စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက thayဒဏ် ချမှတ်

Local News

စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက thayဒဏ် ချမှတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက thayဒဏ် ချမှတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်း သား ၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံး က thayဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်း မြစ် များထံမှ သိရှိရသည်။

ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီက တိတ်တဆိတ် ဖမ်းဆီး မှုများ ကြောင့် ပျောက်ဆုံးသွားကြသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံတောင်တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး thayဆုံးခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အင်းစိန် ထောင် တရားရုံးက thayဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီကthayဒဏ်ချမှတ်လိုက်သော ဒဂုံ တက္က သိုလ် ကျောင်းသား ၇ ဦး။

“အခုက အတူ ဖမ်းဆီးရမိပြီးတော့ အကုန်လုံးကို အမှုတစ်ခုတည်း ထောင် ချောက် ဆင် အမိန့်ချတာမျိုး ဖြစ်တယ်။ စစ်ကောင်စီရဲ့ ရှေ့က လုပ်နည်း လုပ်ဟန် အကြမ်းဖက်မှုတွေ အရ တကယ်ကို ကွပ်မျက်လား မကွပ်မျက်ဖူး လား ဆိုတာတော့ ကျနော်တို့ အနေနဲ့ ဆက်လက်စောင့်ကြည့်နေတယ်။ နောက် ပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဒီနေ့thayဒဏ်ကျခံရတဲ့ ကျောင်း သား တွေအတွက် သတင်းစကားတွေကို ကျနော်တို့ အနေနဲ့ ထုတ် ဖော် သွားဖို့ ရှိတယ်” ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် အင်းစိန်ထောင်တရားရုံးက ပုဒ်မ ၃၀၂ (က) ဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကိုthayဒဏ် ချမှတ် ခြင်းဖြစ်ပြီး ကျန်ရှိနေသော အမှု ၂ မှုကို လည်း ဆက်လက်စစ်ဆေးနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဇူလိုင်လတွင် ၈၈ ကျောင်းသား ခေါင်း ဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် တော် လှန်ရေးရဲဘော် ၄ ဦးကို thayဒဏ်ချမှတ်ပြီး ကြိုးပေးthetဖြတ်ခဲ့သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။