Tarot- နာနာဘာဝတွေက ဘာတွေသတိပေးချင်နေလဲ

Astrology

Tarot- နာနာဘာဝတွေက ဘာတွေသတိပေးချင်နေလဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာနာဘာဝတွေက ဘာတွေသတိပေးချင်နေလဲ ဆိုတဲ့ Tarot ဗေဒင်လေးပဲ ဖြစ်ပါတယ်။

ကိုယ့်စိတ်ထဲက သဘောအကျဆုံးလို့ခံစားရတဲ့ ပုံလေးကိုရွေးလိုက်ပါ

Pile ~ 1 

Pile ~ 2 

Pile ~ 3 

 

 

 

Pile ~ 1
.
လူတွေကို အယုံလွယ်နေတာတွေကိုရှောင်ပါ…သူတို့က မင်းကို ဒုက္ခရောက်စေလိမ့်မယ်… ။ နောက်ပြီး ဘာလုပ်လုပ် စိတ်ကိုအေးအေးထားပြီးလုပ်….ဒေါသကိုလျော့ပါ….။ ကိုယ့်ကိုယ်ကိုတည်ငြိမ်တယ်လို့ မင်းထင်နေရင်တောင် မင်းရဲ့စိတ်က မတည်ငြိမ်သေးဘူးဆိုလက်ခံပါ ။ ဘာမှတွေဝေမနေနဲ့ မင်းစိတ်ကူးထားတဲ့အရာတွေက ဖြစ်လာလိမ့်မယ် ။ အဲ့တာအတွက်အရမ်းစိတ်ခုမနေနဲ့.. ။ အချစ်ရေးကြောင့် စိတ်ညစ်နေလား ခဏပစ်ထားပြီး… ကိုယ့်ကိုယ်ကို အနားပေးအုံး…။ လူတွေကို သည်းခံပြီးပေါင်းနော်… သူတို့ကခဏတာမင်းစိတ်ကိုဝင်နှောက်တာမို့လို့ ။ သူတို့နဲ့ပတ်သက်ပြီးစိတ်ထဲမထားနဲ့ ။ အဓိက ပြောချင်တာကတော့ လူတွေကိုဘယ်လိုနည်းနဲ့မှမယုံနဲ့…. ငွေကြောင့်ဆိုရင်တော့ပိုသတိထားနော်……အချစ်ရေးကလဲမပါမဖြစ်ပေါ့။

Pile ~ 2

ဘာတွေကို အဲ့လောက်တွေဝေနေတာလဲ… ။ ဘာမှ ဗျာများမနေနဲ့ ။ ဘာဘဲလုပ်လုပ် ဒေါသကိုရှေ့မှာမထားနဲ့ ။ စိတ်ကိုလျော့.. ။ မင်းကိုတော့ဘာမှထွေထွေထူးထူး သတိပေးစရာတော့မရှိပါဘူး… ။ ဒါပေမယ့် အရမ်းအပျော်အပါးတွေဘက်ကိုမရောက်စေနဲ့ ။ မင်းနဲ့ ပေါင်းတဲ့ သူထဲက တချို့က. အပေါ်ယံတွေနော်… သတိထားပေါင်း ။ သူတို့လိုနေသေးတဲ့အချိန်မို့ အခုက အဆင်ပြေကောင်းပြေနေအုံးမယ်… ။ သူတို့စိတ်က(မျောက်စိတ်) ပြောမရတာမလို့ သတိထားပါ။ နိုင်ငံခြားသွားဖို့ စဥ်းစားနေရင်တော့ကောင်းပါတယ်… သွားလိုက်ပါ… အကူအညီကောင်းတွေနဲ့ အခွင့်အရေးတွေက မင်းကိုစောင့်နေတယ် ။ အော်ဒါနဲ့ မင်းအနားမှာ ငါတို့အမြဲရှိတယ်သိလား…ငါတို့ကကြောက်စရာမကောင်းပါဘူး…. မင်းနားကသူတွေကသာငါတို့ထက်ကြောက်ဖို့ကောင်းတာ…..

Pile ~ 3 ~

မင်းကလူငယ်တစ်ယောက်ဆိုရင် အနာဂတ်အတွက် လမ်းပျောက်နေလိမ့်မယ်… ပညာရေးကြောင့်ဘဲ ဖြစ်မှာ…။ လက်ရှိမှာ ကိုယ်လုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး စိတ်က ဖြောင့်မနေဘူး ။ ညဘက်မင်းအိပ်နေရင်တောင် အနာဂတ်အကြောင်းကို အမြဲလိုလိုတွေးဖြစ်နေတယ်မလား ။ တခါတလေကျရင် လက်ရှိမှာမင်းကြုံနေရတာတွေကို စိတ်ပျက်နေလိမ့်မယ် ။ မင်းကအတွေးမလွန်ဘူး… အလွန်တွေးနေတက်တဲ့သူ…. ။ rs ရှိရင်လဲ သူ့အပေါ်ကိုမယုံတာမျိုးထက် လိုက်ပြီးတွေးနေတက်တယ် ။ တစ်ခုခုလုပ်ရင်လဲ ဆုံးဖြတ်ချက်ချဖို့ကို ချီတုံချတုံ ဖြစ်ပြီးမှ ဆုံးဖြတ်ချက်ချတက်တယ် ။ ညဘက် မင်းအိပ်နေတဲ့အချိန်တိုင်း မင်းကိုလာလာကြည့်ဖြစ်တယ် ။ မင်းပုံစံက အပြင်ပိုင်းမှာပြည့်စုံတယ်ထင်ရပေမယ့် စိတ်က တစ်ခုခုလိုနေသေးတယ် ။

ရေးသားသူ –𝐑𝐢𝐨 𝐓𝐚𝐫𝐨𝐭

မိုးနတ်မင်း ပရိသတ်ကြီးလည်း ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။