Today’s Affirmation – Seven of Pentacles (Upright)”

Astrology

Today’s Affirmation – Seven of Pentacles (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Today’s Affirmation – Seven of Pentacles (Upright)” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီတစ်နေ့တော့ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံဆိုတဲ့စကားလေးနဲ့ မနက်ခင်းကိုနှုတ်ဆက်ချင်ပါတယ် ။ ဒီ Pentacle ကတ်လေးကိုမြင်တဲ့အခါမှာ ကိုယ်ဟာလမ်းသစ်တစ်ခုရဲ့အစကို ရောက်လို့နေပါပြီ

Tarot Card Mockup

 

ပြန်တွေးကြည့်ရအောင်လေ..
ကိုယ်ကလူမှုရေး ၊ အချစ်ရေးအရ သစ္စာလည်းအဖောက်ခံဖူးမယ် ၊ အများကြီးပုံပေးပြီးမှ စိတ်ပျက်ခဲ့ရတာလည်းရှိမယ် ။ စီးပွားရေးအရလည်း အမှားတွေလုပ်ဖူးတယ် ။ ဒါပေမယ့် Failure ဆိုတဲ့နေရာမှာ ကိုယ့် Progress ကရပ်တန့်မသွားဘူး ။
ဖြည်းဖြည်းတစ်ခါ မြန်မြန်တစ်လှည့် ကိုယ်ဆက်လျှောက်လာခဲ့တယ် ။ အမှားတွေကို အတွေ့အကြုံအဖြစ်ပြန်ပြောင်းယူပြီး ပိုရင့်ကျက်တဲ့ကိုယ်တစ်ယောက် ဖြစ်လာစေခဲ့တဲ့အတွက် အနီးနားရှိတဲ့မှန်ထဲပြန်ကြည့်ပြီး ကိုယ့်အတွက်ဂုဏ်ယူမိကြောင်းလေး အရင်ဦးဆုံးအသိပေးလိုက်သင့်တယ် ။
ဟုတ်တယ်မှလား..? ဒီတစ်တောင်တော့ မကျော်နိုင်ဘူးထင်ပေမယ့် အဆုံးမှာ ကိုယ်လုပ်နိုင်ခဲ့တယ်..

ဒီကတ်လေးက မရေရာခြင်းတွေဆီကခွဲထွက်ပြီး ကိုယ့်ပန်းတိုင်ကိုကိုယ်သိနေပြီလို့ ပြောပေးနေပါတယ် ။ လက်ရှိကိုယ့်မှာ စိတ်အားတက်ကြွမှုတွေရယ် ၊ ကြံဖန်တွေးပူတာလေးတွေ လွန်ဆွဲနေပါတယ်တဲ့.. ။ ဒီအတွက် တကုပ်ကုပ်ကြိုးစားလိုက် စိတ်လေလွင့်သွားလိုက်နဲ့တော့ ဖြစ်နေတယ်လို့သူပြောတယ် ။

များများတစ်ခါထဲမစနဲ့.. အရှိန်ကုန်သွားမယ်တဲ့ ။ Habit တစ်ခုဖြစ်လာဖို့ ခက်ခဲမှု Level အလိုက် အနည်းဆုံး ၂၁ ရက်ကနေ အများဆုံး ရှစ်လကိုးလ တစ်နှစ်လောက်အထိကြာတတ်တယ် ။
ဒါပေမယ့် Worth it ဖြစ်ပါလိမ့်မယ် ။ တစ်ချိန်ပြန်လှည့်ကြည့်တဲ့အခါ လွန်ခဲ့တဲ့တစ်ပတ်ကကိုယ်နဲ့ လက်ရှိကိုယ်နဲ့အကြား ကွာဟချက်ကြီးကြီးမားမား အံ့သြလောက်အောင်တွေ့ရပါလိမ့်မယ်တဲ့..

ကဲ.. Ellie ကတစ်ဆင့် ဒီကတ်လေးရဲ့ Energy တွေစီးဆင်းပြီး သတင်းကောင်းတွေရလာတော့မယ်လို့ Affirm လုပ်ပေးနေပါတယ် ။ အချိန်တစ်ခုအကြာ Manifest လုပ်နေတဲ့သူတွေ ၊ အထူးသဖြင့် လက်တွေ့မှာကိုယ်အားစိတ်အားနဲ့ တတ်နိုင်သလောက်ကြိုးစားတောင့်ခံနေတဲ့သူတွေ ထိုက်တန်တဲ့သတင်းကောင်းတွေ ရောက်လာတော့မယ် ။ အလုပ်အသစ်တွေ အကောင်အထည်စဖော်ဖို့အဆင်ပြေပါတယ် ။
ဒီအတွက် ကိုယ့်အနီးအနားက အဝါရောင်ရှိတဲ့ကိုယ်ပိုင်ပစ္စည်း အဝတ်အထည်တစ်ခုဖက်လှည့်ပြီး (ရွှေရောင်ရှိတဲ့ဘုရားစေတီ/ဆင်းတုတော်/ပုံတော်)ဆိုရင်ပိုကောင်းတယ်.. စိတ်မှာ သံသရာအဆက်ဆက် ကိုယ်ပြုတဲ့ကုသိုလ်အစုစုကို အမျှအတန်းပေးဝေသစ္စာပြုစေချင်တယ် ။ အဓိကအားဖြင့် ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကိုတိုင်တည်ပါ ။
ပြီးတာနဲ့ မှန်ထဲဖြစ်စေ အလုပ်မှာဆိုလည်းဖုန်းကင်မရာကဖြစ်စေ ကိုယ့်ကိုကိုယ်ပြုံးရွှင်ကြည့်ပြီး “အောင်မြင်မှုအသီးအပွင့်တွေ ခံစားရတော့မယ်”လို့ သုံးကြိမ် Affirm လုပ်လိုက်ပါ ။ ကိုယ့်မှာစိတ်လုံခြုံမှုနဲ့ ယုံကြည်ချက်တွေရမယ်လို့ သူပြောတယ် ။

အဓိကစီးပွားရေးနဲ့ ငွေကြေးဆိုပေမယ့် အချစ်ရေး ၊ မိသားစုရေးတွေလည်း အသုံးပြုလို့ရတယ် ။ ဒီကတ်လေးနဲ့ပတ်သက်တဲ့အချိန်ကာလက မေလပါ ။ ဒီအတွက် ကိုယ့်အိပ်မက်အသေးအကြီးနဲ့ ကိုယ့်ယုံကြည်မှုအလိုက် (၃)ရက် (၃)ပတ်ကနေ မေလမကုန်ခင်အတွင်းကို Result ကောင်းတွေသိသာလာမယ်လို့ သတင်းကောင်လေးပါးပေးလိုက်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။