“Today’s Affirmation – 4 of Swords (Upright)”

Astrology

“Today’s Affirmation – 4 of Swords (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “Today’s Affirmation – 4 of Swords (Upright)” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“Today’s Affirmation – 4 of Swords (Upright)”
Tarot Card Mockup

ဖေဖော်ဝါရီရဲ့ ပထမဆုံးကတ်လေးအဖြစ် 4 of Swords ကတ်လေးရလာပါတယ် ။ ဇန်နဝါရီက လူတော်တော်များများအတွက် လွယ်ကူတဲ့အစတစ်ခုတော့ မဖြစ်ခဲ့လောက်ဘူး ။ ခရီးရောက်တန်သလောက် ရောက်ပေမယ့် လမ်းခုလတ်မှာစိတ်ပင်ပန်းတာတွေ ၊ ထိရှစရာလေးတွေနဲ့ စိန်ခေါ်မှုအတော်အတန်ရှိခဲ့တယ်.. ။

ဖေဖော်ဝါရီမှာတော့ အနည်းနဲ့အများအနည်ထိုင်လာပြီပြောရမယ် ။ ကိုယ်လည်းပိုရင့်ကျက်လာသလို စိတ်ထားတတ်လာပြီ ။ မလုပ်နိုင်တာမလုပ်ဘူး လုပ်နိုင်တာလေးတွေ တွန်းလုပ်သွားဖို့ရှိနေတယ် ။ ဖေဖော်ဝါရီလဆန်းလေးကတော့ ရာသီခွင်တော်တော်များများအတွက် စိတ်သွားသလောက်မရောက်တာလေးတွေ ကျန်နေဦးမယ် ။ ဒီအခိုက်အတန့်လေးကို စိတ်ရှည်ရှည်နဲ့ ကျော်လွန်နိုင်သွားရင်ကို ကိုယ့်ရဲ့ကံကောင်းမှုလေးတွေ ပြန်ရောက်လာပါတော့မယ် ။

Four of Swords ကဘာပြောချင်နေလဲ?

ကိုယ့်ကို စိတ်အေးအေးထားဖို့ပြောနေတယ် ။ စိတ်ရောလူရော အနားယူပါ ။ အကုန်ပစ်ချခိုင်းတာတော့ မဟုတ်ဘူးပေါ့ ။ လုပ်တန်တာလေးလုပ်.. ကိုယ့်တာဝန်လေးတွေပြီးတာနဲ့ ကိုယ်ပိုင်အချိန်လေးတွေကတဆင့် ပြန်ပြီး Rest လုပ်ဖို့တိုက်တွန်းနေပါတယ် ။
ဒီရက်ပိုင်းမှာ တိုးတက်ချင်စိတ်တွေများသလို ဖိအားတွေလည်းများနေဖို့သေချာပါတယ် ။ Four of Swords မှာတချို့ကတ်လေးတွေနဲ့တွဲလာရင် စိတ်ပူသင့်တဲ့အဖြေတွေပေးလေ့ရှိပေမယ့် သူ့သီးသန့် Energy အရတော့ အားတက်စရာလေးပဲပေးတယ်လို့ ခံစားမိတယ် ။

ကိုယ်ဘာလုပ်ရမလဲဆိုရင် လတ်တလောလမ်းပျောက်နေရင် တအားကြီး Rush မလုပ်ပါနဲ့ ။ လတ်တလော စိတ်နှစ်ပြီးကြိုးစားနေတာမျိုးမှာလည်း Work-Life Balance လေးပြန်ရှာပါလို့ အကြံပေးချင်တယ် ။ အထူးသဖြင့် ပြန်ပြီး Recharge လုပ်တဲ့ဖက်ကို ပိုအားသာသင့်တယ် ။

ဇန်နဝါရီမှာ ကိုယ့်တိုက်ပွဲတွေအောင်နိုင်ခဲ့သလို ထိခိုက်ရှနာလည်း ရှိတန်သလောက်ရှိခဲ့လိမ့်မယ် ။ ဒီအတွက် တစ်နေ့တာတာဝန်လေးတွေပြီးရင် ပြန်ပြီးအပန်းဖြေဖို့ကိုယ်ထိုက်တန်ပါတယ် ။ ဒီကတ်လေးမြင်တဲ့အခါ.. လက်ရှိအခြေအနေလေး ပြန်သုံးသပ်ကြည့်ပါ ။ စိတ်အနားယူပါ ။ ချစ်တဲ့သူတွေကိုဖုန်းခေါ်ပါ ။ တစ်ကိုယ်ထဲအချိန်လေးတွေရှာပါ ။ Toxic ဆက်ဆံရေးတွေကနေ Break ယူပါ ။

ရပ်လိုက်လို့ဘယ်ရမလဲ.. မကြိုးစားရင်သူများကျော်တက်သွားမှာပေါ့.. ။ မှန်ပါတယ်.. Effort မထုတ်နဲ့လို့မပြောဘူး ။ ဒါပေမယ့် မကြာခင်အချိန်မှာပဲ အခွင့်အလမ်းအသစ်တွေ ၊ စိတ်နှစ်ပြီးကြိုးစားစရာတွေ ၊ Excited ဖြစ်ရမှာလေးတွေ ရောက်လာတော့မယ် ။ February လအတွက် Predictions မှာလည်းပြောထားခဲ့တယ် ။

မနက်စောစောထနိုင်ဖို့ ညဖက်ကြိုပြီးအိပ်ခိုင်းတာမျိုးပေါ့ ။ မကြာခင်ပဲ ကိုယ်ကြိုးစားသလောက် ခရီးရောက်မယ့်ကာလလေးတွေ လာတော့မယ် ။ ဒီအတွက် နားပါ ၊ ကိုယ့်လက်ရှိ Progress လေးကိုပြန်ကြည့်ပါ ၊ ဘယ်လမ်းဆက်လျှောက်မလဲ ၊ ဘာတွေထားပစ်ခဲ့မလဲ ဖေဖော်ဝါရီအတွင်းကို သဘောပေါက်လာဖို့ရှိတယ် ။

ဒီအတွက် လက်ရှိအခိုက်အတန့်လေး အထူးသဖြင့်ဒီနေ့တစ်ရက်ကလေးကတော့ ဘာမှတွေးမနေပဲ စိတ်အေးလက်အေး အနားယူလိုက်ဖို့တိုက်တွန်းချင်တယ် ။ ဒီကတ်လေးမြင်တဲ့အခါ အရှေ့အရပ်ကိုမျက်နာမူပြီး မျက်လုံးလေးဖွဖွမှိတ်လိုက်ပါ ။ ငြင်ငြင်သာသာလေး ဝင်သက်ကိုတစ်ဝရှူပြီး ငါးစက္ကန့်လောက်အောင့်ထားပါ ၊ ခနနေ ခပ်ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ ။ ကိုယ့်စိတ်ထဲ ကြည်လင်ပြုံးရွှင်နေတဲ့ ကိုယ်ပြုံးနေဟန်လေးမြင်ယောင်နေဖို့လိုတယ် ။ အချိန်ရတယ်ဆို အနည်းဆုံးသုံးကြိမ်က ငါးကြိမ်လောက်အထိ ပြုလုပ်နိုင်ပါတယ် ။

သတင်းကောင်းလေးပေးရရင် .. ဒီရက်ပိုင်းလေးတွေမှာ တရားမှတ်ခြင်း ၊ အာနာပါနကျင့်စဥ်ကတဆင့် သိသိသာသာ အကျိုးအမြတ်တွေရလာဖို့ရှိတယ် ။
“စိတ်ရောလူရော အနားယူခြင်းကတစ်ဆင့် ကိုယ့်လမ်းစဥ်ကိုပြန်ရှာတွေ့ပါလိမ့်မယ်”

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။