ဩကာသကာရကအမည်ရှင်များအကြောင်း

Astrology
ဩကာသကာရကအမည်ရှင်များအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဩကာသကာရကအမည်ရှင်များအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဩကာသကာရကအမည်ရှင်များအကြောင်း

နာမည်ကိုသိရုံနှင့်် စိတ်ဓါတ်ကို သိရှိနိုင်မယ့်တွက်နည်း - Wedding Guide

တနင်္ဂနွေနံအစ + ရာဟုနံ အဆုံး အမည်များ ။ဥပမာအားဖြင့် … အောင်မင်းရွှေ ၊ အေးအေးရီ၊ အေးမြတ်ရည်၊ အိအိရွှေ စသည် ။

တနင်္လာနံအစ + သောကြာနံအဆုံး အမည်များ ။ ဥပမာအားဖြင့် …ကျော်သိန်း ၊ ခင်မာသန်း ၊ ချမ်းငြိမ်းသော် ၊ ငြိမ်းမြင့်သောင်း စသည် ။

အင်္ဂါနံအစ + တနင်္ဂနွေနံအဆုံး အမည်များ ။
ဥပမာအားဖြင့် …. ဆွေဆွေဦး ၊ စန်းစန်းအေး ၊ စိုးအောင် ၊ ဇော်မင်းဦး စသည် ။

ဗုဒ္ဓဟူးနံအစ + တနင်္လာနံအဆုံး အမည်များ ။
ဥပမာအားဖြင့် ..ယင်းမာချို ၊ ယဉ်ယဉ်ခိုင် ၊ ယုယုကြည် ၊ ၀င်းကို ၊ လင်းအောင်ခိုင် စသည် ။

ကြာသပတေးနံအစ + ဗုဒ္ဓဟူးနံအဆုံးအမည်များ ။ ဥပမာအားဖြင့် ..မြင့်ဝေ ၊ မိုးမိုးလွင်၊ မျိုးသန့်၀င်း ၊ မျိုးမျိုးယု …စသည်

သောကြာနံအစ + ကြာသပတေးနံအဆုံးအမည်များ ။ ဥပမာအားဖြင့် …သန်းမြင့် ၊ သိန်းမောင် ၊ သန်းသန်းမိုး ၊ သီရိမြိုင်…စသည် ။

စနေနံအစ + အင်္ဂါနံအဆုံး အမည်များ ။
ဥပမာအားဖြင့် …တင်တင်ဇော် ၊ ထွန်းမြတ်ဆွေ ၊ နိုင်ဇေ ၊ နီလာဆွေ စသည် ။

ရာဟုနံအစ + စနေနံ အဆုံးအမည်များ ။
ဥပမာအားဖြင့် … ရွှေတိုး ၊ ရှင်းသန့်ထွန်း ၊ ရွှေသဇင်ဌေး ၊ ရဲမြတ်ထိုက် ..စသည် ။

အထက်ပါကဲ့သို့သော မှည့်ခေါ်ထားသည့် အမည်ရှင်များအားလုံးကို “ဩကာသကာရက အမည်”ရှင်များလို့ ခေါ်ဆိုပါတယ် ။

ဒီအမည်ရှင်တွေဟာဘ၀မှာ

နေရာဆိုတာကို သိပ်စိတ်၀င်စားကြသူတွေပါ ။
ဘယ်မှာနေရမလဲ…. ???
ဘယ်လိုနေရမလဲ …???
ဘယ်လိုအနေအထားမျိုး နေရမလဲ…???
ဘယ်လို ပြင်ဆင်နေရာချထားမလဲ….???
ဘယ်ဌာနမှာ တာ၀န်ထမ်းဆောင်ရမလဲ ….???
စသည်ဖြင့် စိတ်၀င်စား ကိုင်းညွတ်နေတတ်ကြသူတွေပါပဲ ။

အားသာချက်ကတော့….

ကံကောင်းချိန်တွေမှာ….အထောက်အပံ့ကောင်းတွေရမယ် ။အားကိုးအားထားကောင်းတွေရမယ် ။နေရာကောင်းရမယ် ။နေရာပေးခံရမယ် ။
အတောမသတ်နိုင်သော ကောင်းကျိုးတွေ ဆက်တိုက် မပြီးနိုင်အောင် ခံစားရပါမယ် ။
ကိုယ်ဘာလုပ်လုပ် ကိုယ့်နောက်ကွယ်က ထောက်ခံအားပေးမှုတွေ ကြုံလာမယ် ။
ကိုယ်နေချင်တဲ့ ပုံစံမျိုးနဲ့ စိတ်တိုင်းကျ နေခွင့်ရပါမယ် ။

အားနဲချက်ကတော့…

ကံဆိုးချိန်တွေမှာ…မနေချင်တဲ့နေရာမှာ စိတ်ပင်ပန်းစွာ ကာလရှည်ကြာနေရပါမယ် ။
အားကိုးရာမဲ့ ဖြစ်မယ် ။နေရာပေးမခံရပဲ ဖယ်ရှားခံရပါမယ် ။မပြီးနိုင်မဆုံးနိုင် အရစ်ရှည်နေမယ့် ဒုက္ခမျိုးတွေ ပုံကျလာပါမယ် ။မကောင်းတာကို ချောက်တွန်း ချောက်ချပေးမယ့် လူတွေရဲ့ စကားကို ယုံစားမိပါမယ် ။
ကိုယ်နေချင်တဲ့ ပုံစံမျိုးနဲ့ တစ်ခြားစီဖြစ်နေတဲ့ ဘ၀မျိုးထဲမှာ ပိတ်မိသွားပါမယ် ။

အနှစ်ချုပ်

နာတာရှည် ရောဂါ ခံစားရတတ်သော အမည်ရှင်တွေပါ ။
ရောဂါတစ်ခုခု အစပျိုးလိုက်တာနဲ့ ချက်ချင်းအမြစ်ဖြတ် ကုသရန်ခက်ခဲပြီး ကာလရှည်ကြာ ဆေးကုသမှု ခံရတတ်ပါတယ်။

ဒီအမည်ရှင်တွေသည် သူတစ်ပါးကို နေရာကောင်းစွာပေးတတ်ရပါမယ် ။ ဒါမှသာလျင် ကိုယ်တိုင်လည်း ဘ၀မှာ နေရာပေးခံရပါမယ် ။သူတစ်ပါးကို စိတ်ရင်းစေတနာကောင်းနဲ့ ထောက်ပံ့မိဖို့ လိုပါတယ် ။ ဒါမှသာလျှင် ကိုယ်သည်လည်း အထောက်အပံ့ ကောင်းကံများပွင့်လန်းလာမှာ ဖြစ်ပါတယ် ။

သူတစ်ပါးကို ချောက်မတွန်းအပ်မကောင်းမှုပြုသူကိုလည်း မထောက်ခံအပ်ပါ ။
လုပ်မိလိုက်တာနဲ့ ကိုယ့်ကံမှာလည်း ချက်ချင်းညှိးမှိန်လွယ်စေပါတယ် ။

ဗုဒ္ဓဘာသာ၀င်များဖြစ်ခဲ့မယ်ဆိုရင်တော့ နေအိမ်ဘုရားမှာ ပလ္လင်ကို ကောင်းကောင်း ကောင်းနိုင်သမျှ ပူဇော်ထားသင့်လှပါတယ် ။

သိမ် ၊ ကျောင်း ဇရပ် ဆောက်လုပ်ခြင်း ၊ညောင်ထောက်ခြင်း ၊လမ်း ၊ တံတားပြင်ခြင်း ၊ ဆောက်လုပ်ခြင်းကုသိုလ်တွေဟာဒီအမည်ရှင်တွေရဲ့ အသက်သွေးကြော ကုသိုလ်တော်တွေပါပဲ ခင်ဗျား ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။