၁၃၈၅ခုနှစ် သောကြာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် သောကြာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် သောကြာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် သောကြာ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခု ၁၃၈၅ခုနှစ်တွင် တစ်နှစ်ပတ်လုံး မည်သည့် ကိစ္စ လုပ်လုပ် ထပ်ကာ ထပ်ကာ ပြုလုပ်ရမည့် နှစ်ဖြစ်သည်။ သြဇာအာဏာ တိုးပွားလိမ့်မည်။ အပြောအဆို မှားယွင်းမှုကြောင့် လွဲချော်မှု ကြုံရတတ်သည်။ မိသားစုနှင့် ပတ်သက်၍ ဆန့်ကျင်ဘက် ဖြစ်နေမည်။ သူတစ်ပါး အရေးကိစ္စများနှင့် ဆက်နွယ်၍ မကောင်းသော သတင်း လွှင့်ခံရမည်။ လူမှုရေး ပြဿနာများကို တတ်နိုင်သမျှ ရှောင်ရှားပေးပါ။ အောက်လက်ငယ်သားများနှင့် ပတ်သက်ပြီး အာမ ခံရမည့် အလုပ်များ မပြုလုပ်သင့်ပါ။

လူမျိုးခြားများနှင့် ပတ်သက်၍ အာမခံ မရဲပါနှင့်။ ပညာရေး၌ ထူးချွန် ထက်မြတ်ပြီး မျှော်လင့်ထားသော ပန်းတိုင် ရောက်မည်။ နတ်တော်လ နောက်ပိုင်းတွင် ကောင်းသတင်းများ ကျော်ဇောပြီး ဝင်ငွေ တိုးတက် ရရှိလိမ့်မည်။ စိတ်ကူးထားသော အရာများ အကောင်အထည် ဖော်ရန် နှောင့်နှေးပြီး ရင်းနှီးမြုပ်နှံမှုများအပေါ် အမြတ်နည်းမည်။ ငွေချေးငှါးက ပြန်မရ ဖြစ်နေမည်။ ကျန်းမာရေးတွင် အရေပြားနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ခံစားရမည်။ အမျိုးသမီးများ သွေးသားနှင့် ပတ်သက်သော ရောဂါများ ဖြစ်မည်။

ဖျော်ရည် ယမကာ၊ စျေးကြီးသော အသုံးဆောင်တို့ ရောင်းဝယ်ခြင်းမှ အကျိုးဖြစ်ထွန်းမည်။ တနင်္ဂနွေ၊ ကြာသပတေး သားသမီးတို့နှင့် အကျိုးတူလုပ်ငန်း အောင်မြင်မည်။ အချစ်ရေး ကံညံ့ပြီး ရွေးချယ်မှု မှားယွင်းနိုင်မည်။

မလွတ်လပ်သူ အမျိုးသား၊ အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရမည့် ဖြစ်ပြီး ဂရုစိုက်၍ ရှောင်ရှားပေးပါ။ အပျို၊ လူပျိုများ တရားမဝင် ငြိစွန်းတတ်သဖြင့် အထူး ဂရုစိုက်၍ နေထိုင်ပေးပါ။ အိမ်ထောင်ရေးကြား အနှောင့်အယှက် ဝင်၍ အဆင်မပြေမှု များမည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ အချိန် အိမ်ဘုရားတွင် ဇီးယို ၃ပန်းကန် ကပ်လှူ ဒါမှမဟုတ် သံဃာတော်များကို နို့ထမင်း ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။