“ခွင့်လွှတ်ပါ” ဆိုတဲ့ သီချင်းအသစ်လေး နဲ့ EX ကိုတောင်းပန်စကားဆိုလိုက်တဲ့ “လွှမ်းပိုင်”

Celebrity
“ခွင့်လွှတ်ပါ” ဆိုတဲ့ သီချင်းအသစ်လေး နဲ့ EX ကိုတောင်းပန်စကားဆိုလိုက်တဲ့ “လွှမ်းပိုင်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ခွင့်လွှတ်ပါ” ဆိုတဲ့ သီချင်းအသစ်လေး နဲ့ EX ကိုတောင်းပန်စကားဆိုလိုက်တဲ့ “လွှမ်းပိုင်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ဂီတလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲတစ်တွဲပါ။ တွဲလာတဲ့ ချစ်သူသက်တမ်း ကလည်း ကြာခဲ့ပါပြီ။နှစ်ယောက်လုံးကလည်း Hip-Hop ဂီတလောကရဲ့ နာမည်ကြီး တွေပါ။ ဂီတလောက ထဲကို စတင်ဝင်ရောက်လာခဲ့တည်း သူတို့နှစ်ဦးကြားက ပတ်သက်မှုကို အတိအလင်းအသိပေးပြီး တွဲလာခဲ့ပြီး နောက် ချစ်သူသက်တမ်း (၁၃) နှစ်ကျော်အကြာမှာ လမ်းခွဲပြတ်ဆဲလိုက်ကြတာပဲ ဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ အချစ်ရေး အခုလိုဆုံးခန်းတိုင်သွားခဲ့ပြီဆိုပေမယ့် ပရိသတ်တွေ ကတော့ နှမြောတသရှိကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းပိုင်ရော Bobby Soxer ရောက အလုပ်တွေကိုရှေ့ဆက်လုပ်ကိုင်နေကြပြီး အေးအေးဆေးဆေး ရှိကြတာပဲဖြစ်ပါတယ်။

လွှမ်းပိုင်ဟာ သူ့ရဲ့facebook page မှာ ပိုပိုဟေသာနဲ့အတူ ခွင့်လွှတ်ပါ ဆိုတဲ့သီချင်းကို ver 2 အနေနဲ့ အတူတူသီဆိုထားတာကို တင်ထားခဲ့တာဖြစ်ပါတယ်။ သီချင်းဆိုနေရင်းနဲ့ လွှမ်းပိုင်ဟာ ခံစားချက်တွေပြင်းထန်နေတာကို သူ့ရဲ့မျက်နှာကခံစားချက်တွေကိုမဖုံးထားနိုင်ပဲကြည့်နေသူတိုင်းသတိထားမိစေလောက်အောင် ခံစားချက်ကပေါ်လွင်နေတာဖြစ်ပါတယ် ။ ဆိုတိုင်းမှာခံစားချက်တွေအပြည့်အဝပါဝင်နေပြီး ဒီခံစားချက်တွေကဘယ်သူ့ကိုရည်ရွယ်သလဲ ဆိုတာ စာဖတ်သူလည်းသိမယ်ထင်ပါတယ်

ပရိသတ်တွေ ကတော့ လွှမ်းပိုင်နဲ့ Bobby Soxer ကို ပြန်လည်အဆင်ပြေစေချင်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့နှစ်ယောက်စလုံးက သူတို့ရဲ့ဆုံးဖြတ်ချက်ကို သေချာနှစ်ရှည်စဉ်းစားပြီးမှ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

 

ရေးသားသူ – The News Post

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။