ရွှေတိဂုံ ဘုရားပေါ်က ယောဂီဝတ် တစ်ဦးအား မလေးမစားလုပ်မိသဖြင့် ဒုက္ခရောက်သွားကြသော လူငယ်တစ်စု

Local News

တစ်ခုသော စနေနေ့ ညပိုင်း ရွှေတိဂုံဘုရား မြောက်ဖတ်မုဒ်အနီးတွင် အညိုရောင် ဝတ်စုံဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦးသည် စိတ်ပုတီးကြီး လည်ပင်းမှာဆွဲကာ တစ်ဦးတည်း တရားထိုင်နေလေသည်။ များမကြာမှီ  မြောက်ဖတ်မုဒ်မှ တတ်လာဟန်ရှိသော မိန်းမပျို သုံးဦးသည် ဘုရားရင်ပြင်တော်ပေါ်သို့ လမ်းလျှောက်လာရင်း ထိုပုဂ္ဂိုလ် အနီးသို့ရောက်သောအခါ ထိုင်၍ ဦးချကြလေသည်။ မျက်လုံးအစုံကို မှိတ်၍ သမာဓိထူထောင်နေသော ထိုပုဂ္ဂိုလ်သည် အဆိုပါ မိန်းမပျို သုံးဦး ဦးချနေသည်ကို မျက်လုံးမှိတ်ထားသော်လည်း သိရှိနေသည့်အလား အသာအယာပင် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်၍ ကြည့်ရှုလေသည်။

“အဘရှင့် အဘကိုကြည့်ရတာ ကြည်ညိုစရာကောင်းလွန်းလို့ သမီးတို့ ဦးချလိုက်တာပါ။ သမီးတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်။” ဟု မိန်းမပျို တစ်ဦးက သာယာသောအသံဖြင့် ပြောလေသည်။ အဆိုပါ ယောဂီကြီးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ” ရေစက်ရှိလို့တွေ့ကြရတာပါကွယ်။ ဘာမှတောင်းပန်မနေပါနဲ့။ ပဌန်းဆက်အရတွေ့ကြရတာ ဖြစ်လို့ တူမကြီးတို့ကို အဘဆုပေးပါမယ်။”  ဟုဆိုကာ ” ကျန်းမာပါစေ။ သက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ” ဟုဆိုကာ ဆုမွန်ကောင်းများ တောင်းပေးလေသည်။

ထို့အပြင် ထိုမိန်းမပျိုသုံးဦးတို့အား ပီယသိဒ္ဒိကောင်းမွန်သည်ဟုဆိုသော အဆောင်လက်ဖွဲ့ကို တစ်ခုစီ ချီးမြှင့်လေရာ မိန်းမပျိုများ၏ မျက်နှာမှာ ဝင်းပလျက်ရှိလေ၏။ အလုံးစုံပြီးစီးသွားသောအခါ ထိုမိန်းမပျို ၃ ဦးမှ အဆိုပါ ပုဂ္ဂိုလ်အား ပြန်ခွင့်ပြုရန် တောင်းပန်ပြီး ငွေကြေးများ ပူဇော်သွားကာပြန်သွားကြလေသည်။ 

ယင်းအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရသော လူငယ် လေးယောက်လည်းရှိပေသည်။ ထိုလူငယ်များထဲမှ အနည်းငယ်ပါးစပ်ဆော့သောလူတစ်ယောက်က “ ဪ အခုခေတ်က ဘာမှပင်ပင်ပန်းပန်းလုပ်စရာမလိုပဲ ဘုရားမှာထိုင်စောင့်ပြီး မသိနားမလည်တဲ့လူတွေစီက ငွေကိုအသာလေးယူလို့ရတဲ့ခေတ်ကိုး“ ဟု မကြားတကြားအော်ပြောလိုက်လေသည်။ ယင်းစကားကို ယောဂီပုဂ္ဂိုလ်ကကြားသွားသောအခါ “ လူလေးတို့ အဘစီခဏ လာပါဦးကွာ“ဟု ခေါ်လိုက်လေသည်။

ထိုလူငယ်လေးယောက်သည် အဆိုပါပုဂ္ဂိုလ်အနီးသို့ရောက်သွားသောအခါ အဆိုပါ ပုဂ္ဂိုလ်မှ မိမိသေချာမသိမနားလည်ပဲ လူတစ်ဖတ်သားကို မဝေဖန်သင့်ကြောင်း၊ အထူးသဖြင့် သူတော်ကောင်းတရားကို အားထုတ်နေသော ပုဂ္ဂိုလ်များကို ပို၍ပင် မဝေဖန်သင့်ကြောင်း ပြောဆိုဆုံးမလေသည်။ ယင်းသို့ ပြောဆိုဆုံးမနေစဉ် ကောင်လေးတစ်ယောက်မှ “ဟာ အဖိုးကြီးကတော့ ဘာတွေလာပြောနေမှန်းမသိဘူး။ အချိန်လည်းကုန် နားလည်းညည်းတယ်“ဟု အော်ဟစ်ပြောဆိုလိုက်လေသည်။ ထိုအချိန်တွင် ရုတ်တရက် ရင်ပြင်တော်တစ်ခုလုံး တိတ်ဆိတ်သွားက မှောင်အတိကျသွားလေသည်။

ယင်းကဲ့သို့ လက်တွေ့မြင်လိုက်ရသောကြောင့် ထိုလူငယ်လေးယောက်မှာ အဆိုပါပုဂ္ဂိုလ်အား မိမိတို့သိ မသိနားမလည်သောသူများဖြစ်သောကြောင့် ဗွေမယူပါရန်။ နောင်တွင် ထိုကဲ့သို့ ပါးစပ်သရမ်းမှုများ မပြုလုပ်တော့ပါ ဟု ငိုယိုတောင်းပန်ကြလေသည်။ ထိုခဏတွင်ပင် ရင်ပြင်တော်ပေါ်မှ မီးများပြန်လင်းလားပြီး ယောဂီအဘမှ တည်ငြိမ်စွာ စကားတစ်ခွန်းကို ပြောကြားလိုက်လေသည်။ “ဟကောင်တွေရ။ မီးပျက်သွားတာကွ။ နဲနဲ ဉာဏ်လေးဘာလေးသုံး ြပီး စဉ်းစားကြပါဦး။ -ိဒမ 

Leave a Reply