သြစတေးလျနိုင်ငံမှာကျင်းပတဲ့ဖျော်ဖြေပွဲမှာ ပရိတ်သတ် တွေအထင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ ချမ်းချမ်း

Celebrity

သြစတေးလျနိုင်ငံမှာကျင်းပတဲ့ဖျော်ဖြေပွဲမှာ ပရိတ်သတ် တွေအထင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ ချမ်းချမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သြစတေးလျနိုင်ငံမှာကျင်းပတဲ့ဖျော်ဖြေပွဲမှာ ပရိတ်သတ် တွေအထင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ ချမ်းချမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်းကိုတော့ အထူးအထွေ မိတ် ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါ တယ်.။ ချမ်းချမ်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့ အောင်မြင်ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် တစ်ဦးဆိုလည်း မမှားပါဘူးနော်.။ ချမ်းချမ်းဟာ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွက် ရန်ပုံငွေရရှိဖို့ သြစတေးလျနိုင်ငံအနှံ့မှာ သီချင်းဆိုဖျော်ဖြေမှုတွေပြုလုပ်နေလျက်ရှိပြီး တစ်မြို့ပြီးတစ်မြို့မှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေပေးနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချမ်းချမ်း သူမရဲ့ သြစတေးလျ Tour နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့အထင်အမြင်လွဲမှားမှုတွေကိုပြန်လည်ဖြေရှင်းလာတာတွေ့ရပါတယ်။ချမ်းချမ်းက “သေချာလေးဖတ်ပေးပါနော် စိတ်ရှင်းစွာနဲ့ပြောလိုက်ပါရစေ

Perth မြို့မှာရှိတဲ့ပရိတ်သတ်တွေ အားလုံးမဂ်လာပါ။ စိတ်မကောင်းစွာနဲ့ တချို့ ပရိတ်သတ်တွေဆီက ပြန်ကြားရတဲ့ စကားလေးတွေကြောင့် ကျမ ကို အထင်လွဲနေတာကို စိတ်ရှင်းစေချင်လို့တခါတည်းရှင်းပြလိုက်ချင်ပါတယ် ကျမ ဟာ ဒီဩစတြေးလျရံပုံငွေဖျော်ဖြေရေးခရီးစဉ်ကို စတင်ကတည်းက ပွဲပီးတိုင်း ပရိတ်သတ်နဲ့ ဓါတ်ပုံရိုက်တဲ့ photo session ကို အမြဲထည့်ပေးပါတယ်။ ကျမ ဘယ်လောက်ပဲ ပင်ပန်းပါစေ အမြဲ ပရိတ်သတ်အတွက်မြို့တိုင်းအားနဲ့ခွန်နဲ့ ဖျော်ဖြေပေးခဲ့တာ အားလုံးအသိပါပဲ တခါမှမခို ကပ်ခဲ့ပါဘူး။ကျမ ရဲ့ live တွေကိုကြည့်တဲ့သူတွေသိပါတယ်။

ဒါပေမဲ့ Perth မြို့မှာဖျော်ဖြေပီးပွဲအပြီး ဓါတ်ပုံရိုက်တဲ့ အချိန်မှာ တချို့က စာရင်းသွင်းခိုင်းလို့ လူအစေ့မရိုက်လိုက်ရလို့ တယောက်တပေါက် အထင်လွဲစွာနဲ့ ကျမကို ပြောတာကို နားလည်အောင်ရှင်းပြချင်တာပါ။

၁–Perth မြို့ကမြန်မာအဖွဲ့စည်းက ဓါတ်ပုံရိုက်တဲ့အခါ ပရိတ်သတ်ကို ပွဲပီးရင် photo session မှာ ရိုက်ချင်တဲ့သူတွေ စာရင်းပေးလို့ရတယ်။ သူတို့ ပရိတ်သတ်ကိုကြေငြာထားပြီးသားလို့သိရပါတယ်။

၂–စင်ပေါ်မှာ presenter ကနေ ပရိတ်သတ်တွေကို အစီစဉ်ကြေငြာတာသူတို့ထည့်ပြောပြီးသား ပရိတ်သတ်တွေလဲ ဒါကိုသိပြီးသားလို့ ကျမလဲ တကယ် ထင်ခဲ့တာပါ။””

၃—ဒီလို အယောက်၃၀/၄၀ ရိုက်ပေးမယ်လို့ ကျမဘက်က တခါမှမပြောခဲ့ပါဘူး။ခကျမဖျော်ဖြေခဲ့သမျှ အားလုံးမှာလဲပရိတ်သတ်နဲ့ အကုန်ရိုက်လို့ရအောင် ဖိတ်ခေါ်တဲ့မြို့ကပဲ security နဲ့ အဆင်ပြေအောင် စီစဉ်ပေးခဲ့တာပါ။

၄—တချို့သောပရိတ်သတ်တွေဆီက ပြန်ကြားရတာက ကျမက အကုန်မရိုက်ပေးဘူးလို့ သူတို့ပြောနေကြတာ စိတ်မကောင်းစွာပြန်ကြားရတာပါပဲ။ အဲ့ညကပွဲကိုလာတဲ့သူတို့အကုန်မြင်ပါတယ်။ ဘယ်သူလာလာကျမ ရိုက်ပေးပါတယ်။ ရိုက်နေတုန်း အဖွဲ့စည်းက မိုက်နဲ့လှမ်းအော်ပီး အဲ့လိုရိုက်လို့မရဘူး နံပါတ်နဲ့စာရင်းပေးထားသူပဲလို့ပြောတဲ့အချိန်မှာ ကျမ လဲ အဆင်ပြေအောင်တတ်နိုက်သမျှ ရိုက်ပေးခဲ့ပါတယ်။

၅—တကယ်လို့ရိုက်ခွင့်မရလိုက်တဲ့ပရိတ်သတ်တွေကိုနားလည်စေချင်တာက ဒီ အစီစဉ်ဟာ ကျမ စီစဉ်တာမဟုတ်ပါဘူး။ ပရိတ်သတ်တွေ စာရင်းပေးရိုက်ရတယ်လို့ အဖွဲ့စည်းကပြောရင် ပရိတ်သတ်အားလုံးသိအောင် သူတို့ ဘက်က စင်ပေါ်ကနေပဲဖြစ်ဖြစ် လက်မှတ်ရောင်းတဲ့ အချိန်နဲ့တခြားအားလပ်နေတဲ့အချိန်မှာကြေငြာပေးရတာပါ။

၆–ပွဲပြီးတော့ အခုလို ကျမကို ကြီးကျယ်တယ် ဓါတ်ပုံတောင်စာရင်းပေးရမယ်ဆိုပီးပြောကြတော့ ဒါဟာ ကျမအတွက် အတော်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ကျမတခါမှ အဲ့လိုမပြောခဲ့ပါဘူး။

တကယ်လို့ ကျမနဲ့Perthမြို့က ပရိတ်သတ်တွေ ဆုံချငိဓါတ်ပုံအမှတ်တရ ရိုက်ချင်ရင် ကျမဒီနေ့ Hyatt hotel မှာရှိနေပါတယ်။ ကျမ မပြန်ခင်လေး ပရိတ်သတ်တွေနဲ့ဆုံချင်ပါတယ်။ ဘယ်သူမဆို လွတ်လပ်စွာ လာရောက်တွေ့ဆုံနိုင်ပါတယ်နော် ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ – Pya Zet News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။