အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ဖို့ တိုက်တွန်းပြောဆိုထားတဲ့ အသက် ၇၁ နှစ်အရွယ် DJ သမား

International News
အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ဖို့ တိုက်တွန်းပြောဆိုထားတဲ့ အသက် ၇၁ နှစ်အရွယ် DJ သမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ဖို့ တိုက်တွန်းပြောဆိုထားတဲ့ အသက် ၇၁ နှစ်အရွယ် DJ သမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ဖို့ တိုက်တွန်းပြောဆိုထားတဲ့ အသက် ၇၁ နှစ်အရွယ် DJ သမား

ဘရိုင်ယန်ဖီးနစ်ဟာ အသက် ၇၁ နှစ်အရွယ်ရောက်နေတာတောင် DJ သမားအဖြစ်ကနေ အနားမယူသေးပါဘူး။ DJ သမားဖြစ်ခဲ့တာ ဆယ်စုနှစ် ၄ ခုရှိနေပါပြီ။ ဒါပေမဲ့ အခုလမှာ မင်္ဂလာဆောင်ပွဲတစ်ခုမှာ DJ တီးပေးနေတဲ့ သူရဲ့ဗီဒီယိုကို မီရန်ဒါ ဒိုလ် ဆိုသူက TikTok မှာ တင်ခဲ့ပြီးနောက် လူသိများသွားခဲ့ပါတယ်။ ဗီဒီယို Caption မှာ “မင်္ဂလာဆောင်ကို သွားခဲ့ပြီး ဂီတအားလုံးအတွက် သူ့ရဲ့CD Collection ကို အသုံးပြုခဲ့တဲ့ ချစ်စရာအကောင်းဆုံး DJ သမားရှိခဲ့တယ်”လို့ ရေးထားတာပါ။

ဒီဗီဒီယိုနာမည်ကြီးသွားပြီးတဲ့နောက်မှာ ဘရိုင်ယန်နဲ့မီရန်ဒါတို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ ဘရိုင်ယန်က အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ဖို့ လူတိုင်းကို တိုက်တွန်းစကားပြောထားပါတယ်။ “လူအသိုင်းအဝိုင်းကို မင်းက အသက်ကြီးပြီလို့ ပြောခွင့်မပြုပါနဲ့။ မတရားပြောဆိုတာခံရမယ်။ ဒါပေမဲ့ သူတို့ရဲ့အမြင်၊ ပြောဆိုတာတွေဂရုမစိုက်ပါနဲ့။ မင်း အလိုရှိသရွေ့ ဒါကို လုပ်ပါ။ မင်း အသက်ကြီးလာရင် မင်း လုပ်နေတဲ့အရာကို ကြိုက်နေသေးရင် လုပ်လို့ရပါတယ်”လို့ ဘရိုင်ယန်က ဆိုပါတယ်။

ဘရိုင်ယန်ဟာ ငယ်ငယ်လေးကတည်းက DJ သမားဖြစ်ချင်ခဲ့တာပါ။ ဒါက သူ့ရဲ့အိပ်မက်တစ်ခုလုံး၊ သူ့ဘဝတစ်ခုလုံးပါ။ ၆ တန်းနှစ်က သူ့ရဲ့အိမ်ဖုန်းကို ခေါ်ပြီး သီချင်းတောင်းဆိုတဲ့ သူငယ်ချင်းတွေတောင်ရှိခဲ့ပါတယ်။ အခုခေတ်မှာတော့ ဘရိုင်ယန်က သူ့ရဲ့ကွန်ပျူတာနဲ့ များပြားလှတဲ့ CD collection တွေကို အဓိကအသုံးပြုပြီး မင်္ဂလာပွဲတွေမှာ တစ်ပတ်ကို တစ်ကြိမ်လောက် DJ တီးပါတယ်။

အိပ်မက်နောက်လိုက်ဖို့လည်း ဘရိုင်ယန်က ပြောထားပါတယ်။ “မင်းတို့ရဲ့အိပ်မက်က ဘာပဲဖြစ်ဖြစ် မလုပ်နိုင်ပါဘူးဆိုတဲ့ အခြားသူတွေရဲ့ပြောဆိုလွှမ်းမိုးမှုကို မခံပါနဲ့။ ဖြစ်အောင်လုပ်ပါ”တဲ့။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။