ငိုချင်ရက်နဲ့ မျက်ရည်ကို ထိန်းထားလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

Health Knowledge
ငိုချင်ရက်နဲ့ မျက်ရည်ကို ထိန်းထားလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငိုချင်ရက်နဲ့ မျက်ရည်ကို ထိန်းထားလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငိုချင်ရက်နဲ့ မျက်ရည်ကို ထိန်းထားလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

ကျွန်တော်တို့လူသားတွေက ဝမ်းနည်းတဲ့အခါ၊ တစ်ခါတလေ စိတ်မကြည်ဖြစ်တဲ့အခါ၊ စိတ်ပူပန်ရတဲ့အခါမျိုးမှာ ငိုမိကြပါတယ်။ မငိုဖူးတဲ့သူဆိုတာ မရှိပါဘူးနော်။ ငိုတယ်ဆိုတာက ကျွန်တော်တို့ရဲ့ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုကို လှုပ်ဆော်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာရပါတယ်။ ငိုချင်ရင် တင်းခံမထားနဲ့ ငိုပစ်လိုက်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။

တချို့လူတွေက အရမ်းငိုချင်နေတာကို မျက်ရည်မကျအောင် ထိန်းထားဖို့ ကြိုးစားတတ်ကြပါတယ်။ တကယ်လို့ မငိုမိအောင် မျက်ရည်ကို ထိန်းထားဖို့ ကြိုးစားမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ဘယ်လိုတွေပြုမူတုံ့ပြန်လာမလဲ။ ဘာတွေဖြစ်လာမလဲဆိုတာကို စာဖတ်ပရိသတ်တွေ သိသွားအောင် ဒီဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။

သင့်ဦးနှောက်က စိတ်ဖိစီးမှုကို မှတ်ယူထားလိုက်တယ်

မျက်ရည်ကျစရာကောင်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာတဲ့အခါ ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုက ခံစားချက်ဖြစ်ပေါ်စေတဲ့ ဦးနှောက်အတွင်းက Amygdala (အမာဂါလဒါ) ဆိုတဲ့နေရာမှာ စတင်တုံ့ပြန်လာပါတယ်။ အမာဂါလဒါက ခန္ဓာကိုယ်တစ်ခုလုံး တုံ့ပြန်လာဖို့ Hypothalamus ဆိုတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းကို အချက်ပြပေးပါတယ်။

အဲဒါက ကျွန်တော်တို့ရဲ့ပစ်ကျူထရီဂလင်းကို Adrenocorticotropic ဟော်မုန်းကို ထုတ်လွှတ်ဖို့အတွက် စိတ်ဖီစီးမှုရှိတယ်လို့ အချက်ပြနေတာပါ။ အဲဒီနောက်မှာ ဒီဟော်မုန်းက ကျောက်ကပ်ညာဘက်အထက်မှာရှိတဲ့ အဒရီနယ်ဂလင်းဆီသွားပြီး စိတ်ဖိစီးမှုဟော်မုန်း ကော်တီဇုန်းကို ထုတ်လွှတ်စေပါတယ်။ ဒါကြောင့် ငိုနေရင် မျက်ရည်ထိန်းထားမယ်ဆိုရင် စိတ်ဖိစီးမှုပိုများလာစေနိုင်ပါတယ်။

နှလုံးခုန်နှုန်းမြန်လာတယ်

သင်က ငိုချင်နေရက်နဲ့ မျက်ရည်မကျအောင် ထိန်းထားမယ်ဆိုရင် အာရုံကြောစနစ်က သင့်ရဲ့နှလုံးခုန်နှုန်းနဲ့ နှလုံးကြွက်သားကျုံ့ဆန်မှုကို မြှင့်တင်ပေးပါတယ်။ သွေးလွှတ်ကြောကားလာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထုတ်လွှတ်ပေးတဲ့ သွေးပမာဏတိုးလာရပါတယ်။

အသက်ရှုတာ ပြောင်းလဲသွားမယ်

သင်က ခံစားချက်ပြင်းထန်လာပြီး သင့်ခန္ဓာကိုယ်ကို ငိုချခြင်းဖြင့် ခံစားချက်တွေကို ပြေလျော့လိုက်ချင်ပေမယ့် မျက်ရည်ကို ထိန်းထားလိုက်မယ်ဆိုရင် အသက်ရှုရခက်တာ၊ အသက်ရှုရတာမြန်တာတွေဖြစ်လာနိုင်ပါတယ်။ သင် စိတ်ဖိစီးတဲ့အခါ နှာခေါင်းနဲ့အဆုတ်ကြားက လေလမ်းကြောင်းက တင်းကျပ်လာတဲ့အတွက် အခုလိုဖြစ်လာရတာဖြစ်ပါတယ်။

လူတော်တော်များများက အကြောင်းအရင်းအမျိုးမျိုးကြောင့် ငိုကြရပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဉ်ရင် ငိုတဲ့အကြိမ်ရေ ပိုများတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ လေ့လာချက်အရ အမေရိကန်အမျိုးသားတွေက တစ်လကို (၁.၉) ကြိမ်လောက် ငိုရင် အမေရိကန်အမျိုးသမီးတွေက တစ်လကို (၃.၅) ကြိမ်လောက် ငိုကြပါတယ်။ တရုတ်နိုင်ငံက အမျိုးသမီးတွေက အမေရိကန်နိုင်ငံက အမျိုးသမီးတွေထက်တောင် ပိုငိုကြတယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။