ကမ္ဘာကျော်အဆိုတော်အဲဗစ် ပရက်စလေရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ ကွယ်လွန်

Celebrity International News

ကမ္ဘာကျော်အဆိုတော်အဲဗစ် ပရက်စလေရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ ကွယ်လွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာကျော်အဆိုတော်အဲဗစ် ပရက်စလေရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ ကွယ်လွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


Rock & Roll ဂီတဂန္ထဝင်အဆိုတော်ကြီး အဲဗစ်ပရက်စလေရဲ့တစ်ဦးတည်းသောသမီး လီဆာ မေရီ ပရက်စလေဟာ ရုတ်တရက်နှလုံးရပ်ပြီး ကြာသပတေးနေ့မှာ thayဆုံးခဲ့ပါတယ်။ သူ thayဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိပါပြီ။ သူ thayဆုံးခဲ့တယ်ဆိုတာကို မိခင်ဖြစ်သူ ပရစ်စီလာ ပရက်စလေက ပြောကြားခဲ့တာပါ။

“ကျွန်မ့သမီးလေး လီဆာမေရီက ကျွန်မတို့ကို ထားသွားခဲ့တဲ့ ဝမ်းနည်းစရာကောင်းတဲ့သတင်းကို ထုတ်ပြောရတာ ရင်နာရပါတယ်။ သမီးလေးက ကျွန်မ သိဖူးသမျှထဲမှာ အသန်မာဆုံးနဲ့ ချစ်ဖို့ကောင်းဆုံးအမျိုးသမီးပါပဲ”လို့ ပရစ်စီလာ ပရက်စလေက ဆိုပါတယ်။ လီဆာမေရီ thayဆုံးမှုကြောင့် မိသားစုတွေ ထိတ်လန့်တုန်လှုပ်ပြီး ကြေကွဲဝမ်းနည်းနေကြရတယ်။ ချစ်ပေးကြတဲ့၊ ဆုတောင်းပေးကြတဲ့ သူတွေကို ကျေးဇူးတင်ပြီး ကိုယ်ရေးကိုယ်တာကို လေးစားပေးကြပါလို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

thayဆုံးပြီလို့ ကြေညာချက်မထုတ်ခင် နာရီပိုင်းအလိုမှာ သမီးဖြစ်သူကို ဆေးရုံဆီ အလျင်အမြန်ပို့ဆောင်ခဲ့ရတယ်လို့ ပရစ်စီလာက ပြောကြားခဲ့တာပါ။ အာဏာပိုင်တွေနဲ့ လော့စ်အိန်ဂျလိစ်ကောင်တီ မီးသတ်ဝန်ထမ်းတွေက ကြာသပတေးနေ့နံနက်ပိုင်းလောက်မှာ အမျိုးသမီးတစ်ဦး အသက်ရှုမဝတဲ့အကြောင်း ဖုန်းလက်ခံရရှိခဲ့လို့ လီဆာမေရီရဲ့နေအိမ်ကို သွားခဲ့ရပါတယ်။

လီဆာမေရီက သူ့အဖေလိုပဲ ၂၀၀၀ ပြည့်နှစ်တွေမှာ သူ့ရဲ့ကိုယ်ပိုင်ရော့ခ်အယ်လ်ဘမ်ကို ထွက်ရှိခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ် ဩဂုတ်လမှာ သူ့အဖေ အဲဗစ်ပရက်စလေthayဆုံးတော့ သူ့အသက် ၉ နှစ်ပဲရှိပါသေးတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။