ရွေးကောက်ပွဲရလဒ်ကို အယုံအကြည် မရှိကြောင်း ကြံဖွံ့ဝန်းရံသူများက နေပြည်တော်တွင် ဆန္ဒထုတ်ဖော်

Local News

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကို အယုံအကြည်မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဝန်းရံသူ ၁၀၀၀ ခန့် ယနေ့ နံနက်ပိုင်းက စုဝေး၍ နေပြည်တော်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နေပြည်တော်ကောင်စီက ဟစ်တိုင်(ဆန္ဒပြရန်နေရာ)အဖြစ် သတ်မှတ်ပေးထားသည့် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်များနှင့်ပတ်သက်၍ အယုံအကြည်မရှိကြောင်း ဟောပြောခြင်း၊ ကြွေးကြော်ခြင်းများကို ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည် ရွေးကောက်ပွဲ ကော်မရှင် အယုံအကြည်မရှိ၊ ရွေးကောက်ပွဲရလ ဒ် အယုံအကြည်မရှိ၊ ကိုဗစ်ငွေကြေး မဲဝယ်ပေး အလိုမရှိ စသည့် ကြွေးကြော်သံများကိုလည်းကြွေးကြခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မဲဆန္ဒနယ်အနည်းငယ်တွင်သာအနိုင်ရရှိခဲ့ပြီး မဲဆန္ဒနယ် အများစု မသမာမှုများ ရှိသဖြင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံကြောင်း ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံ၍ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ပြန်သည်။

Leave a Reply