သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်တပ်က သံချပ်ကာကား ၂ စီး အပါအဝင် စစ်ကား ၁၀ စီးဖြင့် ဝင်ရောက်ပစ်ခတ်

Local News

သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်တပ်က သံချပ်ကာကား ၂ စီး အပါအဝင် စစ်ကား ၁၀ စီးဖြင့် ဝင်ရောက်ပစ်ခတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်တပ်က သံချပ်ကာကား ၂ စီး အပါအဝင် စစ်ကား ၁၀ စီးဖြင့် ဝင်ရောက်ပစ်ခတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်တပ်က သံချပ်ကာကား ၂ စီး အပါ အဝင် စစ်ကား၁၀ စီးဖြင့် ယနေ့ နံနက်ပိုင်း စစ်တပ်က ဝင်ရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဝင်းစိန်ကျေးရွာဘက်သို့ သံချပ်ကာ ကား ၂ စီး အပါအဝင် စစ်ကား၁၀ စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ် ကြောင်း၊ ကျေးရွာတွင် လက်ရှိ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများ မသိရှိရသေးကြောင်း ဒေသခံများက ဆိုကြသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ဝင်းစိန်ကျေးရွာကို လာရောက်ပစ်ခတ်သွားသည့် သံချပ်ကာ ကားနှင့်စစ်ကားများ။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ် ရင်း မှူးဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်သား ၃ သုံးဦး ပစ်ခတ်ခံရ၍ thay ဆုံးပြီးနောက် စစ်တပ်ဘက်က ကျေးရွာများကို ပစ် မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။