အကြီးမားဆုံးဂီတပွဲတော်တစ်ခုဖြစ်တဲ့ Coachella မှာ ခေါင်းကြီးပိုင်းအဆိုတော်အနေနဲ့ ဖိတ်ကြားခံရတဲ့ First Ever Asian Artist BLACKPINK❞

Celebrity International News
အကြီးမားဆုံးဂီတပွဲတော်တစ်ခုဖြစ်တဲ့ Coachella မှာ ခေါင်းကြီးပိုင်းအဆိုတော်အနေနဲ့ ဖိတ်ကြားခံရတဲ့ First Ever Asian Artist BLACKPINK

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြီးမားဆုံးဂီတပွဲတော်တစ်ခုဖြစ်တဲ့ Coachella မှာ ခေါင်းကြီးပိုင်းအဆိုတော်အနေနဲ့ ဖိတ်ကြားခံရတဲ့ First Ever Asian Artist BLACKPINK ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ဂီတပွဲတော်ကြီးတစ်ခုဖြစ်တဲ့ “2023 Coachella Music Festival” ကြီးမှာ ဖျော်ဖြေကြမယ့် အနုပညာရှင်များ စာရင်းကို တရားဝင်ကြေညာခဲ့ရာ BLACKPINKက “Headliner Artist”အဖြစ် ပါဝင်သွားမှာပဲ ဖြစ်ပါတယ်

BLACKPINK confirmed to headline Coachella 2023 | allkpop

Coachella 2022 Full Lineup Announced | Pitchfork

Coachellaဂီတပွဲတော်ကို အမေရိကန် California ပြည်နယ် Indioမြို့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး BLACKPINKက လာမယ့် ဧပြီလ 15ရက်နေ့နဲ့ 22ရက်
နေ့မှာ “Coachella Main Stage” ကြီးပေါ်တွင် ပါဝင် ဖျော်ဖြေသွားမှာပါ
BLACKPINKက အခုဆို Coachellaဂီတပွဲတော်ကြီးရဲ့ခေါင်းကြီးပိုင်းအဆိုတော်အဖြစ် ပါဝင်လာတဲ့ “First Ever K Pop Artist & Girl Group”ဖြစ်သလို Coachellaမှာ နှစ်ကြိမ်တိုင်တိုင် ဖျော်ဖြေခွင့်ရရှိလာတဲ့ “First Ever Girl Group” ဖြစ်လာပြီပဲ ဖြစ်ပါတယ်

Coachellaသမိုင်းတစ်လျှောက် BLACKPINKအပါ အဝင် Björk, Lady Gaga, Beyoncé, Ariana Grande, Billie Eilishတို့ကသာ Headliner Artists တွေအဖြစ်ပါဝင်ခဲ့ကြတဲ့ “Only Female Artist”တွေပဲဖြစ်ကြပါတယ်

BLACKPINK, First K-Pop Act to Headline Coachella | Hypebae

သီချင်းအပုဒ်ရေအနည်းငယ်ပဲ ထွက်ရှိသေးတဲ့ 2019တုန်းက Coachellaဂီတပွဲတော်ကြီးမှာ ဖျော်ဖြေခဲ့တုန်းကတောင် သတင်းမီဒီယာပေါင်းများစွာနဲ့ ကမ္ဘာတစ်ဝန်းလုံးက လူတွေကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။ 2019တုန်းက ခေါင်းကြီးပိုင်းအဆိုတော် မဟုတ်ခဲ့ပေမယ့် အဲ့ဒီနှစ်ရဲ့Biggest Artistအဖြစ် မီဒီယာတွေရဲ့အသိအမှတ်ပြုတင်စားခြင်းလည်း ခံခဲ့ရပါသေးတယ်။ ပွဲကျင်းပတဲ့ နှစ်ရက်စလုံး ထောင်ပေါင်းများစွာသောဂီတFansတွေ တက်ရောက်ခဲ့တဲ့အပြင် BLACKPINK ဖျော်ဖြေမယ့်ညမှာ ကောင်းကင်ပေါ်က လမင်းကပါပန်းရောင်ပြောင်းသွားပြီး Pinkchellaလို့ တင်စားရတဲ့အထိပါပဲ ။ BLACKPINK အဲ့ဒီနှစ်က ဝတ်ခဲ့တဲ့ Coachella outfitsတွေကလည်း အခုထိရေပန်းစားနေတုန်းဖြစ်ပါတယ်

LISANATIONS on Twitter: "[UPDATE] 190103 — The founder of Coachella, Paul  Tollett, came to Korea last year to personally invite BLACKPINK to be part  of the Coachella lineup ✨ 🔗 https://t.co/EzMEcYjzU5 #블랙핑크 #

ဒါတင်မကသေးပါဘူး Coachellaဂီတပွဲတော်ရဲ့CEOကိုယ်တိုင် သူ့ရဲ့တောင်ကိုရီးယားခရီးစဉ်မှာBLACKPINKကို 2019 Coachellaမှာ ဖျော်ဖြေဖို့ဖိတ်ကြားခဲ့တာလည်းဖြစ်ပါတယ်။ Coachella CEOက ဒီနှစ် BLACKPINKရဲ့”Born Pink” Concert Tourတစ်ခုကို တက်ရောက်အားပေးခဲ့ပါသေးတယ်

ရေးသားသူ – BLACKPINK IN BLINKS AREA

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။