုပ်Sidhato Suryodipuro က ဘီဘီစီကိုပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့လိုအပ်ကြောင်း အာဆီယံက ဆက်လက်စွဲကိုင်ထားသလို အာဆီယံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ထိတွေ့ဆက်ဆံဖို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားအပါအဝင် နိုင်ငံတချို့က တိုက်တွန်းမှုတွေရှိနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။