အိမ်မီးရှို့ခံလိုက်ရပြီးမှ ယခင်က စစ်တပ်ကို ခွေးနှင့်နှိုင်းလျှင် မခံမရပ်နိုင်ခဲ့သော်လည်း ယခုမူ စစ်တပ်သည် ခွေးထက်ပို၍ ဆိုးရွားတယ်လို့ဝန်ခံလိုက်တဲ့ စစ်တပ်ထောက်ခံသူ၊ ကြံ့ဖွတ်ပါတီဘက်တော်သား ကိုဇော်လင်း

Local News

အိမ်မီးရှို့ခံလိုက်ရပြီးမှ ယခင်က စစ်တပ်ကို ခွေးနှင့်နှိုင်းလျှင် မခံမရပ်နိုင်ခဲ့သော်လည်း ယခုမူ စစ်တပ်သည် ခွေးထက်ပို၍ ဆိုးရွားတယ်လို့ဝန်ခံလိုက်တဲ့ စစ်တပ်ထောက်ခံသူ၊ ကြံ့ဖွတ်ပါတီဘက်တော်သား ကိုဇော်လင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်မီးရှို့ခံလိုက်ရပြီးမှ ယခင်က စစ်တပ်ကို ခွေးနှင့်နှိုင်းလျှင် မခံမရပ်နိုင်ခဲ့သော်လည်း ယခုမူ စစ်တပ်သည် ခွေးထက်ပို၍ ဆိုးရွားတယ်လို့ဝန်ခံလိုက်တဲ့ စစ်တပ်ထောက်ခံသူ၊ ကြံ့ဖွတ်ပါတီဘက်တော်သား ကိုဇော်လင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းရွာမှ စစ်တပ်ထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီအတွက် အလုပ်လုပ်ပေးခဲ့သူ ကိုဇော်လင်း၏ နေအိမ်ကို စစ်တပ်က မီးရှို့သွားသဖြင့် နေစရာမရှိတော့ဘဲ ဒုက္ခရောက်နေရကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ဗီဒီယိုပေးပို့ပြောဆိုလာသည်။


ယခင်က စစ်တပ်ကို ခွေးနှင့်နှိုင်းလျှင် မခံမရပ်နိုင်ဖြစ်ခဲ့ရသော်လည်း ယခုတွင်မူ စစ်တပ်သည် ခွေးထက်ပို၍ ပင် ဆိုးဝါးကြောင်း၊ လာဖမ်းလျှင် ခံမည်ဖြစ် ကြောင်း ကိုဇော်လင်းက ဗီဒီယိုတွင် ပြောဆိုထားသည်။


ဇူလိုင်လ ၃ ရက်နေ့က ဝက်လက်မြို့နယ်၊ မင်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က မင်းရွာတစ်ရွာလုံးကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်။


ရန်ကုန်ခေတ်သစ်ရဲ့လူမှုကွန်ယက်မှာလဲ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများမှ
သင်ခန်းစာလို့မှတ်စစ်ဖြစ်ပီဆိုနီနီစိမ်းစိမ်းအားလုံးခံရမှာပဲစစ်မီးမမွှေးမိဖို့အရေးကြီးတယ်စစ်ဖြစ်တော့မှကျွန်တော်ကအနီပါအစိမ်းပါသွားမအော်နဲ့သမ ခံရမယ်သဘောပေါက်


ကိုယ်ချင်းစာ နာခဲ့ရပြီလေး သူများ ခံခဲ့တုန်းက ဝမ်းသာနေတဲ့မျက်နှာခုတော့ဘယ်လိုပြောရမှန်းတောင်သိတော့ဖူးဟေး
စသည်ဖြင့် မှတ်ချက်များပေးထားကြသည်ကိုလဲ တွေ့ရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။