ဟောင်ကောင်မင်းသားကြီး တိုနီ လျန် ကို ဓာတ်ပုံရိုက်ပေးတဲ့ အသက် ၉ နှစ်အရွယ်ကလေးဓာတ်ပုံဆရာ

Celebrity International News
ဟောင်ကောင်မင်းသားကြီး တိုနီ လျန် ကို ဓာတ်ပုံရိုက်ပေးတဲ့ အသက် ၉ နှစ်အရွယ်ကလေးဓာတ်ပုံဆရာ

အာရှရဲ့အအောင်မြင်ဆုံးနဲ့ အသိအမှတ်ပြုခံရဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး တိုနီ လျန်ဟာ မကြာသေးခင်က ဓာတ်ပုံရိုက်ကူးမှုတစ်ခုလုပ်ခဲ့ပါတယ်။ သူ့ကို ဓာတ်ပုံရိုက်ကူးပေးခဲ့တာကတော့ အသက် ၉ နှစ်အရွယ်သာရှိသေးတဲ့ ရှန်ဟိုင်းဓာတ်ပုံဆရာမလေး ကျုံရှန်ယွီပါ။ တိုနီလျန်နဲ့ ဓာတ်ပုံရိုက်ကွင်းကပုံတချို့ကို ကျုံရှန်ယွီက သူ့ရဲ့Weibo အကောင့်မှာ မျှဝေခဲ့တာပါ။

ဖော်လိုဝါ ၃ သိန်းကျော်ရှိတဲ့ Shengsheng ဆိုတဲ့အကောင့်မှာ ပုံတွေနဲ့အတူ အခုလို ရေးသားခဲ့ပါသေးတယ်။ “ရိုက်ကွင်းမှာ တိုနီလျန်ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ သူက တကယ်ကို နူးညံ့ပြီး ချစ်ဖို့ကောင်းတယ်”တဲ့။ ရှန်ရှန်က ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ရဲ့အပြန်အလှန်ဆက်ဆံရေးကို မြင်တွေ့ခဲ့ရပါတယ်။

တိုနီလျန်နဲ့ ရှန်ရှန်တို့ စတွေ့တွေ့ချင်း လက်ဆွဲနှုတ်မဆက်ခင် ခေါင်းငုတ်ပြီး ယဉ်ကျေးစွာနှုတ်ဆက်ခဲ့ပါတယ်။ တိုနီလျန်ကို ဓာတ်ပုံရိုက်တဲ့အချိန်ဘယ်နေရာမှာ ရပ်ပြီး ဘယ်လို Pose ပေးရမလဲဆိုတာလည်း ရှန်ရှန်က ပြောပေးခဲ့တာပါ။

ရှန်ရှန်က အသက်ငယ်ပေမဲ့လည်း Street Fashion ဓာတ်ပုံဆရာတစ်ယောက်အဖြစ် နာမည်တစ်နေရာရာအောင်လုပ်နိုင်ခဲ့ပါတယ်။ အသက် ၅ နှစ်မှာ သူ့အဖေ ကြော်ငြာဓာတ်ပုံဆရာဆီကနေ ဓာတ်ပုံပညာရပ်ကို ရယူခဲ့ပြီး လမ်းမထက်မှာ အဆိုတော်နာနာလု့ယန်ရဲ့ Snap ပုံတွေကို ရိုက်ကူးပြီးနောက် ၁ နှစ်အကြာမှာ နာမည်ရလာခဲ့ပါတယ်။


နှစ်များစွာအတွင်း ရှန်ရှန်ဟာ မင်းသားအန်ဒီလု၊ မင်းသမီး ကျိုး ရွှင့်၊ မင်းသမီးကျိုးတုံယွီ၊ အဆိုတော်ဂျူလီယန် ချောင်၊ မင်းသား အက်ဒီပန်နဲ့ ဟောလိဝုဒ်မင်းသား ဂျေဆင် မိုမိုအာ အပါအဝင် A စာရင်းဝင်အနုပညာရှင်တွေကို ဓာတ်ပုံရိုက်ပေးခဲ့ပြီးပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။