မြန်မာကျောက်မျက်ပညာရှင် ဖော်ထုတ်နိုင်ခဲ့တဲ့ မိုးကုတ်ဒေသထွက် ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်း

Local News
မြန်မာကျောက်မျက်ပညာရှင် ဖော်ထုတ်နိုင်ခဲ့တဲ့ မိုးကုတ်ဒေသထွက် ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာကျောက်မျက်ပညာရှင် ဖော်ထုတ်နိုင်ခဲ့တဲ့ မိုးကုတ်ဒေသထွက် ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာကျောက်မျက်ပညာရှင် ဖော်ထုတ်နိုင်ခဲ့တဲ့ မိုးကုတ်ဒေသထွက် ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်း

နိုင်ငံတကာကျောက်မျက်အဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာပေါ်မှာ တွင်းထွက်ပစ္စည်း ၆၀၀၀ ဝန်းကျင်ရှိတဲ့အနက် ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်းလို့ သတ်မှတ်ခံရတာတော့ ကျော်သူအိုက် (Kyawthuite)လို့ အမည်ရတဲ့ တွင်းထွက်ပါပဲ။ ၁.၆၁ ကာရက်ပဲ ရှိတဲ့ လိမ္မော်ရင့်ရောင် သလင်းကျောက်ကို မိုးကုတ်မြို့ ချောင်းကြီးချိုင့်ဝှမ်းထဲကနေ ပတ္တမြားတူးသူတွေက တွေ့ရှိခဲ့တာဖြစ်ပြီး ရှားပါးတွင်းထွက်မှန်း မသိခဲ့ကြပါဘူး။

၂၀၁၀ ပြည့်နှစ်မှာတော့ အဲဒီရှားပါးတွင်းထွက်ကို မြန်မာ့ကျောက်မျက်ပညာရှင် ဒေါက်တာကျော်သူက ကျောက်မျက်ဈေးကနေ ဝယ်ယူခဲ့ပြီး ထူးခြားမှုကို သိရှိခဲ့လို့ အမေရိကန်နိုင်ငံက ကျောက်မျက်ပညာရှင်တွေနဲ့ တွဲဖက်ကာ တွင်းထွက်ပစ္စည်း အမျိုးအစားသစ်အဖြစ် နိုင်ငံတကာကျောက်မျက်အဖွဲ့ရဲ့ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာကျောက်မျက်အဖွဲ့က ကျော်သူအိုက် (Kyawthuite)ကို တွင်းထွက်ပစ္စည်းသစ်အဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။


ကျော်သူအိုက် တွင်းထွက်ပစ္စည်းရဲ့ ဓာတ်ဖွဲ့စည်းပုံကတော့ Bi3+Sb5+O4 ပါ။ ရေရဲ့သိပ်သည်းဆထက် ၈ ဆပိုများလို့ အရွယ်အစားသေးငယ်ပေမဲ့ အလေးချိန်စီးပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲ တွေ့ရသေးတဲ့ တွင်းထွက်ပစ္စည်းဖြစ်လို့ တန်ဖိုးသတ်မှတ်နိုင်ခြင်းတော့ မရှိသေးပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။