ဆိုင်ကယ်ကယ်ရီဆွဲနေတယ်ဆိုတဲ့ သရုပ်ဆောင် ညီနန္

Celebrity
ဆိုင်ကယ်ကယ်ရီဆွဲနေတယ်ဆိုတဲ့ သရုပ်ဆောင် ညီနန္

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆိုင်ကယ်ကယ်ရီဆွဲနေတယ်ဆိုတဲ့ သရုပ်ဆောင် ညီနန္ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ညီနန္ဒ ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပင်ပင် သရုပ်ဆောင်နိုင်
တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့ပြီးတော့ ဇာတ်ကားပေါင်း
များစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ညီနန္ဒ ဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့်
ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပေမယ့်လက်ရှိမှာ‌တော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဘာမှမတွေ့ရတော့ဘဲမိသားစုနဲ့အဆင်ပြေပြေ နေထိုင်လျှက်ရှိတာကို‌ တွေ့ရပါတယ်။

သရုပ်ဆောင် ညီနန္ဒ ကတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ အရသာကောင်းမွန်တဲ့ထောပတ်ထမင်း ချက်ရောင်းနေပြီး အော်ဒါများစွာရရှိတာကြောင့် လက်မလည်နိုင်အောင် ရောင်းချနေရပါတယ်နော်။

ဒါအပြင် Online Live Sale တွေရောင်းချပေးတဲ့အလုပ်ကလဲ အောင်မြင်နေပါသေးတယ်။

ညီနန္ဒ ဟာ စီးပွားရေးမှာအောင်မြင်တဲ့အပြင် အိမ်ထောင်ရေးမှာလဲ ‌ကံကောင်းတဲ့ခြင်းတွေကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ညီနန္ဒ ကတော့ ထောပတ်ထမင်း မရောင်းရတဲ့အချိန်တွေမှာ ဆိုင်ကယ်ကယ်ရီဆွဲဖြစ်နေတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်။

” ထောပတ်ထမင်း နဲ့ Live Sale မရှိတဲ့အချိန် ဆိုင်ကယ်Taxi ဆွဲဖြစ်တယ်…” ဆိုပြီး
ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။

ရေးသားသူ – Cele News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။