နှင်းမုန်တိုင်းတိုက်နေချိန် အသက်ကယ်ပေးခဲ့တဲ့ စုံတွဲ အံ့အားသင့်စရာ ဂုဏ်ပြုလက်ဆောင်တွေ ရရှိ

International News Local News
နှင်းမုန်တိုင်းတိုက်နေချိန် အသက်ကယ်ပေးခဲ့တဲ့ စုံတွဲ အံ့အားသင့်စရာ ဂုဏ်ပြုလက်ဆောင်တွေ ရရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှင်းမုန်တိုင်းတိုက်နေချိန် အသက်ကယ်ပေးခဲ့တဲ့ စုံတွဲ အံ့အားသင့်စရာ ဂုဏ်ပြုလက်ဆောင်တွေ ရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှင်းမုန်တိုင်းတိုက်နေချိန် အသက်ကယ်ပေးခဲ့တဲ့ စုံတွဲ အံ့အားသင့်စရာ ဂုဏ်ပြုလက်ဆောင်တွေ ရရှိ

နှင်းမုန်တိုင်းတိုက်ချိန်မှာ မသန်စွမ်းအမျိုးသားတစ်ယောက်ကို အသက်ကယ်ပေးခဲ့တဲ့ စုံတွဲကို NFL က Super Bowl ပွဲကြည့်ခွင့်လက်မှတ်တွေ လက်ဆောင်ပေးခဲ့ပါတယ်။ ခရစ္စမတ်ညက နှင်းမုန်တိုင်းတိုက်နေတုန်း အိမ်အပြင်ဘက်မှာ လူတစ်ယောက် အကူအညီတောင်းနေတဲ့အသံကို အောက်ထရီက ကြားခဲ့တာပါ။

အောက်ထရီတို့ စုံတွဲဟာ အသက် ၆၄ နှစ်အရွယ် မသန်စွမ်းအမျိုးသား ဂျိုးဝှိုက်ကို သူတို့အိမ်ထဲ ခေါ်ပြီး ရေနွေးနဲ့ ရေချိုးပေးကာ နှင်းကိုက်ဝေဒနာကို ကုသပေးဖို့ ကြိုးစားခဲ့ပါတယ်။ အရေးပေါ်အဖွဲ့ကို ဖုန်းဆက်လို့မရတဲ့နောက်မှာတော့ အောက်ထရီတို့က ဖေ့ဘွတ်ခ်မှာ Live လွှင့်ပြီး ဂျိုးဝှိုက်အတွက် အကူအညီတောင်းခဲ့ပါတယ်။

စိတ်ကောင်းစေတနာရှိသူတွေက အောက်ထရီရဲ့ Live ကို တွေ့ပြီး ဂျိုးဝှိုက်ကို ဆေးရုံပို့ဖို့ ကူညီပေးခဲ့တာပါ။ ဂျိုးဝှိုက်ဟာ နှင်းကိုက်ဝေဒနာကြောင့် လက်ချောင်းတွေဖြတ်ရမယ့် အခြေအနေကနေ ဆေးရုံမှာ ပြန်သက်သာလာခဲ့ပါတယ်။

အောက်ထရီတို့စုံတွဲရဲ့ လုပ်ရပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ NFL က ဒီတစ်ပတ် တနင်္ဂနွေနေ့ကျရင် အရီဇိုးနားပြည်နယ်မှာ ကစားမယ့် Super Bowl ပွဲစဉ် လက်မှတ် ၂ စောင် လက်ဆောင်ပေးခဲ့ပြီး ဒယ်တာလေကြောင်းလိုင်းက သူတို့ကို အခမဲ့ပို့ဆောင်ပေးမှာပါ။ ဒါ့အပြင် JetBlue နဲ့ The Vacationeer တို့ကလည်း အောက်ထရီတို့ စုံတွဲရဲ့ ကလေးတွေအတွက် Disney World မှာ ၄ ရက်ကြာ အခမဲ့လည်ပတ်ခွင့် ပေးခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။