ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်လုပ်ဆောင်ရမည့်အချက်(၁၂)ချက်

Astrology
ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်လုပ်ဆောင်ရမည့်အချက်(၁၂)ချက်….

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်လုပ်ဆောင်ရမည့်အချက်(၁၂)ချက်…. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်လုပ်ဆောင်ရည့်အချက်(၁၂)ချက်….


လူသားတွေဟာ တခြားကိစ္စများကို မယုံကြည်တာတွေရှိကြပေမဲ့ ကံဆိုတဲ့အရာကိုတော့ ယုံကြည်လက်ခံကြပါတယ် ။ ကိစ္စတခုခုလုပ်လို့ အမှတ်မထင်ပဲအဆင်ပြေသွားရင်ကံကောင်းလို့ လို့ယူဆကြတာများပါတယ် လူ့ဘဝမှာကံဇာတာဟာလည်း အရေးပါတဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ဒါပေမဲ့ ကံတရားကလည်း လူတိုင်းကိုတော့မျက်နှာသာပေးမှာမဟုတ်ပါဘူး ။ မိမိစီ ကံကောင်းခြင်းတွေရောက်လာဖို့ ကောင်းမှုကုသိုလ်တွေများများလုပ်ပေးရမှာဖြစ်ပါတယ် ။

၁။မနက် မျက်နှာသစ်တဲ့အခါသရဏဂုံကို ရွတ်ဆိုပါ။( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ်အနည်းဆုံးသောက်တော်ရေကပ်လှူပါ။( “၇”ရက် သားသမီးများ အေးချမ်းသလိုကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။တစ်နေ့ တစ်ကြိမ်မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ်ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တဈနေ့ တစ်ကြိမ်ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်ရှိခိုးပါ။

( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ငါးပါးသီလကို လုံခြုံအောင်အတတ်နိုင်ဆုံး စောင့်ထိန်းပါ။( သီလအကျိုးကြောင့်
လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကိုအထူးသိတတ်ပါ။( ရောက်ရာအရပ်မှာလူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာနေထိုင်ပါ (စိတ်နောက်ရင်ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက
တစ်ခုခုရဖို့ ကြိုးစားပါ။( လူဖြစ်ရတဲ့ အခိုက်အတန့်မှာလူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကိုအနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )

ရေးသားသူ – အရှင်ပုည( ဝကုန်း )

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။