နွားနို့အရမ်းသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေလား

Health

နွားနို့အရမ်းသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နွားနို့အရမ်းသောက်သုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျိုးဆက်သစ်လူငယ်တွေက နေ့တိုင်း နွားနို့သောက်ပေးခြင်းရဲ့အကျိုးကျေးဇူးတွေအကြောင်းကို သိပြီး ကြီးပြင်းလာခဲ့ကြတာပါ။ နွားနို့တစ်ခွက်မှာ အရိုးအဆစ်သန်မာဖို့၊ ကြွက်သားကြီးထွားဖွံ့ဖြိုးဖို့အတွက် ဆက်စပ်နေတဲ့ အာဟာရဓာတ်ဖြစ်တဲ့ ကယ်စီယမ်ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် နွားနို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေက အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ်ပါပဲ။

Can Drinking Too Much Milk Harm You? - NDTV Food

ဒါပေမဲ့ လေ့လာဆန်းစစ်ထားတဲ့သီအိုရီအရ နွားနို့အရမ်းသောက်တာက သင့်အရိုးအဆစ်တွေကို ကြွပ်ဆတ်စေနိုင်တယ်လို့ ဆိုပါတယ်။ အခုဆောင်းပါးမှာ နွားနို့အရမ်းသောက်မယ်ဆိုရင် တကယ်ဘေးဖြစ်စေတယ်လားဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

နွားနို့အရမ်းသောက်ရင် ဘေးထွက်ဆိုးကျိုးတွေရှိလား

နွားနို့က ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်ပြည့်ဝပါတယ်။ ဒါပေမဲ့ တစ်နေ့ကို နွားနို့ အရမ်းသောက်လွန်းရင် ကျန်းမာရေးကောင်းမယ်လို့ အာမ မခံံနိုင်ပါဘူး။ ကျန်းမာရေးညီညွှတ်တဲ့ နွားနို့ဖြစ်ရင်တောင် လိုအပ်တဲ့ပမာဏထက်လွန်သွားရင် ဘေးဖြစ်နိုင်ပါတယ်။ တစ်နေ့ကို နွားနို့အလွန်အကျွံသောက်တာက သေဆုံးနိုင်ချေနဲ့ အရိုးအက်နိုင်ချေမြင့်မားတယ်လို့ ဆွီဒင်နိုင်ငံက လေ့လာချက်အရ သိရပါတယ်။

သုတေသီတွေအတွက် နွားနို့အရမ်းသောက်တယ်ဆိုတာက တစ်နေ့ကို (၃) ခွက်ထက်ပိုသောက်သုံးတာဖြစ်ပါတယ်။ လေ့လာချက်ရဲ့ရလဒ်က အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်။ တစ်နေ့ကို (၃) ခွက်ထက်ပိုသောက်တဲ့သူတွေက (၁) ခွက်ပဲ သောက်တဲ့သူတွေထက် သေဆုံးနိုင်ချေနှစ်ဆဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသားတွေကတော့ အမျိုးသမီးတွေလောက် မဖြစ်နိုင်ပေမဲ့ သေဆုံးနှုန်းကတော့ သေချာပေါက် တိုးလာစေနိုင်တယ်လို့ သိရပါတယ်။

နွားနို့မသောက်ဘဲ နေသင့်လား

လေ့လာချက်က အခုလိုပြောပေမဲ့ နွားနို့ကို လုံးဝမသောက်နဲ့လို့ ဆိုလိုတာမျိုးတော့မဟုတ်ပါဘူး။ နွားနို့က အာဟာရဓာတ်တွေစုနေတာပါ။ ကယ်စီယမ်ဓာတ်အပြင် ဗီတာမင်ဒီ၊ ဗီတာမင် B12 နဲ့ ပရိုတင်းဓာတ်တွေလို အခြားမရှိမဖြစ်အရေးပါတဲ့အာဟာရဓာတ်တွေနဲ့လည်း ပြည့်ဝနေတာပါ။ နွားနို့ နေ့တိုင်းသောက်ပေးတာက နာတာရှည်ရောဂါဖြစ်ပွားနိုင်ချေကို ဖြတ်တောက်ပေးနိုင်တယ်ဆိုတဲ့ လေ့လာချက်တော်တော်များများလည်း ရှိပါတယ်။ နွားနို့ကို လုံးဝမသောက်ဘူးလို့တော့ မဆုံးဖြတ်လိုက်ပါနဲ့။ ချင့်ချိန်ပြီး သောက်ပေးဖို့ပါပဲ။ နွားနို့ကို (၂) ခွက်ထက် ပိုမသောက်မိဖို့ပါ။ တစ်နေ့ (၁) ခွက်သောက်သုံးပေးတာက အကောင်းဆုံးရွေးချယ်မှုပါပဲ။

နွားနို့အရမ်းသောက်ခြင်းရဲ့အခြားဘေးထွက်ဆိုးကျိုးများ

တစ်နေ့ကို နွားနို့အများကြီးသောက်သုံးတာက ဘေးထွက်ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ သိသားတဲ့ဘေးထွက်ဆိုးကျိုးလက္ခဏာရပ်တချို့ကတော့

ပင်ပန်းနွမ်းလျတာ

နွားနို့အရမ်းသောက်သုံးတာက ခြေကုန်းလက်ပန်းကျသလို ခံစားရစေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ နွားနို့မှာ အူဘေးနံရံတွေမှာ ရောင်ရမ်းလာစေနိုင်တဲ့ A1 casein ဓာတ်ပါဝင်တာကြောင့်ဖြစ်ပါတယ်။

ဝက်ခြံပေါက်တာ

Can Milk Cause Acne? Here are 4 Ways To Treat Dairy Acne

အဆီဓာတ်ပြည့်ဝတဲ့နို့ထွက်ပစ္စည်းတွေ အရမ်းစားသုံးတာက ဝက်ခြံပေါက်တာနဲ့ ဆက်စပ်နိုင်တယ်လို့ Cosmetic and Investigational Dermatology က ဆိုပါတယ်။

ရင်ပြည့်ရင်ကယ်ဖြစ်တာ

Side Effects of Eating Too Much Dairy: Bloating, Acne, Nausea

နွားနို့ကလည်း ရင်ပြည့်ရင်ကယ်ဖြစ်တာလို့ အစာခြေပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ တချို့လူတွေအတွက် နွားနို့အများကြီးသောက်တာက ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။