အိန္ဒိယနိုင်ငံမှ ယူနက်စကိုရဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဧရာမကျောက်တုံးကြီး

International News Knowledge
အိန္ဒိယနိုင်ငံမှ ယူနက်စကိုရဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဧရာမကျောက်တုံးကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိန္ဒိယနိုင်ငံမှ ယူနက်စကိုရဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဧရာမကျောက်တုံးကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ် မာမယ်လာပူရမ်မြို့မှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အရာတစ်ခုကတော့ ရူပဗေဒသဘောတရားတွေကို ဆန့်ကျင်နေတဲ့ ဧရာမကျောက်တုံးကြီးပါပဲ။ တောင်စောင်းပေါ်မှာ စကျင်ကျောက်တုံးကြီး ဟန်ချက်ညီစွာရှိနေတာနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေ ရှိပေမဲ့ သိပ္ပံနည်းကျဖြစ်တဲ့ အဖြေမျိုးတော့ မတွေ့ရသေးပါဘူး။

ပလ္လဝဘုရင် Narasimhavarman (ခရစ်နှစ် ၆၃၀-၆၆၈) သည်လည်း ကျောက်တုံးကို ရွှေ့ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။ 1908 ခုနှစ်တွင် ထိုမြို့၏ အုပ်ချုပ်ရေးမှူး အာသာ ဟာလော့ခ်သည် ဘေးကင်းရေး စိုးရိမ်မှုများကြောင့် ကျောက်တုံးအား ၎င်း၏ အနေအထားမှ ရွှေ့ရန် ဆင်ခုနစ်ကောင်ကို အသုံးပြုရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Krishna’s Butterball (အရှင်ခရစ်ရှနားရဲ့ ထောပတ်လုံး)လို့ အမည်ပေးထားတဲ့ ဒီကျောက်တုံးကြီးဟာ ယူနက်စကိုရဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မာမယ်လာပူရမ်မြို့ အထိမ်းအမှတ် ရုပ်ဝတ္တုများစာရင်းမှာ ပါဝင်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။